Zawgyi #
Yibo သည် တိတ်တိတ်ကလေးဆက်လျှောက်လာပြီး အပေါ်ထပ်ရှိအခန်းများကို တခန်းစီကြည့်နေရင်း ဒေါင့်စွန်းအခန်းဘက်သို့ရောက်လာလေသည်။ အခန်းထဲတွင် အလင်းရောင်မှုန်ပြပြသာရှိနေပြီး အခန်းလယ်တွင် ခုံ၌ကြိုးဖြင့်တုပ်ခံထားရသော Xiao Zhan ကိုတွေ့လိုက်ရလေသည်။ လျှောက်လမ်းတစ်လျှောက်အခြေအနေကိုကြည့်လိုက်ပြီး အခန်းထဲသို့ဝင်လာကာ ခေါင်းငိုက်စိုက်ကာ ဖြူဖျော့နေသော Xiao Zhanကို Yibo ထွေးပွေ့လိုက်လေသည်။ Xiao Zhan သည်ရန်မေဟွားရောက်လာသည်အထင်နှင့် မျက်စိမှိတ်ထားရာမှ Yibo အသံကြားလိုက်သဖြင့် မော့ကြည့်လိုက်သော် Yibo မှာ မျက်ရည်အဝိုင်းသားဖြင့် သူ့ကိုဖက်ထားသည်ကို တွေ့လိုက်ရလေသည်။
Yibo သည် Xiao Zhan မျက်နှာကို ပွတ်သပ်ရင်း
Yibo >> Ge အဆင်ပြေရဲ့လား ...
Xiao Zhan သည် ခေါင်းတွင်တွင်ငြိမ့်ပြရင်း
Xiao Zhan >> အင်း ..အဆင်ပြေတယ် Yibo
Yibo >> Ge ဘာမှမဖြစ်ဘူးနော်
Xiao Zhan >> အင်း
Yibo သည် ကြိုးများကိုခက်ခက်ခဲခဲ ဖြေထုတ်လိုက်လေသည်။ အချိန်အကြာကြီး ကြိုးဖြင့်အတုပ်ခံထားရသော ခြေထောက်များ ထုံကျင်နေသဖြင့် Xiao Zhan လမ်းကောင်းကောင်းမလျှောက်နိုင်ပေ။ Xiao Zhan ကို Yibo ကူတွဲပေးရင်း အခန်းထဲမှထွက်လာစဉ် ရန်မေဟွားမှာ သီချင်းဆိုပြီး အခန်းထဲတွင် အလှပြင်နေဆဲရှိသေးသည်မို့ အသံမထွက်အောင် လှေကားမှဖြေးဖြေးချင်းဆင်းမည်ပြုစဉ် Xiao Zhan မှာ ခြေခေါက်လဲသွားမှုကြောင့် ပြုတ်ကျသည့်အသံထွက်သွားသဖြင့် ရန်မေဟွားအခန်းထဲမှ တဟုန်ထိုးပြေးထွက်လာကာ
Mae Hwa >>တောက် ...နင်က ဘယ်လိုရှာတွေ့တာလဲ .....နင်...နင် မရှိမှအေးမှာ အားးးးး...............
ရန်မေဟွားသည် ကျယ်လောင်စွာ အော်ဟစ်လျှက် အခန်းထဲပြန်ဝင်ပြီး ကပ်ကြေးတစ်ချောင်းဆွဲကာ ပြန်ထွက်လာလေသည်။ လှေကားအဆင်းဖြစ်သည့်အပြင် ခြေထောက်နာနေသော Xiao Zhan ကို ကူကာတဖြည်းဖြည်းချင်းဆင်းနေရသောကြောင့် ခရီးမတွင်ဘဲ ကပ်ကြေးဖြင့်ပြေးလာသော ရန်မေဟွားကို ရှောင်ရန် Yibo သည် Xiao Zhan ကို တွန်းထုတ်လိုက်လေသည်။ လှေကားတဆစ်ချိုးတွင Xiao Zhan်ပုံလျှက် လဲသွားကာ Yibo နှင့် ရန်မေဟွားမှာ လှေကားအောက်သို့လုံးထွေးရင်း ပြုတ်ကျသွားလေသည်။ အောက်ထပ်အရောက် Yibo နှင့် ရန်မေဟွာမှာ တယောက် တနေရာစီဖြစ်သွားသော်လည်း ရန်မေဟွားသည် နာကျင်နေသည့်တိုင် လေးဘက်တွားရွေ့ရင်း ကပ်ကြေးကိုတရွေ့ရွေ့သွားယူနေလေသည်။ Yibo မှာ လက်တစ်ဖက်လှုပ်မရအောင်နာကျင်နေပြီး နေရာမှထမရပေ။ Xiao Zhan မှာ လှေကားအဆစ်ချိုးတွင်မေ့လဲနေလေသည်။ရန်မေဟွား သည် ကပ်ကြေးကိုရသွားပြီးနောက် Yibo ဆီသို့ပြန်လာကာ Yibo ကိုထိုးရန်လုပ်လေသည်။ Yibo မှာ လက်တစ်ဘက်ကိုထိထားသဖြင့် ကျန်လက်တစ်ဘက်ဖြင့်သာ ရန်မေဟွားကပ်ကြေးဖြင့်ထိုးနေခြင်းကို ကာကွယ်နေရပြီးလက်တွင်ကပ်ကြေးအသွားကိုဆုပ်ကိုင်ရင်း လက်ဖဝါးကိုစိုက်မိကာဒဏ်ရာရလေသည်။ လုံးထွေးနေစဉ်တွင် ရဲများရောက်လာပြီး ရဲနှစ်ဦးမှာ ရန်မေဟွားကို တဘက်တချက်မှချုပ်ကာဆွဲခေါ်သွားလေသည်။ သိပ်မကြာမီ ဆေးရုံကားရောက်လာပြီး Yibo နှင့် Xiao Zhan ကိုလည်းဆေးရုံသို့ခေါ်ဆောင်သွားလေသည်။ Xiao Zhan ရော Yibo ပါ စိုးရိမ်ရသည့်အခြေအနေမရှိသော်လည်း အနားယူရဦးမည်ဖြစ်သောကြောင့် ထိုနေ့က ဆေးရုံတွင် ညအိပ်လိုက်ရလေသည်။ နောက်တစ်နေ့နေ့လည်ခင်းတွင် ရန်လီဟွားသည် Italy သို့ရောက်လာကာ Yibo တို့တက်နေသောဆေးရုံသို့လိုက်လာပြီး Yibo နှင့် Xiao Zhan ကိုတောင်းပန်ကာ ဖြစ်သမျှ ကိစ္စအားလုံးအတွက် ညီမဖြစ်သူ ရန်မေဟွားအစားတောင်းပန်လေသည်။
YOU ARE READING
ကြယ်လေးရဲ့ကောင်းကင် / ကြယ်လေးရဲ့ကောင်းကင်Little Star's Sky
Fanfictionနေ့လည်ဘက်ကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ဘူး ဒါပေမဲ့ ကောင်းကင်မှာ ကြယ်တွေရှိနေတယ် အသက်ရှင်သန်ဖို့ရှုသွင်းဖို့ပတ်ဝန်းကျင်မှာ လေဆိုတာရှိတယ် မမြင်နိုင်သလို ဖမ်းဆုပ်ဖို့ခက်တယ် ခံစားလို့ရနိုင်တယ် မင်းနဲ့ကိုယ့်ရဲ့ကြားက အချစ်ဆိုတာ စကားလုံးတွေနဲ့အဓိပ္ပာယ်ဖ...