"BamBam , အခုက စပြီး မြို့ထဲကို ညတိုင်း ပတ်ပြီးကင်းစောင့်ခိုင်း ပြီးတော့
အခုချက်ချင်း ဟိုအရိုင်းစိုင်းကောင်ကို သွားဖမ်းခိုင်းလိုက် ပြီးရင် နင်က ငါနဲ့အတူ Lefstar Coffee ဆိုင်ကို ပိုက်ဆံယူပြီးလိုက်ခဲ့ "
BamBamက Lisa ရဲ့ ကိုယ်ရံတော်လည်း ဖြစ်သလို ငယ်သူငယ်ချင်းလည်းဖြစ်သည်။ ငယ်ငယ်ထဲကနေ အခုထိ သူ့ဘေးနားရှိခဲ့ပြီး သူလုပ်သမျှ အရှုပ်တွေကိုလည်း အနောက်ကနေ လိုက်ဖြေရှင်းပေးတက်သည်။
"Lisa အခုကိစ္စက ဘာမှမဟုတ်တာလေးကို ဒီတိုင်းထားလိုက်လည်းရတာကို ဘာလို့ ဒေါသတကြီး ဖြေရှင်းနေတာလဲ "
"ဒီိတိုင်းထားလို့မရလို့ပေါ့ အဲ့ကောင်က ညက ငါ့ ကလေးလေးကို မဟုတ်မဟက်တွေ လုပ်ပြလိုက်တာလေ ဒီတိုင်းထားလိုက်စရာလား "
"ကလေးလေး ဘယ်က ကလေးလေးလဲ ၊ နင့်မှာ ဘယ်တုန်းက ကလေးရှိသွား "
Bamက သူပြောတဲ့စကားကို နားမလည်သလိုပုံစံနဲ့ ပြန်မေးသည်။
"လာ အပြင်သွားမယ် လမ်းမှာ ရှင်းပြမယ်"
............."အဲ့တာပဲ "
သူ Bamကို အစကနေအဆုံး Chaeyoung နဲ့ တွေ့ဆုံခဲ့ပုံတွေကို တစ်ခုချင်း ပြန်ပြောပြလိုက်တော့ တအံ့တသြ ပါးစပ်အဟောင်းသားနဲ့
"အဲ့ အဲ့တော့ သူကို နင်က တစ်ကယ် စိတ်ဝင်စားတာလား"
"အင်း ငါဘယ်တုန်းက အခုလို ကိစ္စတွေ
ပြောဖူးလို့လဲ "
"အင်း မပြောဖူးပါဘူး ဒါပေမဲ့သူက မိန်းကလေးနော် အဆင်ပြေပါ့မလား နင်ရော သေချာလို့လား "
"အင်း ငါ့ဘက်ကတော့ သေချာတယ် ။
သူနဲ့မှ ငါပထမဆုံး ရင်ခုန်တက်တာ"
Bamက ဘာပြောရမှန်းမသိတော့သလို
ပုံစံနဲ ငေးကြည့်နေသည်။
"ရောက်ပြီး ဆင်းတော့ ဒီဆိုင်ပဲ"
"နင်က ဒီဆိုင်လေးကို ဘာလာလုပ်တာလဲ "
"ကိစ္စလေးတစ်ခု ရှင်းမလို့"
........
"ဒီဆိုင်က သူဌေးရှိလား "
"ဟုတ် ရှိပါတယ်"
"သူနဲ့တွေ့လို့ရမလား "
"ဘာကိစ္စများ ရှိလို့လဲရှင့် ၊ သူဌေးရဲ့ မိတ်ဆွေလား "
"မိတ်ဆွေတော့မဟုတ်ပါဘူး ဒါပေမဲ့ အရေးကြီး ကိစ္စလေးရှိလို့ တွေ့လို့ရမလား"
"အဲ့ဒါဆိုခဏလေးနော် သူဌေးကို ဖုန်းဆက်ပေးမယ်"
ဆိုင်က မန်နေဂျာကောင်မလေးနဲ့ စကားပြောနေခြင်းဖြစ်သည်။ ဘေးက Bamကတော့ ဘာကိုမှ နားမလည်သလိုပုံစံနဲ့သာ ရပ်ကြည့်နေသည်။
"ဟုတ် သူဌေးက ဝင်လာခဲ့ပါတဲ့ ၊ ကျွန်မနောက်က လိုက်ခဲ့ပေးပါ"
...........
" ကဲ ဝင်ဗျာ ဘာကိစ္စ ကျွန်တော်နဲ့ တွေ့ချင်တာလဲ"
"ကိစ္စလေး တစ်ခုညှိနှိုင်းချင်လို့ပါ ။ ဒီဆိုင်မှာ သီချင်းဆိုတဲ့ Park Chaeyoung ဆိုတဲ့ ကောင်မလေးရဲ့ အလုပ်ချိန်ကို မနက်ဘက်ပြောင်းပေးလို့ရမလား "
သူဌေးက နားမလည်သလိုပုံစံနဲ့ ကြည့်ပြီး
"ဘာကိစ္စ ပြောင်းပေးရမှာလဲဗျ။ သူက အသံကောင်းတယ် သူသီချင်းဆိုတာကို သဘောကျတဲ့သူများတယ် ။ အဲ့ဒါကြောင်း ညဘက်လူပိုများအောင် သူ့ကို ညပိုင်းဆင်းခိုင်းခဲ့တာ ခင်ဗျားက သူနဲ့ဘယ်လိုပတ်သက်လို့ အခုလိုတွေလာပြောနေတာလဲ"
"ဘယ်လို ပတ်သက်ပတ်သက် အဲ့ဒါက အရေးမကြီးပါဘူး။ ရှင် သူ့ကို အလုပ်ချိန်ပြောင်းပေးမလား ဒါမှမဟုတ် ရှင် ဒီနေရာကနေ ပြောင်းသွားချင်လား"
"ဘာကွ။ မင်းက ဘယ်သူမလို့ ငါ့ကို အမိန့်လာပေးနေတာလဲ ။ လူလေးက မတောက်တခေါက်နဲ့"
"အဲ့မတောက်တခေါက်က ခင်ဗျားဘဝကြီး ပြောင်းသွားအောင် လုပ်လို့ရတယ်ဆိုတာနားလည်း"
"မင်း ရိုင်းလှချည်းလား ။ အခုချက်ချင်း ငါ့ အခန်းထဲက ထွက်သွား"
Bamက အခြေနေတွေ တင်းမာလာတာကိုကြည့်ပြီး ဟိုလူနားကပ်ပြီး
"သူက အမတ်မင်းရဲ့ သမီးဗျ၊ ခင်ဗျား နှင်ထုတ်ရမဲ့ လူစားမဟုတ်ဘူး"
ဟိုလူက မယုံသလိုပုံစံနဲ့ ပြန်ကြည့်နေတော့ Bamက သူ့ရဲ့တံဆိပ်ကို ထုတ်ပြလိုက်သည်။အဲ့ကျ ပြာပြာသလဲ ပြန်တောင်းပန်သည်။
"ကျွန် ကျွန်တော် တောင်းပန်ပါတယ် ။ အမတ်မင်းရဲ့ သမီးမှန်း မသိလိုက်လို့ပါ ။ မင်းသမီး ပြောတဲ့အတိုင်း ပြောင်းပေးပါမယ် "
Lisa အဖေက ရိုးရိုးတန်းတန်း အမတ်မင်းမဟုတ် ဘုရင်ကြီးနဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်ဖြစ်ပြီး မင်းမျိုးမင်းနွယ်လည်း ဖြစ်တော့ Lisaအဖေရဲ့ အရှိန်အဝါကလည်း ပြင်းသည်။
...............
YOU ARE READING
🍁Land of Maple 🍁