Part 14

2.7K 186 2
                                    

"ကလင် ကလင် "
"ဘေးကို ဘေးကို စက်ဘီးမှာ ဘရိတ်မပါဘူး "
"ဝုန်း "
ရုတ်တရပ် ကိုယ့်ဆီ ပြေးလာနေတဲ့ စက်ဘီးကို Lisa ရှောင်ချိန်မရလိုက် ။
"စက်ဘီး တစ်စီးလုံးလာနေတာ မမြင်ဘူးလား "
သူကပဲ ကိုယ့်ကိုယ်တိုက်သွားပြီး မ‌တောင်းပန်တဲ့အပြင် ရန်စကား ဆိုလာတဲ့ မိန်းကလေးကို ရန်ပြန်တွေ့မလို့ မော့အကြည့် "ဟာ ချစ်ဖို့ကောင်းလိုက်တာ"
ရန်ပြန်တွေ့မဲ့အစား ထိုစကားကို စိတ်ထဲက ရေရွတ်မိသွားခြင်းဖြစ်သည်။
"ဒီမှာ ဒီမှာ ပြောနေတာကြားလား ။ ရှင့်ဘာသာ စက်ဘီးလာတဲ့အရှေ့ရပ်နေတာနော် ကျွန်မအပြစ်မဟုတ်ဘူး "
"အင်းပါ ဟုတ်ပါပြီး၊ မင်းလေးအပြစ်မဟုတ်ပါဘူး။ ကိုယ့်အပြစ် ကိုယ့်အပြစ် "
ဒီစကားကို Lisa ပြုံးပြုံးကြီး ပြန်ဖြေမိနေခြင်း ဖြစ်သည်။
"ကိုယ့်အမှား ကိုယ်သိရင် ပြီးတာပဲ။ ဘေးဖယ် ဘာမှမဖြစ်ဘူးဆိုလည်း ကျွန်မသွားတော့မယ် "
ဘယ်လိုလူပါလိမ့် ကြောင်တောင် တောင်နဲ့ စက်ဘီးနဲ့ ဝင်တိုက်တာကို မနာတဲ့အတိုင်း ရုပ်ကြီးက ပြုံးဖြီးလို့
ဘုရားရေ Chae စက်ဘီးနဲ့ ဝင်တိုက်မိလို့ ခေါင်းထိသွားတာတော့ မဟုတ်လောက်ပါဘူးနော် ။
"ဒီတိုင်း ထားသွားမလို့လား "
ခုနက စပ်ဖြီးဖြီးနဲ့ ပြောနေပြီး အခုကျ မျက်နှာငယ်‌လေးလုပ်ပြီးပြောနေ ပြန်တဲ့အရှေ့က ကောင်‌မလေးကို Chae တစ်ကယ်နားမလည်တော့ ။
"ရှင် ပုံစံက ဘာမှ ဖြစ်သွားပုံမှမရတာ၊
အဲ့တော့ ကျွန်မက ဒီတိုင်းသွားလို့မရဘူးလား "
"ဘာမှမဖြစ်ဘူးလို့ ဘယ်သူပြောလဲ ၊ ဒီမှာ အကြီးကြီး ခိုက်မိသွားတာ ခင်ဗျား မတွေ့ဘူးလား "
" အမ် ဘယ်မှာ ခိုက်မိသွားလို့ "
"ဒီမှာလေ heartအကြီးကြီးထိသွားတာ"
"သေလိုက်လေ သေလိုက် အဲ့ဒါဆို ဒီနေရာမှာတင် ချက်ခြင်းသေလိုက်တော့"
ဘယ်လိုအရူးပါလိမ့် မိန်းကလေးအချင်းချင်းကိုတောင် နှာဘူးလာကျနေတယ်။Chae ပြန်အော်ပြောပြီး သူအနားကနေ စက်ဘီးကို အရှိန်ပြင်းပြင်း နင်းထွက်လာလိုက်သည်။
................,,,,,...........
"ဟဲ့ သခင်မလေး ခေါင်းတစ်ခုခုများ ဖြစ်သွားလားမသိဘူး ။ ညနေက အပြင်ကပြန်လာထဲက ပြုံးဖြီးနေတာ အခုထိပဲ ပါးစပ်ကြီးက မစိတော့ဘူး"
"အေး ဖြစ်နိုင်တယ် ။ ကြည့်ပါလား သူ့လက်က ဒဏ်ရာကို ဆေးထဲပေးနေတာတောင် တစ်ချက်မတွန့်သွားဘူး"
Lisa ဘေးက အစေခံနှစ်ယောက် ပွစိပွစိ ပြောနေကြခြင်းဖြစ်သည်။ သူတို့ပြောလည်း ပြောချင်စရာ Lisaက အများသောအားဖြင့် မျက်နှာတည်နေတက်သည် ။ ဒါကလည်း Lisa အရမ်းချစ်ရတဲ့ အစ်ကိုနဲ့အမေ ဆုံးသွားတာကြောင်းဖြစ်သည်။  အစ်ကိုနဲ့အမေ ဆုံးသွားထဲက Lisaရဲ့ ဘဝက အရာရာပြောင်းလဲကုန်ရတာ ။ အရင်က ပေါ့ပေါ့ပါးပါးနဲ့ အမြဲပြုံးပျော်နေတက်ခဲ့တဲ့ ကောင်မလေးဘဝကနေ နိုင်ငံရေးတွေ
ကြား ရင့်ကျက်ပြီး အရယ်ပြုံး သိပ်မရှိတော့တဲ့ ကောင်မလေးအဖြစ် ပြောင်းလဲသွားခဲ့ရတာ ။ မေမေနဲ့ အစ်ကို သာရှိနေသေးရင်တော့ အခု Lisaပုံစံကိုကြည့်ပြီး ဂုဏ်ယူနေကြမလား ဒါမှမဟုတ် စိတ်မကောင်းဖြစ်နေကြမလား မတွေးတက်။ ဒါပေမဲ့ ညနေက တွေ့လိုက်ရတဲ့ကောင်မလေးကြောင့် Lisa ဘဝရဲ့ ပျော်ရွှင်ခြင်းအလင်းတန်းလေးကို ပြန်တွေ့လိုက်ရသလို ခံစားရသည်။ သူက ထိုင်းလူမျိုးတော့ဖြစ်ပုံမရ Korea လူမျိုးဖြစ်နိုင်သည်။  ဒါပေမဲ့ ထိုင်း စကားကိုလည်း တော်တော်လေး
ကျွမ်းကျင်ပုံရသည်။ ခုနက သူ့ကို ထိုင်း လိုပြောပြီး ကောင်းကောင်းကြီး ရန်တွေ့
သွားသည် မဟုတ်ပါလား😆။  အခြေနေပေးခဲ့မယ်ဆိုရင် နောက်တစ်ကြိမ် ပြန်တွေ့ချင်ပါသေးတယ် ကောင်မလေးရေ ....

🍁Land of Maple 🍁Where stories live. Discover now