Part 22

2.4K 156 5
                                    

"Lisa ငါဗိုက်ဆာတယ်😭"
ဖုန်းထဲကနေ ငိုတော့မယ့် အသံလေးနဲ့ ဗိုက်ဆာတယ် လို့ ပြောလာတာကြောင်း
Lisa နာရီလှမ်းကြည့်လိုက်တော့ မနက်နှစ်နှာရီ ထိုးနေပြီး ။

"ဟောဗျာ မနက် နှစ်ရာထိုးကြီးလေအချစ်ရဲ့ တရေးနိုးဗိုက်ထဆာပြန်ပြီလား ၊ ဝယ်ပေးထားတဲ့ မုန့်တွေရော ကုန်သွားပြီလား "

Chaeက ဒီလိုအချိန်တိုင်း ဒါမှမဟုတ် ည 12:00လောက်ကြီးပဲဖြစ်ဖြစ် တရေးနိုး ဗိုက်ဆာတယ်ဆိုပြီး ထအော်နေကြမလို့ Lisa မေးလိုက်ခြင်းဖြစ်သည်။
"အင်း😿 မုန့်က ကုန်သွားပြီ😒"
"ဟုတ်လား ဟိုနေ့ကမှ ဝယ်ပေးထားတာလေ အချစ်ရဲ့ "
"အင်းလေ အာ့‌ကုန်သွားပြီ ၊ ငါက အစားပုတ်တာမဟုတ်ပါဘူးနော် ငါမစားပဲ ဒီတိုင်းသိမ်းထားလည်း သူတို့က
ငါ့ကို စားပါစားပါ ဆိုပြီးပြောနေလို့ သနားပြီး စားပေးရတာ😕"
ဟောဗျာ ကြည့် အနားမှာ ရှိနေရင် ကိုက်စားပစ်ချင်လောက်အောင် အသည်းယားစရာကောင်းအောင် ချွဲပြောနေတဲ့ ရှဥ့်ပေါက်လေးပါပဲ ။ မုန့်ကိုပဲ သနားလို့ စားရပါတယ်ရှိသေး သူနဲ့ကျမှပဲ ဒီစကားတွေ ကြားဖူးတော့တယ်😆
"ဟုတ်ပါပြီး မနိုင်စိန်ရာ အစားသောက်နဲ့ ပတ်သက်ရင် နင့်ကို နိုင်အောင်ပြောလို့မရဘူးဆိုတာ သိပါတယ် ။ ခဏစောင့် Bamကို လာပို့ခိုင်းလိုက်မယ် "
"ဟီး အဲ့ဒါကြောင်း ချစ်နေရတာ အာဘွား အာဘွား 😚"
ကြည့် လိုချင်တာရရင် အသံက တစ်မျိုး 😆 ဒီက သမီးရည်းစား တွေမို့ Roဆန်ဆန်လေး ချစ်တို့ ကိုယ်တို့ ခေါ်ပြောချင်တာတောင် ဒီရှဥ့်ပေါက်နဲ့roလို့မရ အသဲယားတယ် မနေတက်ဘူးတဲ့😑 အဲ့ဒါကြောင်း အခုလိုအချိန်မျိုးမှပဲ အချစ်လို့ အခွင့်ရေးယူပြီးခေါ်နေရတာ။
.............
Chaeနဲ့ ဖုန်းပြောပြီး Bam ဆီ ဖုန်းလှမ်းခေါ်လိုက်သည်။
"Bam အရေးပေါ်ကိစ္စရှိလို့ အခုချက်ချင်း ငါ့အခန်းထဲ လာခဲ့ဦး "
................
"ကဲ ပြော အခုရော အစ်မတော်‌ရဲ့ နှမတော်လေးဆီ ဘာများ သွားပို့ပေးရဦးမှာလဲ"
Lisa ညာပြီး ခေါ်လိုက်ပေမဲ့ Bam ကဒီအကွက်တွေသူသိနေပြီဆိုတဲ့ပုံစံနဲ့ မေးလာခြင်းဖြစ်သည်။
"မုန့် အစုံဝယ်ပြီး အခုချက်ချင်း သွားပို့ပေးပါဦး ။ ပြီးတော့ အိမ်က ရှိတဲ့မုန့်တွေလည်း ယူသွားပေးလိုက်နော်😁"
"ဟုတ်ကဲ့ ကောင်းပါပြီခင်ဗျ"
ရည်းစားမဖြစ်ခင်တုန်းက သူတို့ နှစ်ယောက်ကြား စာအပို့ယူလုပ်ပေးရ ။ သြော် ရည်းစားဖြစ်ရင် ပြီးပြီထင်နေတာ အခုတော့ ပိုဆိုး သူ့ရည်းစားက
အချိန်ခါမဟုတ်ရော အချိန်ခါဟုတ်ရော အချိန်ပြည့်စားချင်နေတာ လူလား ဝက်လားတောင် မသဲကွဲ ။ ကိုယ့်မှာ နားချိန်တောင် မနားရပဲ မုန့်ပို့ပေးနေရ ။ ကိုယ့်ကိုယ်ကိုတောင် ကိုယ်ရံတော်လား Deliveryလား မသဲကွဲတော့တာကြာပြီ😑
...............
"morning "
သူမနက်ပိုင်း ပြုံပြုံရွှင်ရွှင် ဆင်းလာပေ
မဲ့ အကုန်လုံး မျက်နှာတွေက မလန်း။  ဘာတွေ ဖြစ်နေကြတာပါလိမ့်။
"Lalisa "
"ဒီဓာတ်ပုံတွေက ဘာတွေလဲ ငါ့ကို အခုရှင်းပြစမ်း "
သူ့အဖေ ဒေါသတကြီး ပြောပြီး လှမ်းပစ်ချလာတဲ့ ဓာတ်ပုံတွေကို ယူကြည့်လိုက်တော့ သူနဲ့ Chaeရဲ့ ဓာတ်ပုံတွေ ။ နမ်းနေတဲ့ ပုံတွေရော ၊လက်တွဲပြီး လျှောက်သွားနေတဲ့ပုံတွေရော အစုံပဲ ။
"နင် အချိုးတွေပျက်နေလို့ ငါ့လူတွေကို နင့်နောက် လိုက်ကြည့်ခိုင်းထားတာကြာပြီ ၊ နင်ဘာစောက်ချိုး ချိုးတာလဲ ၊ အဲ့ကောင်မက ဘယ်သူလဲ "
"အဲ့ကောင်မ မဟုတ် ဒယ်ဒီ ။ သူ့နာမည်က ပတ်ချယ်ယောင် သမီးချစ်သူ"
"ဘာ ချစ်သူဟုတ်လား ။ အခုချက်ချင်းဖျက်လိုက် ငါ့မျက်နှာကို ‌အိုးမဲမသုတ်ချင်စမ်းနဲ့ အမိုက်မ"
"မဖျက်နိုင်ဘူး ဒယ်ဒီ သူ့ကို သမီးချစ်တယ် တစ်သက်လုံး လက်တွဲသွားဖို့ထိရည်ရွယ်ထားတာ"
"တစ်သက်လုံး ဟုတ်လား စိတ်ကူးယဥ်မနေစမ်းနဲ့ အခုပဲ နင့်ကောင်မဆီ ငါ့လူတွေ လွှတ်ထားပြီးပြီ "
"ဒယ်..... အဲ့အမျိုးသမီးကို လက်ဖျားနဲ့တောင် မထိမိစေဖို့ ဒယ့် လူတွေကိုပြောလိုက်နော် အဲ့အမျိုးသမီး တစ်ခုခု ဖြစ်လို့ကတော့ ဒယ့်ကို ကျွန်မ ခွင့်လွှတ်မှာမဟုတ်ဘူး "
"ခွင့်မလွှတ်တော့ နင်က ငါ့ကို ဘာလုပ်နိုင်မှာမလို့လဲ Lalisa နင်က အမတ်မင်းသမီးဆိုတာကို ခေါင်းထဲမှတ်ထား ငါ့ကို အရှက်ကွဲစေမဲ့ ကိစ္စမျိုးဆို ငါက ဘယ်သူမျက်နှာမှကြည့်နေမှာမဟုတ်ဘူး "
Lisaဒယ်ဒီစိတ်ကို သိတယ် စည်းစိမ်အာဏာနဲ့သူ့အရှက်သိက္ခာက လွဲ ဘာကိုမှဂရုစိုက်တဲ့ သူမဟုတ် ။
"ဒယ် သမီး‌တောင်းပန်ပါတယ် ။ အဲ့အမျိုးသမီးကို ဘာမှမလုပ်ပါနဲ့ ။ သမီးကိုယ်တိုင် သမီးကိုယ်တိုင်ပဲ ဖြတ်လိုက်ပါမယ် ဒယ်ဒီ လူတွေကို အခုချက်ချင်းပြန်ခေါ်ပေးပါ"
Lisa ငိုယိုပြီး ဒူးထောက်တောင်းပန်ပြီး
ပြောလိုက်တော့မှ
"ကောင်းပြီ နင့်ကိုငါ အချိန်သုံးရက်ပေးမယ် ။ အဲ့သုံးရက်အတွင်းမှာ နင့်ကိစ္စနင်
အပြတ်ရှင်း ။ မရှင်းနိုင်ရင်တော့ ငါ့အဆိုးမဆိုနဲ့"
.............
*ZG*
"Lisa ငါဗိုက်ဆာတယ်😭"

🍁Land of Maple 🍁Where stories live. Discover now