Zawgyi #
လေယာဉ်ပေါ်မှဆင်းပြီးနောက် Yibo တို့ကိုကြိုပြီး ဟိုတယ်သို့ပို့ပေးမည့် ခရီးသွားဝန်ဆောင်မှုမှ အဌားကားသမားကို လေဆိပ်ထွက်ပေါက်နေရာတွင်တွေ့လိုက်ရသည်။ ပစ္စည်းထုပ်များကိုကားပေါ်တင်ပြီးနောက် ကားလေးသည် လေဆိပ်ဝင်းအတွင်းမှ ထွက်ကာ Sapporo မြို့ထဲပိုင်းသို့ဦးတည်ကာမောင်းနှင်နေလေသည်။ ရာသီဥတုမှာ ရေခဲနေလောက်အောင် အေးစိမ့်နေပြီး နှင်းများအောက်တွင် အိမ်လေးတွေမှာစီစီရီရီလေးတွေနှင့်လှနေသော ရှုခင်းများကို စီးနင်းလိုက်ပါလာသော ကားမှန်မှတဆင့် Xiao Zhan ငေးကြည့်နေလေသည်။ Yibo လည်း Xiao Zhan နည်းတူ ကားမှန်ပြတင်းပေါက်မှ မြင်ကွင်းကိုကြည့်နေမိသည်။ တိတ်ဆိတ်ကာ နှင်းများအောက်တွင် လူတိုင်းလိုလိုအနွေးအကျီအထူများဖြင့် သွားလာနေကျသလို မြင်မြင်သမျှမြင်ကွင်းများသည် ဖွေးဖွေးလှုပ်နေသောနှင်းများက နေရာအတော်ယူထားလေသည်။ နာရီဝက်ခန့်ကြာသော်အဌားကားလေးသည် ဂျပန်ရိုးရာစတိုင်လ်တည်းခိုခန်းတစ်ခုအရှေ့ရှိ ၀င်ပေါက်တွင်ရပ်တန့်သွားလေသည်။ Yibo သည် လေဆိပ်ဆင်းကတည်းက တည်းခိုခန်းရောက်သည်အထိ တိတ်ဆိတ်စွာလိုက်ပါလာသောXiao Zhan ကို အကဲခတ်နေမိသည်။ Xiao Zhan သည် နိုင်ငံခြားခရီးကို နှစ်ယောက်တည်းအတူထွက်ရန် အဘယ်ကြောင့်သဘောတူမိပြီးလိုက်လာမှန်းမသိ လိုက်လာပြီးမှ စိတ်လှုပ်ရှားနေသောကြောင့် တိတ်ဆိတ်နေမိသည်။ Yibo ကောင်တာတွင် check in လုပ်ပြီး ဧည့်ကြိုမိန်းကလေး နှင့် ယောက်ျားလေးတစ်ယောက်မှာ တည်းရမည့်အခန်းရှိရာသို့လိုက်ပို့ပေးပြီးနောက် အခန်းထဲမှ အပူပေးစက်အသုံးပြုပုံ ၊ ရေပူစမ်းစိမ်လျှင်အသုံးပြုရမည့် အ၀တ်အစားများနှင့် ယူလျှင်ခေါ်ရမည့်ဖုန်းနံပါတ် အစရှိသည်တို့ကိုရှင်းပြပေးကာ ပြန်လည်ထွက်သွားလေသည်။ Yibo အ၀တ်အစားသေတ္တာတို့ကို အခန်းထောင့်ရှိဗီဒိုထဲသို့ထည့်လိုက်ပြီး အပူပေးစက်ဖွင့်ကာ Xiao Zhan ရောသူပါ ၀တ်လာသောအပေါ်ဝတ်အနွေးထည်ကို ချွတ်ပြီး အကျီချိတ်တွင်ချိတ်လိုက်လေသည်။ Xiao Zhan သည် အခန်းထဲရောက်ရောက်ချင်း စက္ကူလျောတံခါးလေးကိုဖွင့်ကာ တည်းခိုခန်းအပြင်ဘက်မြင်ကွင်းကိုငေးနေလေသည်။ Yibo သည်အနားသို့လျှောက်သွားကာ နောက်ကျောဘက်မှ ဖက်လိုက်ပြီး
YOU ARE READING
ကြယ်လေးရဲ့ကောင်းကင် / ကြယ်လေးရဲ့ကောင်းကင်Little Star's Sky
Fanficနေ့လည်ဘက်ကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ဘူး ဒါပေမဲ့ ကောင်းကင်မှာ ကြယ်တွေရှိနေတယ် အသက်ရှင်သန်ဖို့ရှုသွင်းဖို့ပတ်ဝန်းကျင်မှာ လေဆိုတာရှိတယ် မမြင်နိုင်သလို ဖမ်းဆုပ်ဖို့ခက်တယ် ခံစားလို့ရနိုင်တယ် မင်းနဲ့ကိုယ့်ရဲ့ကြားက အချစ်ဆိုတာ စကားလုံးတွေနဲ့အဓိပ္ပာယ်ဖ...