Zawgyi #
ရုပ်ရှင်ပြီးသည့်နောက် Xiao Zhan နှင့် Yibo ဟိုတယ်ကိုအတူတူပြန်လာကြလေသည်။ ညမိုးချုပ်နေပြီဖြစ်သောကြောင့် ဟိုတယ်ဝင်းတစ်ခုလုံးတိတ်ဆိတ်လျှက် .. အိပ်မောကျနေပြီ။ Yibo ဆုပ်ကိုင်ထားသော Xiao Zhan လက်များမှာ အေးစက်နေသောကြောင့်
Yibo >> Ge ချမ်းနေတာလား .. သိပ်လည်းမအေးဘဲနဲ့
ပြောရင်းဖြင့်ပင် သူ၏နဖူးကို စမ်းကြည့်လိုက် Xiao Zhan နဖူးကို စမ်းကြည့်လိုက်လုပ်ပြီး
Yibo >> ကိုယ်လည်းမပူပါဘူး ဒါပေမယ့် ချွေးတွေပြန်လို့ပါလား
စကားပြောရင်း လမ်းလျှောက်ရင်းဖြင့်ပင် အခန်းသို့ရောက်လာလေသည်။
အခန်းထဲသို့ဝင်ဝင်ချင်း ကုတင်ပေါ်က အကျီပုံကိုတွေ့လိုက်ရသဖြင့် Xiao Zhan အမြန်ပင် အပြေးအလွှားကောက်သိမ်းပြီး ခရီးဆောင်အိတ်ထဲသို့ထည့်လိုက်လေသည်။ Yibo မှာတော့ ဒီနေ့မှ အမူအရာထူးထူးဆန်းဆန်းဖြစ်နေသော Xiao Zhan ကို နားမလည်ဖြစ်လို့နေသည်။
Yibo >> Ge ရေချိုးလိုက်ပါလား ခုနကလည်း ချွေးတွေနဲ့
ပြောရင်း အကျီသိမ်းနေသော Xiao Zhan ဘေးသို့ရောက်လာသောကြောင့် ဘေးသို့အနည်းငယ်ဖယ်ခွာသွားလျှက်
Xiao Zhan >> အာ... ရတယ် မင်းအရင်ချိုးရင် ချိုး ကိုယ်နေလို့မကောင်းလို့...အဲတာ...
Yibo >> နေဦး ... ကျွန်တော်အကျီလဲဖို့ .. အ၀တ်အစားမေ့ခဲ့တယ် ဆိုင်ကယ်ခုံအောက်ထဲမှာ သွားယူလိုက်ဦးမယ် ခဏနော် ...
Xiao Zhan >> အင်း... အင်း ....
Yibo အခန်းထဲက ထွက်သွားချိန် မှာ အတွေးပေါင်းစုံဖြင့် Xiao Zhan ယောက်ယတ်ခတ်နေသည်
Xiao Zhan ( ဒီနေ့ညက ပထမဆုံးညလား ... ငါဘာလုပ်သင့်လဲ ...ဒါပေမဲ့ သူနဲ့က အခုမှမဟုတ်တာ အရင်တုန်းက ငါ့အိမ်မှာ လာအိမ်ဖူးတာဘဲ .. အာအခုက တူမှမတူတာ ... တော်ပြီဟာ... မတွေးတော့ဘူး .. စိတ်ရှုပ်လာပြီ )
Xiao Zhan ညအိပ်အကျီဆွဲယူပြီး ရေချိုးခန်းထဲအမြန်ဝင် သွားတိုက် မျက်နှာသစ် ရေမြန်မြန်လောင်းချိုးပြီး ထွက်လာလေသည်။ အခန်းထဲပြန်ရောက်နေသော Yibo မှာ အကျီချွတ်ထားပြီး bathrobe ကိုဝတ်ထားလေသည်။ ခါးစည်းကြိုးကို လျော့ရဲရဲသာချည်ထားသဖြင့် Yibo ရင်ဘတ်နေရာတွင် ဟင်းလင်းဖြစ်ကာ အတွင်းသားတွေကို မြင်နေရလေသည်။ Yibo ကို Xiao Zhan တည့်တည့်ဆိုင်ဆိုင်မကြည့်ရဲ မျက်နှာသုတ်ပဝါကို ခေါင်းပေါ်တွင်အုပ်ထားပြီး အိပ်ရာပေါ်တွင်ထိုင်ကာ ရေစိုဆံပင်များကို ဖိသုတ်နေလေသည်။
YOU ARE READING
ကြယ်လေးရဲ့ကောင်းကင် / ကြယ်လေးရဲ့ကောင်းကင်Little Star's Sky
Fanficနေ့လည်ဘက်ကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ဘူး ဒါပေမဲ့ ကောင်းကင်မှာ ကြယ်တွေရှိနေတယ် အသက်ရှင်သန်ဖို့ရှုသွင်းဖို့ပတ်ဝန်းကျင်မှာ လေဆိုတာရှိတယ် မမြင်နိုင်သလို ဖမ်းဆုပ်ဖို့ခက်တယ် ခံစားလို့ရနိုင်တယ် မင်းနဲ့ကိုယ့်ရဲ့ကြားက အချစ်ဆိုတာ စကားလုံးတွေနဲ့အဓိပ္ပာယ်ဖ...