Zawgyi #
ထိုနှစ်စာမေးပွဲအပြီး Yibo dancerတစ်ယောက်အဖြစ်ရပ်တည်ရန်ဆုံးဖြတ်လိုက်သည်။
Yibo >> မားသားဆုံးဖြတ်လိုက်ပြီသားကိုခွင့်ပြုပါပါးနဲ့သားရဲ့ကြားမှာမားကိုစိတ်ညစ်အောင်မလုပ်ချင်လို့မားကိုအမှန်အတိုင်းပြောတာ
Yibo's mar mar>> သားတကယ့်dancer အဖြစ်လုပ်ချင်တာသေချာလား
မားမှာသားတစ်ယောက်ဘဲရှိတာသားကိုဘယ်လောက်ချစ်လဲသားသိမှာပေါ့သားအရာရာကိုဘယ်လိုဆုံးလဲဆိုတာမားအလေးထားတယ် ပါးနဲ့မားဖြစ်စေချင်တဲ့ပုံစံခွက်ထဲမှာ သားစိတ်ပင်ပန်းနေရတာထက် သားကို ပျော်ရွှင်ရမယ့်ဘ၀မှာဘဲနေစေချင်တယ်
Yibo >> ကျေးဇူးပါမား
Yibo's Papa >> မင်းဘာတွေလျှောက်လုပ်နေတာလဲဘာလို့ခွင့်ပြုပေးလိုက်တာလဲကျောင်းကောင်းကောင်းမှာတက်ပြီးသူ့ဘ၀ကြီးအဆင်ပြေဖို့ Beijing ကိုပြောင်းခဲ့တာကွ ငါဘယ်လောက်ကြိုးစားခဲ့ရလဲမင်းသိရဲ့သားနဲ့
Yibo's mar mar>> ရှင်ဘယ်လောက်ကြိုးစားခဲ့ရလဲ ကျွန်မသိတယ် ဒါပေမဲ့ သားလေးပျော်လားမပျော်လားထည့်မတွက်ဘူးလားသူတစ်သက်လုံးစိတ်ဆင်းရဲပြီးနေသွားမှာကိုရှင်မြင်ရက်လား
Yibo's Papa >> ကောင်းပြီလေလုပ်ကြပေါ့ မင်းတို့သားအမိဆုံးဖြတ်တာကိုငါဘာမှမစွက်ဖက်တော့ဘူးဒါပေမဲ့တခုခုဆိုငါ့ကိုလာမတိုင်ပင်နဲ့ မင်းတို့ဘာသာနိုင်အောင်လုပ်
----
အခန်းထဲမှအသံတွေမှာကျယ်လွန်းလှသဖြင့်Yibo ပါးနှင့်မားပြောနေသည်ကို အတိုင်းသားကြားနေရသည်။
Yibo's thoughts ( စိတ်ချ ကျွန်တော်ဘယ်တော့မှ မရှုံးနိမ့်စေရဘူးပါး ကျွန်တော့်ဆုံးဖြတ်ချက်မှန်တယ်ဆိုတာပါးကို ကျွန်တော်လက်တွေ့ပြမယ် )
အံတင်းတင်းကြိတ်ပြီး စိတ်ထဲမှ အသေချာကြုံးဝါးလျှက် ဆယ့်လေးနှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ဆုံးဖြတ်ချက်မှာ တစ်ချိန်ကျလျှင် မှန်ကန်နေကြောင်း အဘယ်သူကကြိုသိနိုင်လိမ့်မည်နည်း
.............
အထက်တန်းဂျူနီယာနှစ်ကို ပြင်ပမှလေ့လာပြီးအကလေ့ကျင့်ရသည်မှာမလွယ်။ Yibo အကလေ့ကျင့်ရန်သွက်လက်နေဖို့အစားအသောက်ဂရုစိုက်ရသည့်အပြင်လေ့ကျင့်ခန်းနှင့် အကြောလျော့ခြင်းတို့ကိုအမြဲလုပ်နေရသည်။ လေ့ကျင့်ပြီးတိုင်းလည်းခြေထောက်မှာနာကျင်လွန်းလှသည်။ ဒဏ်ရာရသည့်အကြိမ်ပေါင်းမှာလည်းမနည်းလှ။ မိမိအိမ်တွင်မဟုတ်ဘဲကုမ္ပဏီစီစဉ်ပေးသည့်နေရာတွင်နေရသည့်အတွက် အနေအစားသာမက ပြင်းထန်သည့်လေ့ကျင့်ခန်းများသည် ၁၄နှစ်သားအရွယ်ကောင်လေးတစ်ယောက်အတွက်မလွယ်ကူလှပေ။သွက်လက်သည့်ကဟန်နှင့်ကြိုးစားမှုကြောင့် Yibo ကိုကိုရီးယားသို့ လေ့ကျင့်ရန်ထပ်မံစေလွှတ်ဖို့ ကုမ္ပဏီမှရွေးချယ်ခြင်းလိုက်သည်။
YOU ARE READING
ကြယ်လေးရဲ့ကောင်းကင် / ကြယ်လေးရဲ့ကောင်းကင်Little Star's Sky
Fanfikceနေ့လည်ဘက်ကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ဘူး ဒါပေမဲ့ ကောင်းကင်မှာ ကြယ်တွေရှိနေတယ် အသက်ရှင်သန်ဖို့ရှုသွင်းဖို့ပတ်ဝန်းကျင်မှာ လေဆိုတာရှိတယ် မမြင်နိုင်သလို ဖမ်းဆုပ်ဖို့ခက်တယ် ခံစားလို့ရနိုင်တယ် မင်းနဲ့ကိုယ့်ရဲ့ကြားက အချစ်ဆိုတာ စကားလုံးတွေနဲ့အဓိပ္ပာယ်ဖ...