Part 25

2.5K 157 4
                                    

ကျွီး
"Lisa လာကားပေါ်မြန်မြန်တက်"
"ဘာလို့လဲ Bam , ငါChaeနဲ့ မတွေ့ရသေးဘူး။ သူ့အိမ်မှာမရှိလို့ ငါအခု အလုပ်လိုက်သွားမလို့"
"မသွားနဲ့တော့ နင့်အဖေပြန်လာတော့မယ် ပြီးတော့ ဘုရင်ကြီးနဲ့ အိမ်ရှေ့စံ
လည်း ပါမယ်တဲ့ ။ နင့်ကို အဆင်သင့်ပြင်ခိုင်းထားဖို့ ခုနကဖုန်းဆက်တယ်။ အဲ့ဒါကြောင်း အမြန်လာခေါ်တာ"
"ဟာ ငါအခုထိ Chaeနဲ့မှ မတွေ့ရသေးတာ "
"လာပါ နောက်တစ်ခါမှတွေ့ ငါကူညီပေးမယ်။ နင့်အဖေပြန်လာလို့ နင့်ကိုမတွေ့ရင် ပြသနာတွေတက်ကုန်လိမ့်မယ်"
Lisa သက်ပြင်းချပြီး Bamကားပေါ်
သာဝင်ထိုင်လိုက်ရသည်။ "Chaeရေ
ခဏပဲစောင့်ပေးပါ ငါနင့်ဆီသေချာ
ပေါက်ပြန်လာခဲ့ပါ့မယ် "
..................
"သွားသွား အနောက်ပေါက်ကအမြန်ဝင်ပြီး အဝတ်စားလဲ အလှပြင်ပြီး ဆင်းခဲ့လိုက် ၊ ငါအောက်ကနေ အချိန်နည်းနည်းဆွဲထား‌ပေးမယ်"
Lisaတို့ ပြန်ရောက်ပြီး မကြာမီပင် ဒယ်ဒီကား ပြန်ရောက်လာသည်။
....................
"မင်္ဂလာပါ ဘုရင်ကြီးရှင့် ၊ မင်္ဂလာပါ မင်းသားလေးရှင့် "
Lisa ပြင်ဆင်ပြီး အောက်ထပ်ကို အမြန်ပြေးဆင်းလာပြီး ဘုရင်ကြီးနဲ့ အိမ်ရှေ့စံ မင်းသားလေးကို ဦးညွှတ်အရိုသေပေးပြီး ဂါရဝပြုနှုတ်ဆက်လိုက်ခြင်းဖြစ်သည်။
"မင်္ဂလာပါ Lisa မတွေ့ရတာတောင်တော်တော်ကြာပြီပဲ ၊ လူကောင်ကြီးထွားပြီး ချောလာလိုက်တာ မင်းအဖေ
ပြောပြလို့ မင်းဘယ်လောက်တော်ကြောင်း အားကိုးရကြောင်းတွေ သိထားတယ်"
"ဟုတ်ကဲ့ ။ အခုလို ချီးမွမ်းပေးလို့ ဝမ်းမြောက်ကျေးဇူးတင်မိပါတယ် ဘုရင်ကြီးရှင့် "
"သမီး Lisa , မင်းသားလေးကို ခြံထဲလိုက်ပြလိုက်ပါဦး "
"ဟုတ်ကဲ့ ဒယ်ဒီ"
.................
"Lisa"
"ဟုတ်ကဲ့ အမိန့်ရှိပါ မင်းသားလေး"
"နင်နဲ့ငါက ငယ်ငယ်ထဲက ခင်လာကြတာပဲ အခု ဘယ်သူမှလည်းရှိတာ မဟုတ်တော့ ပေါ့ပေါ့ပါးပါးပဲ ပြောကြတာပေါ့"
"ဟုတ်ကဲ့ မင်းသားလေး"
"‌ရော လုပ်ပြီး ပေါ့ပေါ့ပါးပါးပဲ ပြောကြပါမယ်ဆို"
"ဟီး sorry ယောင်သွားလို့"
"ထားပါတော့ ဒါနဲ့ နင်သိပြီးပြီးလား "
"ဘာကိုလဲ"
"ငါတို့ အဖေတွေက ငါတို့ကို အိမ်ထောင် ချပေးဖို့ ပြင်နေကြတယ်။ မနက်ဖြန် စေ့စပ်ပွဲ လုပ်မယ်ထင်တယ်"
"ရှင် ... မင်းသားလေး တစ်‌ကယ်ပြောတာလား ။ ဒီကိစ္စတွေကျွန်မ ဘာတစ်ခုမှမသိဘူး "
"ဟုတ်တယ် အဲ့ကိစ္စကြောင်း ငါတို့သားအဖ ဒီကိုလာတာ"
မင်းသားလေးပြောတဲ့ စကားတွေ ဘာတစ်ခုမှ ဆက်မကြားနိုင်တော့အောင်ကို Lisaခေါင်း တစ်ခုလုံး ပူထူနေသည်။
"Lisa , Lisa"
"အမ် ရှင် မင်းသားလေး"
"ငါ‌ ခေါ်နေတာကြာပြီ ဘာတွေစဥ်းစားနေတာလဲ။ အဖေက ပြန်တော့မယ်တဲ့ သွားရအောင်"
"ဟုတ်ကဲ့"
....................
"ဒယ်ဒီ ဘာတွေလျှောက်လုပ်နေတာလဲ
ကျွန်မ ဆန္ဒကိုမမေးပဲ ဘာတစ်ခုမှ မတိုင်ပင်ပဲ ဘာတွေ လျှောက်လုပ်နေတာလဲ ဒယ်ဒီ"
ဘုရင်ကြီး ပြန်သွားပြီ ဖြစ်တာကြောင်း Lisa ဒယ်ဒီအခန်းထဲ ဝင်ပြီး မေးလိုက်ခြင်းဖြစ်သည်။
"နင့် ပါးစပ်ပိတ်ထားစမ်း ဒါတွေက ငါအခုမှ ထစီစဥ်တာမဟုတ်ဘူး။ နင်မွေးထဲက ဘုရင်ကြီးကိုယ်တိုင် ချွေးမ တော်မယ်ဆိုပြီး ပြောခဲ့တာ "
"မဟုတ်ဘူး ဒယ်ဒီ ၊ ဒါက သမီးတို့တွေ
ဘာမှမသိတက်ခင်အရွယ်ထဲက ကြိုစီစဥ်ထားလို့ရတဲ့ အရာတွေမဟုတ်ဘူး ဒယ်ဒီ ။ သမီး လက်မခံနိုင်ဘူး"
"လက်မခံလို့ မရဘူး Lalisa ,နင်အခုလိုတွေ ဖြစ်နေတာ ဟိုကောင်မကြောင်း မဟုတ်လား "
"ဟိုကောင်မ မဟုတ်ဘူး ဒယ်ဒီ သူ့နာမည် ပတ်ချယ်ယောင်းလို့ ကျွန်မပြောထား ပြီးပြီလေ"
"တော်စမ်းပါ သူ့ဘာသာ ပတ်ချယ်ယောင်း ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ငါစိတ်မဝင်စားဘူး။ အရင်တုန်းက ငါ့စကား တစ်ခွန်းဆို တစ်ခွန်း နားထောင်ခဲ့တဲ့သူက အခု အဲ့ဒီ ဘာမဟုတ်တဲ့ကောင်မ ကြောင်း ဆက်ဆက်ထိမခံပြန်ပြောနေ
တာ အဲ့ကောင်မက သင်ပေးလိုက်တဲ့အရာတွေလား "
"ဒယ်ဒီ သူ့ကို ကောင်မ ကောင်မလို့ မခေါ်ပါနဲ့ ကျွန်မ မကြိုက်ဘူး ပြီးတော့
ဒီကိစ္စက Chaeနဲ့ ဘာမှမဆိုင်ဘူး ။ သူ့ကို ဆွဲထည့်ပြောစရာ မလိုဘူး"
"အေး လိုတယ် နင်အခုလို ရိုင်းစိုင်းနေ
တာ အကုန်လုံးက သူ့ကြောင်းပဲ"
"မဟုတ်ဘူး ဒယ်ဒီ သူက သမီးကို ချစ်တက်လာအောင် ဒီလောကကြီးထဲမှာ
ပျော်တက်လာအောင် အသက်ရှင်ခြင်းရဲ့ အဓိပ္ပာယ်ကို သိလာအောင် လုပ်ပေး
ခဲ့တဲ့သူပဲ"
"တော်စမ်းပါ ငါ့ရှေ့မှာ နင့်ကောင်မကို
ချီးမွမ်းခန်း လာထုတ်မနေနဲ့။ ဒီမှာ နောက်ဆုံး ပြောမယ် နင့်ရဲ့ အဲ့ဒီကောင်မကို ဒုက္ခမရောက်စေချင်ရင် မနက်ဖြန် စေ့စပ်ပွဲလုပ်ရမယ် ဒါပဲ"
"ဒယ်ဒီ"
"တော်တော့ ။ ဘာမှဆက်မကြားချင်တော့ဘူး ငါ့အခန်းထဲက အခုချက်ချင်းထွက်သွားလိုက်တော့"
ကံကြမ္မာကြီးရေ ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ ရွေးချယ်ခွင့်တောင်မပေး😅
.......................
တီးလ် တီးလ်
Chae အိပ်နေတုန်း ဖုန်းသံမြည်လာလို့
ယူကြည့်လိုက်တော့ အလုပ်က Chae
သူငယ်ချင်း Miyeon
"Hello Miyeon ပြောလေ ဘာကိစ္စရှိလို့လဲ"
"Chae နင်အခု ဘယ်မှာလဲ"
"အိမ်မှာပဲလေ ဘာလို့လဲ"
"အဲ့ဒါဆို နင်အခုချက်ချင်း TVဖွင့်ပြီး
သတင်းကြည့်လိုက်ဦး"
"အမ် ဘာလို့လဲ"
"ဖွင့်ကြည့်လိုက်ပါ ဘာလို့လဲဆိုတာ သိလိမ့်မယ်"
Chae ,Miyeon ဖုန်းကိုချပြီး TVကို ဖွင့်ကြည့်လိုက်တော့ TVထဲမှာ မြင်ရတာက
အိမ်ရှေ့စံမင်းသားရဲ့ စေ့စပ်သတင်း။
"ရော အဲ့ဒါများ ဘာထူးခြားလို့ Miyeon တစ်ယောက် အလန့်တကြား ငါ့ ကြည့်ခိုင်းရတာလဲ😑" Chae . Miyeon ကိုအပြစ်တင်ပြီး TVထပိတ်မည်အလုပ် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင်း အဲ့နေရာမှာတင် ဆွံ့အနေမိ။
အိမ်ရှေ့စံနဲ့ စေ့စပ်လိုက်တဲ့သူက သူ့ချစ်ရစွာသော လူသားလေး၊ပြီးတော့ သူက အမတ်မင်းရဲ့ သမီးတဲ့ ဘာတွေဖြစ်ကုန်တာလဲ ဘာတွေလဲ Chaeတစ်ခုမှ လိုက်မှီအောင် မစဥ်းစားတက်တော့။
Lisaကတစ်ကယ် ဒီတစ်လျှောက်လုံး
သူ့ကို အပျော်သဘောနဲ့ လှည့်စားပြီး တွဲခဲ့တာလား😅 ဒီတစ်လျှောက်လုံး သူ့
အကြောင်း တစ်ခါမှမမေးမိခဲ့တဲ့ ကိုယ့်ကိုယ်ကိုသာ ထုရိုက်ပြီး အရူးလိုသာ အော်ငိုနေလိုက်မိ😅

🍁Land of Maple 🍁Where stories live. Discover now