Part 12

2.8K 202 2
                                    

"ဖြန်း "
ဖြန်း ဆိုတဲ့ အသံနဲ့အတူ မျက်နှာတစ်ခုလုံးပူထူသွားသည်။ Unnie က မယုံနိုင်သလို စိမ်းစမ်းကားကားကြည့်ပြီး
"Jen , နင် နင် ဒါဘာလုပ်တာလဲ "
"နမ်း ပြတာလေ Unnie ပြောသလို ငါက ဘယ်သူ့ကိုမဆို လွယ်လွယ် နမ်းနိုင်တယ် ဆိုတာပြတာ "
"ဖြန်း"
နောက်တစ်ချက် ထပ်ရိုက်သည် ။
"နင် တော်တော်ရိုင်းတာပဲ ။ Jennie, နင်က ငါသိတဲ့ ငါမြတ်နိုးရတဲ့ ကလေးလေးမှ မဟုတ်တော့တာ နင်က တစ်ကယ့် အရူးပဲ "
"ဟုတ်တယ် ရူးနေတာ ၊ Unnie ကို ချစ်လို့ ရူးနေတာ" ထိုစကား Jenစိတ်ထဲကနေသာ‌ပြန်ပြောလိုက်ခြင်းဖြစ်သည်။ တစ်ကယ်တမ်းကျတော့ အော်သာရယ်နေလိုက်မိသည်။
"တောက်စ်"
Soo တောက်စ်တစ်ချက်ခေါက်ပြီး ကားမောင်းထွက်လာလိုက်သည်။ လမ်းပေါ်ရောက်မှ ကားကိုပြန်လှည့်ကွေ့လိုက်ပြီ အရက်မူးကျန်ခဲ့တဲ့Jenဆီ နောက်တစ်ခေါက်ပြန်သွားလိုက်သည်။
"တက် ၊ အန်တီJimiက နင့်ကို ပြန်ခေါ်လာပေးဖို့ ငါ့ကိုအကူညီတောင်းထားတာ နင်မပါပဲ ပြန်ရင် ....
"ရပြီ သိတယ် ဆက်မပြောနဲ့တော့ Unnie ဒီတစ်လျှောက် အလိုလိုက်ပြီးကောင်းပေးခဲ့တာတွေက မေမေ့ကြောင့် ဆိုတာသိတယ် ။ ဟားဟား"
Jen နာနာကျင်ကျင်သာ အော်ရယ်ရင်း ကားပေါ်တက်လိုက်သည်။ ရှင်က သိပ့်တစ်ကိုယ်ကောင်းဆန်တဲ့ မိန်းမပဲ Kim Jisoo ။ မုန်းလိုက်တာ....
............
အရက်မူး ပြီး အိပ်ပျော်သွားတဲ့ကလေးက ဒီလိုကျတော့ လုံးဝအပြစ်ကင်းစင်နေပြန်ရော ။ ဒီရက်ပိုင်းတွေ Soo ဆေးရုံးအလုပ်ကိစ္စတွေနဲ့ Chaeနဲ့သာ အချိန်တွေကုန်နေခဲ့ပြီး ဒီကလေးပေါ် ဂရုစိုက်ဖို့ ပျက်ကွက်နေခဲ့တာ။ ဒီရက်ပိုင်းလေး အတွင်းမှာတင် ကလေးက တစ်ကယ်အများကြီးပြောင်းလဲသွားတယ်။ ရုတ်တရက် အရိုင်းဆန်စွာ နမ်းလာတာကြောင့် ဒေါသထွက်ပြီး ပါးရိုက်လိုက်မိပေမဲ့ တန်ဖိုးထားရလွန်းတဲ့ ကလေးရဲ့ပါးကို တစ်ချက်ရိုက်လိုက်မိတိုင်း ကိုယ်က ဆယ်ဆပို နာကျင်ရပါတယ်။ ကိုယ့်တောင်းပန်ပါတယ် ကလေးရယ်....
Soo စိတ်ထဲက တောင်းပန်ရင်း ရဲနေတဲ့ ကလေးရဲ့ ပါးကို ဖွဖွလေး နမ်းလိုက်သည်။
...............
Jen အိပ်ယာကနိုးတော့ မျက်လုံးဖွင့်မကြည့်သေးခင် ရလာတဲ့ အမွှေးနံ့သင်းသင်းလေးကြောင်း သူ Unnie အခန်းထဲရောက်နေတယ်ဆိုတာ သိလိုက်သည်။
"ကလေး နိုးလာပြီးလား "
ညကတင် သူ့ကို Jennie Kim လို့ခေါ်ပြီး ခါးခါးသီးသီး ပြောခဲ့သူက အခုတော့ ကလေးတဲ့လား ။
"နိုးရင် ထတော့ ၊ ညက ကလေးအရမ်းမူးနေလို့ ဒီတိုင်း အိမ်ပြန်ပို့လိုက်ရင် အဆူခံနေရမှာ စိုးလို့ ကိုယ့်အိမ်ခေါ်လာတာ "
အဟက် ... ရှင်က ရှင့်ကို မေမေ
မကောင်းမြင်မှာ ကြောက်လို့ ဒီကို ခေါ်လာရင် ခေါ်လာတယ်ပေါ့ ။ စကားအနုယွတွေလာပြောမနေစမ်းပါနဲ့။
"ကလေး ကိုယ်ပြောတာကြားတယ်မလား ထတော့ ဒီမှာ ခေါင်မူးပြေအောင်
သံပုရာရည် ဖျော်ပေးထားတယ်"
"ဖယ်စမ်းပါ အဲ့ဒီလက် ကျွန်မအသားကို လာမထိနဲ့ "
ပါးကိုဖွဖွလေး လာထိတဲ့Kim Jisoo ရဲ့ လက်ကို ပုတ်ထုတ်ရင်း ပြောလိုက်ခြင်းဖြစ်သည်။သူ ရိုက်ခဲ့တဲ့ပါးကို အခုမှ သနားသလို လာထိနေတာ မုန်းလိုက်တာ ရှင့်ကို ။
"ကလေး ဘာတွေ ဖြစ်နေတာလဲ ။ ကိုယ် တစ်ကယ် နားမလည်နိုင်တော့ဘူး "
"နားမလည်ဘူးမလား ရှင့်က ငါ့ကို ဘယ်တော့မှ နားလည်းလာနိုင်မှာမဟုတ်ဘူး။ အဲ့ မ‌လည်တဲ့အတိုင်းပဲနေလိုက်"
"ဒေါက် ဒေါက် "
"Unnie အထဲမှာလား Chaeဝင်လာလို့ရလား "
အပြင်က တံခါးရင်း Chae က လှမ်းအော်ပြောလာဖြစ်သည်။
"ဝင်ခိုင်းလိုက် ၊ ဖယ် ငါ ပြန်မယ် "
Jen အပေါ်က ချွတ်ထားတဲ့ ကုတ်အင်္ကျီကို Sooလက်ထဲမှာ လှမ်းယူပြီး တံခါးရှေ့က ရပ်နေတဲ့ Chae ကို စူးစူးရှရှတစ်ချက်ကြည့်ပြီး ထွက်သွားသည်။ ကလေးရဲ့ စိတ်ထဲမှာဘာတွေဖြစ်နေတာလဲ Soo တစ်ကယ်သိချင်သည်။
"Unnie အဆင်ပြေရဲ့လား "
"အင်း ပြေတယ် Chae ,ဘာမှမဖြစ်ဘူး။ Chae ပြောစရာရှိလို့လား "
"ဟုတ် ၊ Chae ,Unnie ပြောတဲ့ ဟို အိပ်မွေ့ချ ကုထုံလေ အဲ့ဒါလုပ်မယ်လို့ ပြောချင်လို့"
"ဟာ Chae တစ်ကယ် ပြောတာလား "
"အင်း"
Chaeကို သူ ဒီအိပ်မွေ့ချကုနည်းနဲ့ ကုဖို့ ပြောထားတာ အရင်က Chaeကကြောက်တယ်ဆိုပြီး သဘောမတူခဲ့တာ အခုကျမှ သဘောတူကြောင်းပြောလာသောကြောင်း Soo တစ်ကယ်ဝမ်းသာရသည်။ ကလေးနဲ့ ကိစ္စကို မေ့ပြီး အရင်ဆုံးChaeတို့ ကိစ္စကိုသာ ဖြေရှင်းပေးရမည်။
.................

🍁Land of Maple 🍁Where stories live. Discover now