Zawgyi #
အခန်းပြန်ရောက်ပြီးနောက် နှင်းလျောစီးအ၀တ်အစားများလဲကာ အပြင်ပြန်ထွက်လာကြသည်။ နေ့လည်စာစားပြီးနောက် အပန်းဖြေစခန်းအတွင်းလှည့်ကြည့်ရန် စားသောက်ဆိုင်မှပြန်ထွက်လာပြီး အပန်းဖြေစခန်းနားရှိ မြို့ငယ်လေးဘက်သို့လမ်းလျှောက်ထွက်လာကြလေသည်။ နှင်းများကျနေသည်ကို ကလေးလေးတစ်ယောက်လို လက်ကလေးဖြန့်ကာ မော့ကြည့်နေသည့် Xiao Zhan မျက်နှာကို Yibo တမေ့တမောငေးနေလေသည်။ Yibo အတွက် Xiao Zhan လိုချစ်သူရထားသည်မှာ အလွန်ပင်ကံကောင်းလှသလို အခုလို ၂ယောက်တည်းအတူရှိရသည့် အချိန်ကိုလည်းရပ်တန့်ထားပစ်ချင်မိသည်။
ဆောင်းတွင်းအအေးဒဏ်ကိုတုပပြီး လမ်းဘေးတွင်ဖွင့်ထားသော မုန့်ဆိုင်ငယ်လေးများ အမှတ်တရပစ္စည်းဆိုင်များဘက်သို့ရောက်လာသော်
Xiao Zhan >> Laung Wang ရေ ဟိုဆိုင်လေးတွေကိုသွားကြည့်ရအောင်
Yibo >> အင်းသွားကြည့်မယ်လေ
Yibo လက်ကိုဆွဲပြီး အရှေ့မှပြေးထွက်သွားလေသည်။ ဆိုင်ရှေ့ရောက်သော် ပိစိမွစ ပစ္စည်းသေးသေးလေးများ အမှတ်တရအရုပ်လေးများ သော့ချိတ်လေးများကို စိတ်ဝင်တစားကြည့်လေတော့သည်။ Xiao Zhan ယုန်ဘီးကုပ်လေးကိုတပ်လိုက်ပြီး Yibo အား ခွေးနားရွက်ပါသည့် ဘီးကုပ်လေးကိုတပ်လိုက်ပြီး
Xiao Zhan >> ချစ်ဖို့ကောင်းတဲ့ ကိုယ့်ရဲ့ခွေးပေါက်လေး
Yibo သည်ဘီးကုပ်ထားသည့်ဘေးတားရှိ သော့ချိတ်စင်လေးမှ ယုန်ပုံစံသော့ချိတ်ကလေး နှစ်ခုကိုယူလိုက်ပြီး
Yibo >> ge ဒါလေးတွေ ဆင်တူတပ်ကြမလား
Xiao Zhan >> Xiao Zhan သည် Yibo မြောက်ပြနေသောအရုပ်သော့ချိတ်လေးကိုကြည့်ပြီး
YOU ARE READING
ကြယ်လေးရဲ့ကောင်းကင် / ကြယ်လေးရဲ့ကောင်းကင်Little Star's Sky
Fanficနေ့လည်ဘက်ကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ဘူး ဒါပေမဲ့ ကောင်းကင်မှာ ကြယ်တွေရှိနေတယ် အသက်ရှင်သန်ဖို့ရှုသွင်းဖို့ပတ်ဝန်းကျင်မှာ လေဆိုတာရှိတယ် မမြင်နိုင်သလို ဖမ်းဆုပ်ဖို့ခက်တယ် ခံစားလို့ရနိုင်တယ် မင်းနဲ့ကိုယ့်ရဲ့ကြားက အချစ်ဆိုတာ စကားလုံးတွေနဲ့အဓိပ္ပာယ်ဖ...