Part 19
2.4K 166 3
"Chaeyoung , ငါနဲ့အပြင် ခဏလိုက်ခဲ့ပါလား "
"ဘယ်သွားမလို့လဲ"
"နေ့လည်စား ဝယ်ကျွေးချင်လို့"
"တစ်ကယ်လား "
"တစ်‌ကယ်ပေါ့"
"ဟီး အဲ့ဒါဆိုလိုက်မယ် ၊ ငါဗိုက်ဆာနေ
တာ"
နေ့လည်စားဝယ်ကျွေးမယ်လို့ပြောလိုက်တော့ ကလေးလေးတစ်ယောက်လို ပျော်သွားပြီး ဗိုက်လေးပွတ်ရင်း ပြန်ပြောလာတဲ့ ရှဥ့်ပေါက်လေးက တစ်ကယ်မြတ်နိုးစရာ။
.............
"Chae စားချင်တာမှာနော် အားမနာနဲ့"
"စိတ်ချ အစားနဲ့ပတ်သက်ရင်အားမနာဘူး😁"
သူစိမ်းတစ်ယောက်နဲ့ ပထမဆုံးအကြိမ်
မုန့်အတူစားကြရင် အများစုက ရှက်ပြီး
ပဲများကြတယ်မလား ။ ဒီရှဥ့်ပေါက်လေးကတော့ စားနေတာ ကလေးအတိုင်းပဲ😆။
.............
"အားလုံးပဲ မင်္ဂလာပါ ခင်ဗျား ။ ဒီနေ့ကျွန်တော်တို့ ဆိုင်က စားသုံးသူတွေကို
မေတ္တာတုံ့ပြန်တဲ့ အနေနဲ့ ဆိုင်ကယ်တစ်စီးနဲ့ အခြားတန်ဖိုးရှိတဲ့ပစ္စည်းများစွာမဲဖောက်ပေးသွားဖို့ စီစဥ်ထားပါတယ်ခင်ဗျာ။ မည်သူမဆို မှာစားထားတဲ့ဘောင်ချာ စာရွက်လေးတွေအနောက်မှာ နာမည်ရေးပြီးတော့ ဒီဗုံးထဲမှာ လာထည့်လို့ရပါတယ် ခင်ဗျ"
.........
"Lisa yah မဲဖောက်ပေးမယ်တဲ့ သွားထည့်ရအောင် "
"မထည့်ချင်ပါဘူးဟာ "
"နင်ကလည်း ကံကောင်းရင် ဆိုင်ကယ်တစ်စီးအလကားရမှာလေး နည်းလား သွားထည့်ရအောင်"
"နင်ထည့်ချင်ရင်သွားထည့် ပေါက်ရင် နင့်ဘာသာယူလိုက်"
"ပြီးရောဟာ ငါ့ဘာသာ သွားထည့်မယ် ။ ရရင်နင့်ကိုမပေးဘူး"
သူ့ကို စိတ်မရှည်ပဲနှုတ်ခမ်းကြီးစူပြောပြီး ဘောက်ဆက်ဘောက်ဆက်နဲ့ ထသွားပြီးမဲထည့်နေတဲ့ ရှဥ့်ပေါက်လေးပါပဲ😂။ ကိုယ့်မှာ သူ့ကိုဆိုင်ကယ်ပေးချင်လို့ ကြံမိကြံရာ ကြံပြီးBamကို စီစဥ်ခိုင်းထားရတာ။
............
"ကဲ အခုမဲလိပ်တွေကို ရွေးချယ်ဖောက်ပေးသွားပါတော့မယ် ခင်ဗျား"
"မအန်နီယာ ထမင်းပေါင်းအို ပေါက်ပါတယ်။ ကိုခွန် က ဒီဆိုင်မှာ ကြိုက်တာ တစ်ပတ်တိတိ လာစားခွင့်ပေါက်ပါတယ်။ ပြီးတော့ .......... "
"Lisa yah ငါရင်တွေခုန်နေပြီ 😶"
စိတ်အေးအေးထားပါ ရှဥ့်ပေါက်ရာ နင်ပဲရမှာကို နင့်အတွက် နင့်အတွက်ပဲ စီစဥ်ထားတာ။
"နင်မလို့မျှော်လင့်နေတာ ဒီလောက်လူအများကြီးကို နင်ရမှာမဟုတ်ဘူး"
"yah အစုတ်မ ပါးစပ်ပုတ်ကြီးနဲ့ လျှောက်ပြောမနေနဲ့။ ငါရမှ နင့်နည်းနည်းလေးတောင်ခွဲမပေးဘူး 😡"
Lisa ဒီရှဥ့်ပေါက်လေး စိတ်တိုအောင် လျှောက်စနေခြင်းသာ ကိုယ့်မှာ သူကြည့်ပြီး ပြုံးနေရ ။ သူBamကို ဖောက်ပေးလိုက်တော့ဖို့ အချက်လှမ်းပြလိုက်သည်။
"ဟုတ်ကဲ့ အထူးဆုကြီးကို ပေါက်သွားတဲ့သူကတော့ Ms.Park Chaeyoung ဖြစ်ပါတယ်ခင်ဗျား "
"ဝေ့"
ရှဥ့်ပေါက်က အပျော်လွန်ထခုန်ပြီး သူ့ကို လှမ်းဖက်လာသည်။ သူကတော့ ဘာရယ်မဟုတ် အပျော်လွန်းပြီး ဖက်လိုက်တာ ကိုယ့်မှာတော့ ရင်ထဲ ရထားအစီးတစ်ရာလောက် ဖြတ်မောင်းသွားသလို ခံစားလိုက်ရ။
"ဟုတ်ကဲ့ အခုလိုမဲပေါက်တဲ့အတွက် အတိုင်းမသိပျော်ရပါတယ်ရှင့်‌။ ကျေးဇူးပါ ။ ဒီဆိုင်လည်း အများကြီးရောင်းရပါစေရှင့်"
..........
"တက် ပြန်မယ်"
"ငင့် အခုမှမဲပေါက်တာကို ချက်ချင်းစီးပြန်မလို့"
"ဟီး ဟုတ်တယ်။ ငါအရင်ထဲက ဆိုင်ကယ်တစ်စီးဝယ်ချင်နေတာဟ။ အခုတော့ ဝယ်စရာမလိုပဲရတာ ပျော်စရာကြီး"
............
"အမယ်လေး ဖြည်းဖြည်းမောင်းပါ Park Chaeyoungရဲ့ ။ အရှေ့မှာ ကား ကား ၊ အမယ်လေး မှောက်တော့မယ် မှောက်တော့မယ် "
သေပါပြီ ဆိုင်ကယ်ဝယ်ပေးမိတာမှားပါပြီ။ ဒင်းက ဆိုင်ကယ်မောင်းနေလိုက်တာ လူလိုကို မမောင်းဘူး ။ ကိုယ့်မှာ အနောက်ကလေ ဂျိန်းစဘွန်း ကားထဲပဲရောက်သွားသလိုလို နတ်ပြည်ပဲရောက်တော့မလိုလို နဲ့ ဘုရားစာရွတ်လိုက်နေရ။
"မကြောက်ပါနဲ့ ၊ ငါဆိုင်ကယ်မောင်းတက်ပါတယ် ငါ့သူငယ်ချင်းစီက သင်ထားတာ ။ ကဲ ရောက်ပြီး တွေ့လား ဘာမှမဖြစ်ဘူး"
Lisa ဆိုင်ကယ်ပေါ်ကဆင်းပြီး ရင်တုန်နေလို့ သူ့ဘာမှပြန်မပြောနိုင်သေး။
"ဒီဆိုင်ကယ်ငါ ယူထားလိုက်မယ်နော် နင်ကမစီးတက်ဘူးဆိုတော့"
"အေး ယူ ယူ အစထဲက နင့်ရတဲ့ဟာကို ငါ့ဟာမှမဟုတ်တာ"
"ဒါပေမဲ့ ထမင်းက နင်ဝယ်ကျွေးတာလေ အဲ့တော့ နင်နဲ့လည်း ဆိုင်လို့"
"ရတယ် ရတယ် ဘာမှမဖြစ်ဘူး ။ ပြန်တော့မယ်"
"ငါ လိုက်ပို့ပေးရဦးမလား"
"အမယ်လေး နေပါ ကိုယ့်ဘာသာ လမ်းလျှောက်ပြန်မယ်"
"ဟားဟား ကြောက်တက်ပေါ့"
"ဟုတ်တယ် ကြောက်တယ် ပြန်ပြီ"
Lisa ပြောပြီး အမြန်သာ ပြန်ပြေးလာလိုက်သည်။ ဒီရှဥ့်ပေါက်လက်ထဲ ဆိုင်ကယ်ထည့်မိတာမှားပါပြီး။ အခုတော့ ဆိုင်ကယ်စီးရင် တစ်ခုခု ဖြစ်မှာပါ စိုးရိမ်းရတော့မယ်။
..............
*ZG*
"ဘယ်သွားမလို့လဲ"
"တစ်ကယ်လား "
"တစ်‌ကယ်ပေါ့"
တာ"
.............
.............
.........
"မထည့်ချင်ပါဘူးဟာ "
............
"ဝေ့"
..........
"တက် ပြန်မယ်"
............
"ဟားဟား ကြောက်တက်ပေါ့"
..............
🍁Land of Maple 🍁Where stories live. Discover now