Star 19

736 52 2
                                    

Zawgyi #

Xiao Zhan မီးဖိုချောင်ရောက်သော် ရေခဲသေတ္တာတံခါးကိုမှီပြီး တုန်လှုပ်နေသောရင်ကို လက်ဖြင့်ဖိချပြီး

Xiao Zhan >> အာ.း.... ဒီကောင်လေးစကားတွေကြောင့် ရင်ထဲကအကောင်ပေါက်က ဘာလို့ဒီလောက်ခုန်ပြီး တုန်လှုပ်နေရတာလဲ ကျစ် ....

Xiao Zhan တစ်ယောက်တည်း တိုးတိုးဖွဖွပြောလျှက်

ရေခဲသေတ္တာထဲမှ သံပုရာသီးကိုထုတ်ကာ သံပုရာရည်ချဉ်ချဉ်လေးဖျော်နေလေသည်....

ထိုစဉ် အနောက်မှ . Yibo လက်တစ်စုံသည် Xiao Zhan ခါးကိုသိုင်းဖက်ကာ ပခုံးပေါ်သို့ မေးလေးမှီတင်ထားပြီး လည်ပင်းနေရာသို့ ခေါင်းလေးစောင်းကာ မျက်နှာမှီအပ်ထားလေသည်။

Xiao Zhan >> အာ Laung Wang ဖယ်လေကွာ ... ဒီမှာ သံပုရာရည်ဖျော်နေတယ်လေ ....

Yibo မှာ မဖယ်ဘဲ နီရဲနေသော Xiao Zhan နားရွက်နားလေးသို့ကပ်ကာ

Yibo >> ကျွန်တော် အမူးပြေနေပါပြီ Ge ဘာလို့နားလေးတွေနီရဲနေရတာလဲ ကျွန်တော်သေချာမြင်နေရတယ် .....

Yibo လေသံတိုးတိုးလေးဖြင့်ပြောနေသောကြောင့် ရှုထုတ်လိုက်သော အသက်ငွေ့ငွေ့မှာ Xiao Zhan လည်ပင်းတစ်ဝိုက် ခပ်နွေးနွေးရှိုက်ခတ်နေလေသည်။ Xiao Zhan ကျက်သီးများထသွားကာ လည်ပင်းတစ်ဝိုက်ရော မျက်နှာပါရဲတက်လာပြန်သည်။ Yibo ကိုတွန်းဖယ်ကာ လက်ထဲသို့ သံပုရာရည်ခွက်ကို ထည့်ပေးစဉ်

ခွက်ကိုင်ထားသော Xiao Zhan လက်ပေါ်မှ Yibo သည် သူ၏ လက်ကိုထပ်ကိုင်ပြီး Xiao Zhan မျက်နှာကို တစိမ့်စိမ့်ကြည့်ပြီး သောက်ချလိုက်လေသည်။

Xiao Zhan >> ကောင်လေး အမူးပြေရင်အိပ်တော့ လာသွားမယ်

Yibo လက်ကိုဆွဲ အိပ်ခန်းထဲသို့ခေါ်သွားပြီး ကုတင်ပေါ်ထိုင်စေကာ မျက်နှာသုတ်ပဝါတစ်ခုကိုယူလာပြီး မျက်နှာကို ဖွဖွသုတ်ပေးနေလေသည်။ Yibo မျက်နှာလေးကိုမော့ကာ Xiao Zhan မျက်နှာသန့်ရှင်းရေးလုပ်ပေးတာကို ငြိမ်ခံနေသော မျက်နှာလေးမှာ ပီဘိကလေးမျက်နှာလေးသဖွယ် နုနယ်ပြီး ချစ်ဖို့ကောင်းနေလေသည်.

ပြီးနောက် ဘီဒိုထဲမှ ညအိပ်ဝတ်စုံကိုထုတ်ပေးပြီး

Xiao Zhan >> ရော့ လဲလိုက် အကျီက ဝိုင်နံ့တွေနဲ့ နံနေတယ် ....

ကြယ်လေးရဲ့ကောင်းကင် / ကြယ်လေးရဲ့ကောင်းကင်Little Star's SkyWhere stories live. Discover now