"Chae အခြေနေဘယ်လိုရှိလဲ Unnie"
"သက်သာပါတယ် သတိမရသေးတာပဲရှိတယ် ။ အရင်ကပြောခဲ့သလိုပဲ သူ အတိတ်ကို တော်တော်လေးပြန်သိချင်နေတာ အဲ့နေ့ကလည်း Lisaနဲ့ကိုယ် တွဲရိုက်ထားတဲ့ ဓာတ်ပုံကိုမြင်ပြီး သူခေါင်းကို အရမ်းအလုပ်ပေးလိုက်လို့ထင်တယ် မေ့လဲသွားတာ ကိုယ်တော့ သူ့အတိတ်ကို အမှန်တိုင်း ပြန်ပြောပြသင့်ပြီးလို့ထင်တယ်"
"Nae ညီမလည်း အကုန်လုံးကို ပြန်ပြောပြဖို့ ပြင်ပြီးပါပြီ ။ ပြီးတော့ ဟိုက ကိစ္စတွေလည်း အကုန်အစဖြတ်ခဲ့ပြီးပြီ"Jisoo Unnieက Chaeမေ့လဲသွားတယ်လို့ ဖုန်းဆက်ပြောလာတော့ Lisa ဟိုက
ကိစ္စတွေကို အမြန်ရှင်းပြီးKoreaကို လိုက်လာခဲ့ခြင်းဖြစ်သည်။........xxxx..........
"Lisa ...."
"Chae ကိုယ်ရှိတယ် ကိုယ်ရှိတယ်နော် ဘာမှမကြောက်နဲ့တော့"
"Lisa"
Chaeက သူ့နာမည်ကို အော်ပြီး သတိရလာခြင်းဖြစ်သည်။ Chaeပုံစံက အရမ်းကြောက်လန့်နေသလိုမျိုး Lisaကိုမြင်တော့ အားကိုးတကြီး ဆွဲဖက်လာတယ်။
"Chae , Chae ဘာမှမဖြစ်တော့ဘူးနော် ကြောက်မနေနဲ့တော့ "
"Chae သက်သာရဲ့လား ၊ မင်း သတိမေ့
နေတာ တစ်ပတ်ရှိပြီ "
Jisoo ဝင်ပြောလိုက်တော့မှ Chaeက အိမ်မက်ကနေလန့်နိုးပြီး လက်ရှိဘဝထဲ ပြန်ရောက်လာသလို အတန်ကြာLisa
ကို တစ်လှည့် Jisooကို တစ်လှည့်ငေးနေကြည့်နေပြီမှ
"Unnie , Chae အကုန်လုံးကို သတိပြန်ရသွားပြီထင်တယ် ။ အရင်က တစ်ဝက်တစ်ပျက်မက်တဲ့ အိမ်မက်ဆိုးတွေကိုလည်း အခုအစဆုံးမက်လိုက်ရတယ် ။ ပြီးတော့ သူ "
Chaeက သူ့ရှေ့မှာ ထိုင်နေတဲ့ Lisaကို
လက်ညိုးထိုးပြီး ဆက်ပြောတယ်။
"အရင်ကအိမ်မက်ထဲမှာ ခဏခဏတွေ့ရတဲ့ သူကိုလည်း အခု အပြင်မှာမြင်နေရတယ်။ ပြီးတော့ သူ့ကို မြင်တော့ ဒီရင်ဘတ်က အရမ်းခုန်နေတယ် ။ သူစိမ်းတစ်ယောက်လို ခံစားချက်မျိုးလည်း မဖြစ်ဘူး ။ အရမ်းလွမ်းနေလို့
ရင်ခွင်ထဲပဲ ထွေးပွေ့ထားချင်တဲ့ ခံစားချက်မျိုး ဖြစ်နေတယ်"
Chaeက သူ့ရင်ဘတ်လေးကို ပုတ်ပြပြီး
ရှက်ပြုံးကြီး ပြုံးပြီးပြောလာခြင်းဖြစ်သည်။
"လာ ဖက်ထားပေးမယ် "
ပြောလည်းပြော Lisaက Chaeကို ရင်ခွင်ထဲ လှမ်းဖက်ထားလိုက်တယ်။
"Lisa, နင်က ငါ့ရဲ့ Lisa ဟုတ်တယ်မလား ။ ငါ့ကို အသည်းသန်လိုက်ကြိုက်ခဲ့ပြီး ရက်ရက်စက်စက်ပစ်ထားခဲ့တဲ့မိန်းမ ဟုတ်တယ်မလား "
Chaeက နှုတ်ခမ်းလေးစူပြီ သူပြန်မှတ်မိသမျှအကုန်ပြန်ပြောနေခြင်းဖြစ်သည်။
"ဟုတ်တယ်မလား ငါပြောတာတွေအကုန်လုံးက အိမ်မက်မဟုတ်ပဲ တစ်ကယ်ငါမေ့နေတဲ့အတိတ်တွေမလား"
"အင်း ဟုတ်တယ် ။ ရက်ရက်စက်စက်ပစ်ထားခဲ့တာမဟုတ်ပါဘူး။ ဒယ်ဒီကြောင်း နင်ဒုက္ခရောက်မှာစိုးလို့ ငါအဝေးမှာနေဖို့ ကြိုးစားခဲ့တာ"
"အဲ့နေ့က ငါဘာဆက်ဖြစ်လဲ အကုန်လုံး
အမှန်တိုင်းပြောပြပါလား ။ နင့်ဒယ်ဒီ ငါ့ကို ဖမ်းခေါ်သွားခိုင်းတဲ့ညက ယောကျ်ားတွေအများကြီး ငါ့ကို အနိုင်ကျင့်ဖို့ ကြိုးစားကြတယ် သူတို့ထဲက တစ်ယောက်က ငါ့ကို အင်္ကျီဆွဲချွတ်တော့ ငါသူ့လက်ကို ပိတ်ကိုက်လိုက်တယ် အဲ့မှာ သူက ငါ့ကို ပါးပြန်ရိုက်ပြီး နောက်ကို အရှိန်နဲ့တွန်းလိုက်တော့ ငါနံရံနဲ့တိုက်ပြီး မေ့လဲသွားတယ် အဲ့နောက် ငါဘာမှမသိတော့ဘူး"
"အဲ့ညက ငါ အိမ်ပြန်ရောက်တော့ Bamကို ဒယ်ဒီနင့်ကို ဖမ်းခေါ်သွားခိုင်းလောက်မဲ့ နေရာကို လိုက်သွားပြီး ကယ်ပေးဖို့ အကူညီတောင်းခဲ့တာ ။ Bam က နင့်နောက်လိုက်သွားပြီး ကယ်ခဲ့တာ ။ အဲ့ညက နင်ဘာမှမဖြစ်ခဲ့ဘူး "
Lisaက ရေသန့်ဘူးကို လှမ်းယူသောက်ပြီး ဆက်ပြောသည်။
"အဲ့နေ့က နင့်ကိုကယ်ပြီးရင် သေ င်္ဘာ
နဲ့ ထိုင်းကနေ Koreaကို ထွက်သွားဖို့ စီစဥ်ခိုင်းခဲ့တာ ဒါပေမဲ့ စီစဥ်သလိုမဖြစ်ခဲ့ဘူး ဒယ်ဒီလူတွေ အနောက်ကလိုက်လာတာနဲ့ Bamက နင့်တစ်ယောက်ထဲကိုပဲ သေင်္ဘာ နဲ့ တင်ပေးလိုက်ပြီး သူက ဒယ်ဒီလူတွေကို လမ်းလွဲခေါ်သွားတယ်။ အဲ့နေ့ထဲက Bam ငါ့ဆီ ပြန်ရောက် မလာတော့ဘူး "
Lisa က ပြောရင်း ငိုသံပါလာသည်။ Chaeလက်ကို တင်းနေအောင်ဆုပ်ကိုင်ပြီး ဆက်ပြောတယ်။
"အဲ့နေ့က ငါနှလုံးသားတွေ ကွဲကြေသွားသလိုကို ခံစားခဲ့ရတာ ။ နင့်ကိုပါ
နင့်ကိုပါ ဆုံးရှုံးလိုက်ရပြီထင်လို့ ။ နောက်တစ်ရက်ကြာတော့မှ နင့်ကို Koreaခေါ်သွားပေးတဲ့ လူက ဖုန်းဆက်လာတာ နင်သတိမရသေးလို့ ဆေးရုံပဲပို့ထားခဲ့တယ်တဲ့။ အဲ့ဒါနဲ့ ငါ Jisoo Unnie ကို အစဆုံးအကျိုးကြောင်းပြောပြပြီး နင့်ကိုစောင့်ရှောက်ပေးဖို့ အကူညီတောင်းခဲ့တာ"
"အဲ့ဒါဆို Jisoo Unnieက နင်ပြောပြောနေတဲ့ အသည်းပုံနှုတ်ခမ်းနဲ့ ဆရာဝန်မလေး ဆိုတာပေါ့"
"အင်းပေါ့"
Chaeက Jisooကို ကြည့်ပြီး မေးလာခြင်းဖြစ်သည်။
"အဲ့ဒါတောင် ဒီအတောအတွင်းနင့်အ
ကြောင်း ,ငါ့အတိတ်ကြောင်းတစ်ခုမှမပြောခဲ့ဘူး ။ ငါက ဒီတိုင်း ငါ့ကို ဆေးကုပေးတဲ့ ဆရာဝန်မလေးထင်နေတာ"
"ㅋㅋㅋㅋ"
"အဲ့ဒါက တမင်တကာ မပြောခဲ့တာမဟုတ်ပါဘူးရှင့် ၊ ရှင့်လူLisa က ရှင်ဆေးရုံက သတိရလာတော့ ဘာတစ်ခုမှမမှတ်မိတော့ဘူး အဲ့နေ့က ကြောက်စိတ်နဲ့ နံရံနဲ့ခေါင်းနဲ့ထိသွားတဲ့အရှိန်နဲ့ရောပြီး ဦးနှောက်ကအကာတစ်ခုပိတ်သွားသလိုမျိုး အတိတ်မေ့ရောဂါပုံစံ ဖြစ်သွားတယ်လို့ ပြောလိုက်တော့ ရှင့်ကို အဲ့တိုင်းပဲထားပြီးဆေးကုပေးပါ ။ အတိတ်ကြောင်းတွေပြန်မပြောပါနဲ့ဦးလို့ ကတိတောင်းထားခဲ့လို့ပါ "
နှုတ်ခမ်းလေးစူပြီးရန်တွေ့လာတဲ့ Chaeကို Jisoo ခပ်ရွဲ့ရွဲ့ပြန်ရှင်းပြလိုက်ခြင်းဖြစ်သည်။
"ပြောပါဦး ။ နင်က ငါ့ကိုဘာလို့ပြန်မမှတ်မိစေချင်တာ"
...................
*ZG*
YOU ARE READING
🍁Land of Maple 🍁