Zawgyi #
နေ့လည်ခင်းဘက်ရောက်သော် စောင်ပုံတွင်းမှ Yibo သည်အရင်နိုးထလာလေသည်။ Yibo ရင်ခွင်အတွင်းမှ Xiao Zhan မှာ အိပ်မောကျလျှက်ပင်ရှိနေသေးလေသည်။ Xiao Zhan ကိုယ်ပေါ်တွင် ချန်ထားခဲ့သည့် အနီရောင်အချစ်သင်္ကေတများကို Yibo ကျေနပ်စွာဖြင့် လက်ဖြင့်အသာပွတ်သပ်ပြီး ကြည့်နေမိသည်။ လက်ညှိုးလေးဖြင့် သူ၏လက်မောင်းကို ခေါင်းဦးသဖွယ် အုံးကာလှဲလျှက်ရှိသော Xiao Zhan ပါးကို အသာဖွဖွတို့ကြည့်နေမိသည်။
Yibo >> အာ....ge နိုးသွားတာလား
Xiao Zhan >> အင်း.. နိုးတာကြာပြီ နာလို့မထသေးတာ
Yibo >> ဟင် ဘယ်နားလဲ ...
Xiao Zhan သည် မှိန်းနေရာမှ မျက်လုံးလှန်ကြည့်လိုက်ပြီး မျက်စောင်းထိုးကာ
Xiao Zhan >> Yibo မေးတတ်တယ်နော် ဘယ်ဟာကနာနေပါတယ်ဆိုပြီး ge က ပြောပြနေရဦးမှာလား
Yibo >> အဟဲ... ge ကလဲ ချစ်လို့ဟာကို....
Xiao Zhan >> ခွေးပေါက်လေး မင်းချစ်တာကို ကြောက်တယ် သိလား တကိုယ်လုံးလည်းရစရာမရှိတော့ဘူး အပြင်ကို ဘယ်လိုထွက်ရမလဲမသိဘူး
Yibo >> မထွက်နဲ့လေ ...ထပ်ချစ်ကြတာပေါ့
Xiao Zhan >> Yibo မင်းနော် ... ကုတင်ပေါ်ကနေ ကန်ချမိတော့မယ် ထပ်မပြောနဲ့တော့ အေးဆေးနေ
ဆူပုပ်ပုပ်ဖြင့် ပွစိပွစိပြောနေသော Xiao Zhan ကို အသည်းယားစွာဖြင့် Yibo သည် ရင်ခွင်ထဲလှဲနေသော Xiao Zhan မျက်နှာဆီ ငုံရင်း ပါးကို တရွှတ်ရွှတ်နမ်းကာ
Yibo >> ge က ကျွန်တော့်ကို မြူဆွယ်နေတော့ ကျွန်တော်စိတ်မထိန်းနိုင်တော့ဘူး
Xiao Zhan >> ခွေးပေါက် တော်တော့ ...အကြီးကို
မခံချင်အောင်စနေသောကြောင့် Xiao Zhan သည်လှဲနေရာမှ ထကာ ခေါင်းဦးဖြင့် Yibo ကိုတဖုန်းဖုန်းထရိုက်လေတော့သည်။
Yibo >> ဟား..ဟား.... ကြောက်ပါပြီ ကြောက်ပါပြီ
လိုက်ရိုက်နေသောကြောင့် ကုတင်ပေါ်တွင်လှိမ့်ရင်း မွေ့ရာပေါ်တွင် Yibo နှင့် Xiao Zhan လုံးထွေးနေလေသည်။
အ့
Yibo >> ge နာပြန်ပြီလား .. ဟုတ်ပြီ ဟုတ်ပြီ ကျွန်တော် မစတော့ဘူး ..နားလိုက်ဦး ကျွန်တော် စားဖို့ တခုခုသွားဝယ်ဦးမယ်
YOU ARE READING
ကြယ်လေးရဲ့ကောင်းကင် / ကြယ်လေးရဲ့ကောင်းကင်Little Star's Sky
Fanfictionနေ့လည်ဘက်ကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ဘူး ဒါပေမဲ့ ကောင်းကင်မှာ ကြယ်တွေရှိနေတယ် အသက်ရှင်သန်ဖို့ရှုသွင်းဖို့ပတ်ဝန်းကျင်မှာ လေဆိုတာရှိတယ် မမြင်နိုင်သလို ဖမ်းဆုပ်ဖို့ခက်တယ် ခံစားလို့ရနိုင်တယ် မင်းနဲ့ကိုယ့်ရဲ့ကြားက အချစ်ဆိုတာ စကားလုံးတွေနဲ့အဓိပ္ပာယ်ဖ...