Part3
3.4K 210 4
"ဟာ ကလေး"
Soo ဝမ်းသာအားရလှမ်းခေါ်လိုက်တော့ ကလေးက အံ့သြသွားတဲ့ပုံနဲ့ မော့ကြည့်လာသည်။
"သမီးတို့ က သိနေကြတာလား"
အန်တီJimi က Sooပန်ကန်ထဲ မုန့်ထည့်ပေးရင်း မေးလာခြင်းဖြစ်သည်။ မေမေကတော့ မနေ့ကမှ ပြန်လာပြီးသိနေတယ်ဆိုတာ မဖြစ်နိုင်ဘူးဆိုတဲ့ အကြည့်နဲ့ ကြည့်နေသည်။
"ဟုတ် မနေ့က ကျောင်းမှာတွေ့တာ"
"Aww ‌မနေ့က အရေးကြီးကိစ္စပေါ်လာလို့ သူ့ကို ကျောင်းမသွားပါနဲ့ဦး ။ နောက်ရက်မှ လိုက်ပို့မယ် အိမ်မှာနေဦးဆိုပြီး မှာခဲ့တာကို တိတ်တိတ်လေးခိုးထွက်သွားတယ်လေ "
အန်တီJimiက မုန့်တစ်ဇွန်းစားပြီး ဆက်ပြောသည်။
"အဲ့ဒါ ပြန်ရောက်တော့ စိတ်ပူပြီး လိုက်ရှာရတာ ခေါင်းမီးတောက်နေရောရှင်။ ကျောင်းဘက်လိုက်သွားကြည့်မှ ဒင်းကအခန်းထဲမှာ စာသင်နေတာ ၊ မလွယ်ဘူး သမီးတစ်ယောက်ထဲရှိလို့သာ တော်တော်ထိန်းရခက်"
"ဟာ မေမေနော် ။ သမီးက အဲ့လောက်မဆိုးပါဘူး ။ ဘာလို့သူများတွေရှေ့မှာမကောင်းကြောင်းပြောနေတာလဲ "
နှုတ်ခမ်းကြီးစူပြီး သူ့အမေကိုဝင်တားနေသည့် ကလေးက တစ်ကယ်ချစ်ဖို့ကောင်းနေပြန်ရော ။
"ㅋㅋㅋㅋ"
Soo ကြည့်နေရင်း ရယ်လိုက်မိတော့ ထိုကလေးက မျက်စောင်းလှမ်းထိုးသည်။
တစ်ကယ် သူ့ထက်ကြီးနေလို့သာ ၊ငယ်ရင်မလွယ်ဘူး ဒီကလေးနဲ့ 😑 ။
"ခြံထဲလိုက်ပြပါလား "
Soo မုန့်စားပြီး ပျင်းလာသောကြောင်း
အရှေ့ကအချေစိန်လေးကို ခြံထဲလိုက်‌ပြဖို့ ပြောခြင်းဖြစ်သည်။ သူ့အမေရှေ့မှာဆိုတော့ ငြင်းလောက်မည်မဟုတ်။
"အင်း သွားမယ်လေ "
..........
" Unnie နာမည်က Kim Jisoo ။ ကလေးနာမည်ကရော "
အခုချိန်ထိ တစ်ယောက်ကိုတစ်ယောက် မိတ်မဆက်ရသေးသောကြောင်း Sooကိုယ့်ကိုယ်ကို မိတ်ဆက်လိုက်ခြင်းဖြစ်သည်။
"ခုနက မေမေတို့နဲ့ ပြောပြီးပြီမဟုတ်လား ။ ဘာလို့ထပ်မေး"
ဗု‌‌ေဒ္ဓါ နာမည်လေးမေးတာကို လူကို
ကောင်းကောင်းမွန်မွန်ပြန်ပြောရနေတာကို ဟိုအ၀ီစီရောက်အောင် ချေနေသေး။
"ခုနက ကိုယ့်နာမည်ပဲ မိတ်ဆက်ရသေးတာလေ ။ ယူ့နာမည်မှမသိတာ "
ဘယ်ရမလဲ။ ဒီလောက်ဖြစ်နေတာ ဒီကလည်း ပြန်ချေရမှပေါ့ ။ ကလေးလို့မခေါ်တော့ပဲ တမင်တကာ ယူလို့ သုံးပြောလိုက်တော့ မျက်လုံးတစ်ချက်ပင့်ကြည့်ပြီး
"Jennie ။ Jennie Kim "
"နာမည်လေးက ချစ်စရာလေးပဲ။ ကိုယ်နဲ့ Kimချင်းတူတယ်😛"
ဒီလောက်အငယ်က ချေမိုးနေတာတောင် မိမိက ဘာကိစ္စခြောက်ခွက် ပြောင်နေမိသည်မသိ။ ဒီကလေးနဲ့တွေ့ရင် လူက မျက်နှာကြီးအလိုလို ဖြီးနေရော😕
*ZG*
"ဟာ ကေလး"
"ㅋㅋㅋㅋ"
"ခြံထဲလိုက်ပြပါလား "
"အင်း သွားမယ်လေ "
..........
" Unnie နာမည်က Kim Jisoo ။ ကလေးနာမည်ကရော "
ဗု‌‌ဒ္ဓေါ နာမည်လေးမေးတာကို လူကို
"Jennie ။ Jennie Kim "
🍁Land of Maple 🍁Where stories live. Discover now