"Bam ငါ နောက်ဆုံးအနေ နဲ့ Chaeကို တစ်ခါလောက်တော့ သွားတွေ့ကြည့်ချင်တယ်"
"ဖြစ်ပါ့မလား နင်ကအခုစေ့စပ်ပြီနေပြီလေ နင့်ဒယ်ဒီသိရင် ပြသနာတွေပိုရှုပ်ကုန်လိမ့်မယ်"
"ရတယ် ငါခဏလေးဖြစ်ဖြစ် အဝေးကနေပဲဖြစ်ဖြစ် သူ့မျက်နှာလေးကို တွေ့ခွင့်ရချင်ရုံပဲ ကူညီပေးပါနော်"
"ကျွတ် .... ဘယ်လိုလုပ်ရမလဲဟာ ဟိုတစ်ခါတုန်းကလို Coffeeထဲ ဆေးခပ်တိုက်လို့လည်း မရတော့ဘူး"
"ခပ်တိုက်စရာလည်းမလိုတော့ပါဘူး ။
ငါ့မှာအကြံရှိတယ် နင်က ဖောရှောလုပ်ပေးရုံပဲ"
.........xxx.......
"Hello ဒယ်ဒီ "
"ညစာ စားပွဲလား ။ ဟုတ်ကဲ့ ဒယ်ဒီ သမီးအခုထွက်လာခဲ့မယ်နော်"
Lisa ဒယ်ဒီနဲ့ဖုန်းပြောချင်ယောင်ဆောင်ပြီး အခန်းထဲကထွက်တော့ ထင်တဲ့အတိုင်း အစောင့်တွေက တားလာတယ်။
"ဘယ်သွားမလို့လဲ မင်းသမီးလေး"
"ဒယ်ဒီက ဘုရင့်နန်းတော်မှာ ညစာစားပွဲရှိတယ်တဲ့ ငါ့လာခိုင်းလို့ "
"ဟုတ်လို့လား "
"ရော့ မယုံရင် ဒယ်ဒီနဲ့ ဖုန်းပြော ။ ဒယ်ဒီ အစောင့်တွေကမယုံလို့တဲ့ သမီးကို မလွတ်ဘူး "
"ဟုတ်တယ် လွတ်ပေးလိုက်ကွ ငါခေါ်တာ မင်းတို့က အရစ်ရှည်မနေနဲ့"
"တောင်းပန်ပါတယ် အမတ်မင်း အခုလွှတ်ပေးလိုက်ပါမယ် "
Bam ကို အသံဖျက်ပြီး ပြောခိုင်းတာကအလုပ်ဖြစ်သားပဲ ။
...............
အိမ်နားမရောက်ခင် စျေးထုတ်တွေနဲ့ သူ့ရဲ့ရှဥ့်ပေါက်လေးကိုတွေ့လိုက်တာကြောင်း ကားရပ်ပြီး အနောက်ကသာပြေးလိုက်သွားလိုက်သည်။
"Chae, Chaeyoung "
"Chaeyoung ငါခေါ်နေတာကို မကြားဘူးလား"
အနောက်ကနေ အမောတခေါပြေးလိုက်လာပြီး အရှေ့ပိတ်ရပ် မေးလာခြင်းဖြစ်သည်။
"ကြားတယ် ။ စကားပြောစရာမလိုဘူးထင်လို့ လှည့်မကြည့်တာ"နင်စိတ်ထင်ရာပျော်သလို အကုန်လုပ်သွားပြီး ဘာလို့ဒီလောက်တောင် ပိန်နေရတာလဲ ။ ကျွတ် အဲ့မိန်းမအတွက် ထည့်စဥ်းစားစရာလိုသေးလို့လား ။
"နင် ငါ့ကိုအရမ်းမုန်းနေလား "
"အင်း မုန်းတယ် အရမ်း "နင်သိလားChae ,ငါက နင်မျက်နှာကို ကြည့်တာနဲ့ နင်ဘာဖြစ်နေလဲ တန်းသိတယ် ။ နင်တစ်ကယ်ငါ့ကို မုန်းသွားတာဆိုရင် ငါကျေကျေနပ်နပ် ခံယူလိုက်မှာ။ ဒါပေမဲ့ အခုက နင်ငါ့ကို မုန်းဖို့ကြိုးစားရင်းနင့်ကိုယ်နင် မုန်းနေတာ ဒီလိုမျိုးကြီးနဲ့တော့ ငါနင့်ကိုမထားခဲ့နိုင်ဘူး။
YOU ARE READING
🍁Land of Maple 🍁