Zawgyi #
Reader လေးတွေကိုတောင်းဆိုချင်တာလေးရှိပါတယ်
ဒီ fic လေးက yizhan fan fic ကို ပထမဆုံးစရေးမိတဲ့ fic လေးပါ မာ စရေးတဲ့အချိန်မှာ တခြား author လေးတွေရေးထားတာကိုလိုက်ဖတ်တာ အကြောင်းအရာတော်တော်စုံနေတာကိုတွေ့ရပါတယ် ။
ကျောင်းသား ဇာတ်လမ်း ၊ စီနီယာ ဂျူနီယာ ၊ ဆရာဝန်နဲ့ လူဆိုးလေး ၊ မာဖီးယားဇာတ်လမ်း ရှေးခေတ်ပုံစံတွေအများကြီးပေါ့။ fic ရေးချင်ပေမဲ့ ဇာတ်လမ်းကို ဘာရွေးရမယ်မသိဘဲနဲ့ real life ကိုအခြေခံထားတဲ့ပုံစံကို မင်းသားနဲ့မင်းသားမဟုတ်ဘဲ ၊ မင်းသားနဲ့ဒါရိုက်တာပုံစံလေးစရေးခဲ့ပါတယ်
Wp ကို မာ စသုံးတာ မနှစ်က ၂၀၁၉ ၈လပိုင်းကပေါ့ အရင်က ၀တ္ထုတို ၊ ကဗျာ တွေကို မဂ္ဂဇင်းမှာ ဝါသနာရှင် ကဏ္ဍနဲ့ပို့ပေးဖူးပေမဲ့ ၀တ္ထုရှည်ကိုရေးဖို့ ခက်ခဲခဲ့ပါတယ် ဒီ yizhan fan fic လေးကိုရေးနေရင်းနဲ့ Wp မှာပျောက်သွားတော့ အရမ်းဝမ်းနည်းသွားတာ wp group တွေမှာ ဟိုပြေးဒီပြေးလိုက်အကူအညီတောင်းရင်းနဲ့ သိလာရတဲ့ reader တွေ author တွေလည်းအများကြီးပါ အလုပ်တဖက်နဲ့ စာရေးရတော့ ဇာတ်လမ်းကထင်သလောက် ဇာတ်အိမ်မဖွဲ့နိုင်သလို မြန်မြန် update မလုပ်နိုင်တာက မာ့ရဲ့အားနည်းချက်ပေါ့ တပုဒ်ရေးနေရင်း သူများရေးထားတဲ့ ကိုလည်းသွားဖတ်ရင်း သားရေကျလာလိုက် ကိုယ်ရေးတာ ကိုယ်ပြန်ဖတ်ပြီး ၀မ်းနည်းလိုက်နဲ့အစုံပါဘဲ အခုတော့ little star YiZhan Fan Fic လေးပြီးပြီမို့One Step ဘက်ကို ပြန်ရေးပါ့မယ်
မာ readerလေးတွေဆီက အကြံဉာဏ်တောင်းချင်တာ နောက်ထပ် YiZhan Fan Fic လေးကိုရေးဖို့ idea လေးရှိနေပါတယ် ဘော်ဒီဂတ်နဲ့ အဆိုတော် ဇာတ်လမ်းလေးပါ readerလေးတွေထဲမှာ အဲလိုမျိုးဇာတ်လမ်းလေးဖတ်ဖူးတဲ့သူရှိရင်ပြောပါနော် မာ တခြားဇာတ်လမ်းပြောင်းရေးပါ့မယ်
မာက လောဘကြီးတော့ Own Creation လည်းရေးချင်တယ် YiZhan Fan Fic နဲ့ HunHan Fan Fic ကိုလည်းလက်မလွှတ်ချင်ဘူး ဖြစ်နေတယ်
ဒီ Little Star YiZhan Fan Fic လေးကိုဖတ်ပြီး ဇာတ်အိမ်မကောင်းတာ စာအရေးအသားမပြေပြစ်တာရှိရင်ပြောပေးပါဦးနော်
နောက်ပြီး 18 +အခန်းတွေဖတ်ရတာမကြိုက်ဘူးဆိုရင်လည်းပြောပါနော် နောက် Fan Fic တွေမှာ Sensor ဖြတ်ပါ့မယ်
YOU ARE READING
ကြယ်လေးရဲ့ကောင်းကင် / ကြယ်လေးရဲ့ကောင်းကင်Little Star's Sky
Fanfictionနေ့လည်ဘက်ကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ဘူး ဒါပေမဲ့ ကောင်းကင်မှာ ကြယ်တွေရှိနေတယ် အသက်ရှင်သန်ဖို့ရှုသွင်းဖို့ပတ်ဝန်းကျင်မှာ လေဆိုတာရှိတယ် မမြင်နိုင်သလို ဖမ်းဆုပ်ဖို့ခက်တယ် ခံစားလို့ရနိုင်တယ် မင်းနဲ့ကိုယ့်ရဲ့ကြားက အချစ်ဆိုတာ စကားလုံးတွေနဲ့အဓိပ္ပာယ်ဖ...