Star 10

1K 76 4
                                    

Zawgyi #

အချိန်တွေက တရွေ့ရွေ့ဖြင့် ကုမ္ပဏီမှာ လာရောက်ခေါ်ယူသမျှ အစီအစဉ် ရုပ်ရှင် သီချင်း show program မှန်သမျှတွင် ပါဝင်ရိုက်ကူးဖို့ရရန် Yibo မှာ စီစဉ်ပေးမည့် manager မရှိသည့်ကြားက ကိုယ်တိုင်တနေ့တာအစီအစဉ်ကိုဆွဲကာ လူတွေ့စစ်ဆေးခြင်းကိုသွားရောက်ဖြေဆိုခဲ့သည်။ Yibo ကြိုးစားမှုကို သတိထားမိသူမှာ Wang Han ဖြစ်ပြီး အစီအစဉ်တွင် host တစ်ယောက်အဖြစ် ပါဝင်ရန်ကမ်းလှမ်းခဲ့ပြီး လူတွေ့ဖြေဆိုရာမှ ထုတ်လုပ်သူလူကြီးများနှင့် အစီအစဉ်ဆွဲသူများအကြိုက်တွေ့ကာ host member ဖြစ်လာခဲ့သည်။ Yibo အစီအစဉ်စစချင်းတွင် စိမ်းသက်နေသော်လည်း ဟန်ဆောင်မှုကင်းသည့်အမူအရာနှင့် အကစွမ်းရည်တို့ကြောင့် အစီအစဉ်မှာ ကြည့်ရှုနှုန်းများလာသည်။

Wang Han Ge>> ဒီတခေါက် နယ်ဘက်ကိုအစီအစဉ်အတွက် ခရီးထွက်ရမှာ သိပြီးပြီလား

Yibo >> ဟုတ်လား ကျွန်တော် နောက်တစ်ပိုင်းအတွက် စာရွက်ကိုမကြည့်ရသေးဘူး ကောင်းတာပေါ့

Wang Han Ge >> အင်း အိမ်ပြန်ရောက်ရင်လိုတာတွေထည့်ထားဦး နောက်ပြီး အကအစီအစဉ်အသစ်အတွက် အကဲဖြတ်ဆရာတစ်ယောက် ခေါ်နေတယ် ကိုရီးယားမှာ trainee အတွေ့အကြုံတွေရှိတော့ trainer အဖြစ် လက်ခံပေးဖို့ငါဒါရိုက်တာကို ပြောပေးထားတယ် မင်းသွားတွေ့လိုက်ဦး

Yibo >> တကယ်လား ကျွန်တော် သွားတွေ့လိုက်ပါ့မယ် ကျေးဇူးတင်ပါတယ်

အစီအစဉ်တွင် ပါဝင်ခွင့်ရကတည်းက Wang Han မှာ Yibo ကိုအစအစအရာရာ အကုန်အကူအညီပေးခဲ့ပြီး အနုပညာနယ်ပယ်ဘက်တွင် Yibo အကိုကြီးတစ်ယောက်သဖွယ် အားထားရသူတစ်ယောက်ဖြစ်လေသည်။

Yibo >> ပန်းခင်းကြီးကလှလိုက်တာ အဝါရောင်ပင်လယ်ပြင်ကျယ်ကြီးနဲ့တူတယ်

Shooting Manager >> ဒါရိုက်တာကမေးနေတယ် ကျောပိုးအိတ် မင်းဆီမှာပါလာလား သူငယ်ချင်းတွေ အမှတ်မထင် ပြန်ဆုံတဲ့ပုံမျိုးတဲ့ ပေါ့ပေါ့ပါးပါးကောင်လေးလို ပြင်လာဖို့ပြောလိုက်တယ်

Yibo >> ကျွန်တော် စလွယ်သိုင်းအိတ်ဘဲပါလာတယ်

Shooting Manager >> နေဦး Staff တစ်ယောက်လောက် လာဦး ကျောပိုးအိတ်တစ်လုံး ဘယ်မှာရမလဲ Yibo ကိုရှာပေးလိုက်ပါ ဒီအနီးနားမှာ တစ်ယောက်ယောက်ဆီက ရနိုင်မရနိုင်မေးကြည့်

ကြယ်လေးရဲ့ကောင်းကင် / ကြယ်လေးရဲ့ကောင်းကင်Little Star's SkyWhere stories live. Discover now