Zawgyi #
Xiao Zhan တစ်ယောက်ရိုက်ကွင်းရောက်ကတည်းကဟိုလူ့ကိုအော်လိုက်ဒီလူ့ကိုအော်လိုက်ဖြင့်အလိုမကျဖြစ်လို့နေသည်။အမြဲစိတ်ရှည်ကာသဘောကောင်းကြင်နာတတ်သည်ဆိုသောလက်ထောက်ဒါရိုက်တာစိတ်တိုကာဒေါသထွက်နေသည်ကိုထူးထူးခြားခြားမြင်နေရသည်မို့ ရိုက်ကွင်းတစ်ခုလုံးရှိဝန်ထမ်း အားလုံး အံ့အားသင့်နေကြသည်။
ရိုက်ကွင်းထဲရှိ မီးရောင်အောက် တွင်ပါဝင်သည့်သူများ အစမ်းလေ့ကျင့်ထားတုန်းက အဆင်ပြေပြေပင်။ တကယ့်ကင်မရာဖြင့်ရိုက်သည့်အခါကျမှ
Xiao Zhan >> ကဒ် ကဒ် အဆင်မပြေဘူး ပြန်ရိုက်မယ်
ဟာ .... ဒီလိုမဟုတ်ဖူးလေ ..... ၀မ်းနည်းရမှာလေ ကိုယ့်ချစ်သူကို ကိုယ်ရှေ့မှာ ဆုံးရှုံးရတာလေ ဒီထက်ပိုခံစားရမှာ ...... လိုနေသေးတယ် ... မီးက ဒီဘက်ကို ပိုထိုးရမှာလေ ဒါမှ သဘာဝပိုကျမှာပေါ့ ...
တော်ပြီ ခဏဘရိတ် .... အကုန်နားမယ် နားချိန်မှာ ဇာတ်ညွှန်းကိုသေချာပြန်ဖတ်ပြီး လေ့ကျင့်ထား
Xiao Zhan စိတ်တိုင်းမကျသဖြင့် သရုပ်ဆောင်များကိုရော အခြားရိုက်ကူးရေးဝန်ထမ်းများကိုပါ မအော်ချင်ဘဲအော်မိကာ စိတ်တိုတိုဖြင့် ဇာတ်ညွှန်းစာအုပ်ကို ပစ်ချပြီး ရိုက်ကွင်းနေရာမှထွက်လာ၍ လူရှင်းတဲ့နေရာမှာ တစ်ယောက်တည်း ရပ်နေမိသည်။ တကယ်ဆိုဒါတွေရှိတယ်ဆိုတာ သိနေသည်ဘဲ။ Yibo အရင်ကလည်း မင်းသမီးတွေနဲ့အတူတွဲရိုက်ခဲ့တာဘဲ အခု မိန်းကလေးတစ်ယောက်နဲ့အတူပွဲအတူတက်ခဲ့ဆိုသော သတင်းလေးတစ်ခုကြောင့် ဘာလို့ဒီလိုဒေါသထွက် စိတ်တိုနေမှန်းမသိ။ စိတ်ညစ်စရာ ဒေါသထွက်စရာများရှိရင်တောင်မှ အမြဲအမူအရာကို ထိန်သိမ်းတတ်တဲ့ Xiao Zhan ကဘာလို့အမူအရာတွေ ပျက်ယွင်းပြီး ရိုက်ကွင်းမှ ပေါက်ကွဲနေမိမှန်း မိမိကိုယ်ကိုနားမလည်........
Xiao Zhan >> ငါဘာဖြစ်နေတာလဲ သူ့ကိုကြိုက်နေတာလား သ၀န်တိုနေမိတာလား ဒါကဘယ်လိုခံစားချက်ကြီးလဲ ဟားးးးး ရူးတော့မှာဘဲ ....... ငါမကြိုက်ဘူး သူ့ကငါ့ရဲ့ဂျူနီယာလေးဘဲလေ အခုလည်း လုပ်ဖော်ကိုင်ဖက် ... ဒါဆို . ....အရင်နေ့တွေက ငါတစ်ယောက်တည်း တဖက်သတ်ခံစားနေရတာလား........
YOU ARE READING
ကြယ်လေးရဲ့ကောင်းကင် / ကြယ်လေးရဲ့ကောင်းကင်Little Star's Sky
Fanfictionနေ့လည်ဘက်ကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ဘူး ဒါပေမဲ့ ကောင်းကင်မှာ ကြယ်တွေရှိနေတယ် အသက်ရှင်သန်ဖို့ရှုသွင်းဖို့ပတ်ဝန်းကျင်မှာ လေဆိုတာရှိတယ် မမြင်နိုင်သလို ဖမ်းဆုပ်ဖို့ခက်တယ် ခံစားလို့ရနိုင်တယ် မင်းနဲ့ကိုယ့်ရဲ့ကြားက အချစ်ဆိုတာ စကားလုံးတွေနဲ့အဓိပ္ပာယ်ဖ...