Zawgyi #
ကောင်လေးဒါကြောင့်မဟုတ်ဘူးမင်းကိုယ်တိုင်ကြိုးစားခဲ့လို့မင်းကဟိုးငယ်ငယ်ထဲကတောက်ပနေတဲ့ကြယ်ပွင့်လေးပါလာသွားရအောင်ဟင်းရည်အိုးကရခါနီးပြီခဏဘဲစောင့်
လက်ကိုပြန်ဆွဲပြီးခုံမှာထိုင်စေသည်။
Xiao Zhan ၏ သွယ်လျသောလက်ချောင်းရှည်ရှည်များဖြင့်ဟင်းတွေကိုတစ်ခွက်ပြီ်းတစ်ခွက်ပန်းကန်လှလှလေးတွေဖြင့်ထည့်ကာYibo အရှေ့ကိုချပေးနေလေသည်။
အနံ့များမှာမွှေးကြိုင်လွန်း၍ဗိုက်ကိုဆာလောင်စေသော်လည်းဟင်းများချက်ပြုတ်ပြင်ဆင်နေပုံက Yibo အတွက် ဆာလောင်နေမှုကိုမေ့ပျောက်စေလေသည်။
Xiao Zhan >> ကဲစားလို့ရပါပြီ ....
Yibo ပန်းကန်ထဲသို့တစ်ခုချင်းစီထည့်ပေးလို့နေသည်မှာဟင်းတွေအပြည့်အမောက်ဖြစ်လို့နေသည်။
တူကိုကိုင်ကာ စားရင်းဖြင့် Xiao Zhan ကို စိုက်ကြည့်ကာ
Yibo >> Ge ကြောင့်ကျွန်တော့်အိမ်တောင်မပြန်ချင်တော့ဘူး
ထမင်းစားနေသော Xiao Zhan သည် Yibo စကားကြောင့်သီးသွားလေသည်။
အဟွတ်အဟွတ်
Yibo >> ဘာဖြစ်တာလဲဖြေးဖြေးမစားဘူးရော့ရော့ရေသောက်လိုက်ဦး အသက်ဘဲကြီးလှပြီအစားကိုသေချာမစားဘူး
Yiboသည်အမြန်ပင် Xiao Zhan ကျောကိုပုတ်ပေးကာ ရေတစ်ခွက်ကို လက်ထဲထည့်ပေးရင်းပြောပြီးရီနေလသည်။
Yibo >> ကျွန်တော်ပြောချင်တာကအိမ်မှာဒီလိုထမင်းပူပူနွေးနွေးချက်ပြီးကာစကိုမစားဖူးတာကြာပြီကျွန်တော်အလယ်တန်းစတက်တော့ကျွန်တော်တို့မိသားစုBejing ကိုစပြောင်းလာတာလေအဲ့ကတည်းကမားမားရောပါးပါးပါမနက်မိုးလင်းတာနဲ့အလုပ်သွားကျတာချက်ထားပြီးသားတွေဘဲပြန်နွေးစားရတယ်လေပြီးတော့ကျွန်တော်ကိုရီးယားမှာလုပ်တုန်းကလည်းအိမ်ထမင်းအိမ်ဟင်းကောင်းကောင်းမစားရဘူးBody Buildment လုပ်လို့အစားအသောက်ထိန်းရတာတွေရှိတယ်
အခုGe ကျွေးတဲ့ထမင်းကတကယ်ကျွန်တော်တောင့်တနေတဲ့အိမ်ထမင်းဟင်းလေ အဲတာကြောင့်ပြောတာပါ
YOU ARE READING
ကြယ်လေးရဲ့ကောင်းကင် / ကြယ်လေးရဲ့ကောင်းကင်Little Star's Sky
Fanficနေ့လည်ဘက်ကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ဘူး ဒါပေမဲ့ ကောင်းကင်မှာ ကြယ်တွေရှိနေတယ် အသက်ရှင်သန်ဖို့ရှုသွင်းဖို့ပတ်ဝန်းကျင်မှာ လေဆိုတာရှိတယ် မမြင်နိုင်သလို ဖမ်းဆုပ်ဖို့ခက်တယ် ခံစားလို့ရနိုင်တယ် မင်းနဲ့ကိုယ့်ရဲ့ကြားက အချစ်ဆိုတာ စကားလုံးတွေနဲ့အဓိပ္ပာယ်ဖ...