Part 1

9.6K 283 2
                                    

       (Both ZG&Uni Code)
"ကလေး ဘာလို့ငိုနေတာလဲ "
ပုံမှန်ဆို Soo က ကျောင်းသားခေါင်းဆောင်လည်း ဖြစ်တော့ ကျောင်းကို အမြဲတမ်း စောစောလာဖြစ်သည်။ ဒီနေ့ကျမှ အိမ်မှာ အလုပ်ရှုပ်နေသောကြောင်း နောက်ကျမှ ရောက်လာခြင်းဖြစ်သည်။ ကျောင်းထဲသို့ ပြေးဝင်မည်အလုပ် ကလေးမလေးတစ်ယောက် ထိုင်ငိုနေတာတွေ့၍ အနားကပ်ပြီး မေးလိုက်ခြင်း ဖြစ်သည်။ Soo မေးတော့ ထိုကလေးမလေးက မဖြေ ။ သူ့အနား ထိုင်ချလိုက်ပြီး ပခုံးကို ညင်းညင်းသာသာကိုင်ပြီး နောက်တစ်ခေါက်ထပ်မေးမှ ဖြေသည်။
"ကျောင်းထဲ မဝင်ရဲလို့ "
ငိုထား‌လို့ ရဲနေတဲ့ နှာခေါင်းလေးကို ပွတ်ပြီး ဖြေလာခြင်းဖြစ်သည်။
"ဘာလို့ မဝင်ရဲတာလဲ Unnie ကိုပြော"
"ညီမက အခုမှ ဒီကျောင်းကို ပြောင်းလာတာ ။ အဲ့ဒါအိမ်က လိုက်မပို့လို့ တစ်ယောက်ထဲ ထွက်လာပြီး အထဲမဝင်ရဲတော့လို့ "
"Aww ကလေးက ကျောင်းသူအသစ်လား ။ ထင်ပါတယ် အဲ့ဒါကြောင်း ဒီကျောင်းမှာ မမြင်ဖူးပါဘူးဆိုပြီး တွေးနေတာ "
အရှေ့က ချစ်စရာပါးဖောင်းဖောင်းနဲ့ ကလေးလေးက ဘာမှထပ်ပြောမလာတော့ Sooကပဲ ဆက်ပြီးပြောရသည်။
" Unnieလည်း ဒီကျောင်းကပဲ ။ ကလေးက ဘယ်အတန်းတက်မှာလဲ"
" 8တန်း "
"Aww 8တန်းလား။ Unnieက9တန်း ။ ကလေးတို့အခန်းက Unnieတို့အခန်းနဲ့ မျက်စောင်းထိုးပဲ။ လာ အတူတူသွားမယ်"
................
"ရောက်ပြီ ။ ဒါ ကလေးတို့အတန်းပဲ။ အထဲလိုက်ပို့ပေးရဦးမလား။ "
ရတယ်လို့ ပြောပေမဲ့ အထဲမဝင်ရဲပဲ ရပ်နေတဲ့ ငတိ‌မလေးက ကြောက်နေပုံပေါ်တာကြောင်း Soo သူ့လက်ကို ကိုင်ပြီး အတန်းထဲလိုက်ဝင်သွားပြီး ဆရာမဆီအပ်ပေးခဲ့ပြီးမှ ပြန်ထွက်လာလိုက်သည်။
............xxxx.............

"ဟိတ် ကလေး "
နေ့ခင်းထမင်းစား လွတ်ချိန် ထိုကလေးမလေး တစ်ယောက် ဘယ်လိုနေမလဲ စိတ်ပူမိတာကြောင်း Soo သူတို့အတန်းဘက် ထွက်လာခြင်းဖြစ်သည်။ ထင်တဲ့အတိုင်း စာသင်တဲ့နေရာမှာတင် မရွေ့ပဲထိုင်နေတဲ့ ကလေးကို တွေ့၍လှမ်းခေါ်လိုက်ခြင်းဖြစ်သည်။
"ဟိတ် ခေါ်နေတာ ဘာလို့ပြန်မထူးတာ၊
မကြားလို့လား "
"ကြားသားပဲ မထူးချင်လို့မထူးတာ"
ဟောကြည့် မနက်ကတင် သူ့ကို ကူညီပြီး အတန်းထဲထိ လိုက်ပို့ထားတဲ့အကြီးကို မတူသလိုမတန်သလိုပုံစံနဲ့😕
"ဟုတ်ပါပြီ ၊ထားပါတော့ အခုဘာမှမစားရသေးဘူးမလား "
"အင်း"
"အဲ့တာ ဆို Unnieမှာ ထမင်းချိုင့်ပါတယ်။ အတူတူစားမလား "
ကျွေးသာကျွေးရသည် ထိုအချေစိန်ရုပ်ကို ကြည့်ရသေး။ တော်ကြာမစားဘူးဆိုပြီး လွှင့်ပစ်မှ ကိုယ်ပါငတ်နေမယ်😐
"ရတယ် မစားတော့ဘူး "
ထင်တဲ့အတိုင်းငြင်းသည်။ တော်သေးတယ် စိတ်ကူးထဲကလို့ ချိုင့်တွေပါ ယူလွှင့်မပစ်လို့ 😶
" အဲ့တာဆို အပြင်ထွက်စားမလား
လိုက်ပို့ပေးမယ်လေ ။ ကန်တင်းဘက်မရောက်ဖူးသေးဘူးမလား "
"အင်း "
.............
"အဲ့တာက ထမင်းသုပ်ဆိုင် ၊ ဟိုဟာက တော့ပုကီနဲ့Fish Cake ဆိုင် ၊ ပြီးတော့ ဟိုနားကမုန့်ဆိုင်တွေ့လား အဲ့ဆိုင်က အစုံရှိတယ်။ ပြီးတော့ ဟို အန်တီကြီးတွ့လား သူကသဘောကောင်းတယ်။ ကိုယ်ဆို သူ့ဆီက ခဏခဏ အလကားစားရတယ် "
အင်းတစ်လုံးသာ ပြန်ဖြေသည့် ထိုအချေစိန်လက်ကို ဆွဲပြီး ကျောင်းကန်တင်းထဲပတ်ပြီး နေရာတွေ ဆိုင်တွေကို ပြောပြနေခြင်းဖြစ်သည်။
"ရပြီလား ၊အခုတစ်ဆိုင်ဆိုင် ဝင်ထိုင်လိုက်တော့ ၊ဗိုက်ဆာနေပြီ ဒီမှာ "
သူပြောသမျှကို နားထောင်နေရာမှ စိတ်မရှည်တော့သည့်ပုံစံနဲ့ စူပုတ်ပြီးပြောလာခြင်းဖြစ်သည် ။ စူပုတ်နေတာတောင် ဒီကလေးက ချစ်စရာ ။
"အား sorry ။ ဟုတ်သားပဲ ကလေး
ဗိုက်ဆာနေရောပေါ့ "
အခုမှဆိုတဲ့ပုံစံနဲ့ မျက်စောင်းတစ်ချက်လှန်ထိုးလာသည့် ထိုကလေးစိတ်ကျေနပ်အောင် အအေးတစ်ခွက်အရင်မှာပေးလိုက်သည်။
"ဘာစားမလဲ ။ စားချင်တာမှာလိုက်နော်"
"အင်း"
အင်း ဆိုပြီးသူစားချင်တာတွေမှာပြီထဲက ဘာစကားတစ်ခွန်းမှမပြောတော့ပဲ စားနေတဲ့ ကလေးကို သူလည်း ဘာမှ မပြောတော့ပဲ ထိုင်စောင့်ပေးနေလိုက်သည်။
...........
"အတန်းထဲ ပြန်လိုက်ပို့ပေးရဦးမလား"
"ရတယ် "
"အင်း အာ့ဆို ကိုယ်သွားတော့မယ်နော်။ တာ့တာ"

🍁Land of Maple 🍁Where stories live. Discover now