Zawgyi #
အပြန်လမ်းတွင် Xiao Zhan Super Market သို့ဝင်ကာချက်ပြုတ်စရာများဝယ်ပြီးမှ အိမ်ပြန်လေသည်။
@ Xiao Zhan Home
Xiao Zhan >> ရောက်ပြီ Jian Guo ရေ ... လာလာဘယ်နားမှာလဲ
Jian Guo တညောင်ညောင်အသံပေးကာအခန်းထဲမှလုံးလုံး၊လုံးလုံးနှင့်ပြေးထွက်လာလေသည်။
Xiao Zhan >> ဗိုက်ဆာနေပြီလားတောင်းပန်ပါတယ်နော်စားဖို့အခုလုပ်ပေးမယ်
Xiao Zhan ကြောင်လေး၏အမွေးအိအိလေးတွေကို ပွတ်သပ်ကာ ပွေ့ချီလျှက် မီးဖိုချောင်ထဲရှိ ကြောင်လေးအတွက်ပြင်ထားသော အစာခွက်လေးနားတွင်ချပေးကာ ၀ယ်လာသည့် ဟင်းချက်စရာများနှင့် ပစ္စည်းများကို ခွဲသိမ်းနေလေသည်။
ပြောသောစကားကိုနားလည်သည့်ဟန်ဖြင့် Jian Guo မှာတညောင်ညောင်အော်ကာသခင်ဖြစ်သူကိုမော့ကြည့်ရင်းအစာခွက်နားတွင်အမြီးလေးကုပ်ကာထိုင်နေလေသည်။
Next Morning
Xiao Zhan မှာမနက်စောစောထပြီးတယောက်တည်းမီးဖိုချောင်တွင်အလုပ်ရှုပ်လျှက်ရှိလေသည်။
ကြက်သားကိုနုတ်နုတ်စဉ်းကြက်သွန်မိတ်ငရုတ်ကောင်းတို့နှင့်ရောမွှေကာဖက်ထုပ်ပေါင်းလုပ်ရန်ပြင်ဆင်နေသည်။မနေ့က Yibo မီးဖိုခန်းတွင်ဘာမှမတွေ့ရ။သရုပ်ဆောင်လုပ်ကတည်းကတစ်ယောက်တည်းနေပုံပေါ်သောအိမ်တွင်ဘာမှမရှိ။
အစားအသောက်ကိုပင်အပြင်မှာစားပုံရသည်။နေမကောင်းဖြစ်နေသော Yibo ကိုအစားကောင်းကောင်းချက်ကျွေးချင်စိတ်ပေါ်လာသောကြောင့်ဖက်ထုပ်လုပ်နေခြင်းဖြစ်သည်။
အကုန်လုံးပြင်ဆင်ပြီးပေါင်းအိုးထဲထည့်ထားပြီးနောက်အချိန်လိုသေးသဖြင့် Xiao Zhan ရေအမြန်ချိုးလိုက်လေသည်။
ရေချိုးအကျီလဲအပြီးကျက်နေပြီဖြစ်သောကြက်ပြုတ်ရည်၊ဖက်ထုပ်ပေါင်းတို့ကိုဘူးထဲတွင်သေချာပြင်ဆင်ထည့်ကာကားမောင်းပြီး Yibo အိမ်သို့ထွက်လာသည်။
မနက်၈နာရီခွဲ
ဘဲလ်တီးသော်လည်းတော်တော်ဖြင့်တံခါးဖွင့်မလာ၊ Yibo ဆီဖုန်းဆက်လိုက်သောအခါ
YOU ARE READING
ကြယ်လေးရဲ့ကောင်းကင် / ကြယ်လေးရဲ့ကောင်းကင်Little Star's Sky
Fanfictionနေ့လည်ဘက်ကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ဘူး ဒါပေမဲ့ ကောင်းကင်မှာ ကြယ်တွေရှိနေတယ် အသက်ရှင်သန်ဖို့ရှုသွင်းဖို့ပတ်ဝန်းကျင်မှာ လေဆိုတာရှိတယ် မမြင်နိုင်သလို ဖမ်းဆုပ်ဖို့ခက်တယ် ခံစားလို့ရနိုင်တယ် မင်းနဲ့ကိုယ့်ရဲ့ကြားက အချစ်ဆိုတာ စကားလုံးတွေနဲ့အဓိပ္ပာယ်ဖ...