"Chaeyoung , မနက်ဖြန်ကစပြီး မနက်ပိုင်းပဲ ပြောင်းဆင်းတော့ "
"အမ် ဘာလို့လဲ သူဌေး"
"နင် တစ်ယောက်ထဲ ညဘက်ပြန်ရင် အဆင်မပြေမှာစိုးလို့ ပြောင်းပေးတာ ဘာမှ ထပ်မေးမနေနဲ့တော့ "
"Nae"
အရင်က အတင်းတောင်းတောင်းပန်ပန်
နဲ့ညဘက်ဆင်းရတာအဆင်မပြေလို့ မနက်ပိုင်းပဲ ဆင်းပါမယ်လို့ ပြောတာတောင် မရဘူးဆိုပြီး အတင်းခေါင်းခါပြီး ငြင်းတဲ့သူက အခုကျမှ အဆင်မပြေမှာစိုးလို့တဲ့ ငါ့သူဌေးမှ ဟုတ်ရဲ့လား😐
သူဌေးက မနက်ပိုင်းပဲဆင်းတော့လို့ပြောလာတာကို ပျော်ရမဲ့အစား တစ်ခုခုကို ဆုံးရှုံးလိုက်ရတော့မှာ စိုးနေသလို ခံစားချက်မျိုးသာဖြစ်နေ"ဘုရားရေ Park Chaeyoun နင်ဘာတွေဖြစ်နေတာလဲ " ကိုယ့်ကိုယ်ကို ပြန်ပြောရင်း ခေါင်းထဲက အတွေးတွေကို မောင်းထုတ်ပြီး စင်ပေါ်တက် သီချင်းဆိုနေ
လိုက်တော့သည်။
Chae သီချင်းဆိုပြီးတဲ့ အထိ သူကရောက်မလာသေး။ "ဘာလို့ ဒီညကျမှ သူကရောက်မလာတာလဲ 😒" "မပြန်သေးပဲ ခဏဆက်စောင့်နေရမလား"
"yah park chaeyoung ဘာတွေဖြစ်နေတာလဲ စိတ်ထိန်းစမ်း" Chae တစ်ယောက်ထဲ အရူးလိုကိုယ့်ကိုယ်ကို စကားတွေပြန်ပြောရင်း အလုပ်ရှုပ်နေတုန်း
"ဟိတ် မပြန်သေးဘူးလား ၊ငါက နင်ပြန်သွားပြီထင်နေတာ"
အမောတခေါပြေးလာရတဲ့ ပုံစံလေးနဲ့ ပြောနေတဲ့ အရှေ့က ကောင်မလေးကို
ကြည့်ပြီး Chaeရင်ထဲ အမည်မသိခံစားချက်တစ်မျိုး ဖြတ်ပြေးသွားသည်။
"အင်း အခုပဲ ပြန်တော့မလို့၊ ငါက နင်မလာတော့ဘူးတောင် ထင်နေတာ"
"အင်း ငါအလုပ်ကိစ္စလေးတစ်ခုရှိလို့ လုပ်နေတာနဲ့ နောက်ကျသွားတာ"
"Aww"
"ဒါနဲ့ ဒီနေ့ရောစက်ဘီး မပါဘူးလား "
"အင်း ဟိုနေ့ထဲက ပျက်နေလို့ ပြင်ဆိုင်ပို့ထားတာ သုံးရက်ရှိပြီ မနက်မှရွေးရမယ်"
"အာ့ဆို ကားနဲ့ပြန်မယ်လေ ငါ လိုက်ပို့ပေးမယ်"
"အင်း "
Lisaက ကိုယ့်ကားနဲ့ ပြန်လိုက်ပို့ဖို့ ပြောတာကို ဒီရှဥ့်ပေါက်လေးက busကားနဲ့ ပြန်မယ်ပြောတာထင်ပြီး Bus ကားပေါ်
အတင်းဆွဲခေါ်တက်သွားသည်။😑
"ဒါနဲ့ ငါအလုပ်က ညပိုင်းဆင်းစရာမလိုတော့ဘူး "
"ဟုတ်လား ၊ ဘာလို့လဲ"
"ငါညပိုင်းဆင်းရတာ အဆင်မပြေမှာစိုးလို့တဲ့ အရင်ကငါတောင်းပန်ပြီးပြောတာတောင် မရတဲ့သူက အခုမှရုတ်တရပ်ကြီးထပြောလာတာ ဆေးမှားသောက်မိထားတာလားမသိဘူး ဟီး ဟီး"
သူ့ဘာသာပြောပြီး သူဘာသာသဘောကျ ရယ်မောနေတဲ့ ကောင်မလေးက အပြစ်ကင်းစင်လိုက်တာ။ Lisa သူရယ်နေတာလေးကို မျက်တောင်မခတ်ငေးကြည့်နေလိုက်မိ။
"တော်တော့ အဲ့လောက်ကြည့်မနေနဲ့ရောက်ပြီ"
"ငင့် ရောက်ပြီလား မြန်လိုက်တာ"
"နီးနီးလေးကို ဆိုင်နဲ့ ငါ့နေရာနဲ့က အဲ့ဒါကြောင်း ငါစက်ဘီးနဲ့ပြန်ရင် ပြန် မဟုတ်ရင် လမ်းလျှောက်ပြန်တာများ"
ကားပေါ်က ဆင်းပြီး စကားဆက်ပြောသည်။
"ကားစီးရတာကျ ငါမကြိုက်ဘူး။ လူတွေများတော့ စိတ်အိုက်တယ် ပြီးတော့ တစ်ခါတစ်လေကျ ခုံမရတာလည်း ရှိသေး"
"အင်း"
"ဒါနဲ့ နင်က ဘယ်မှာနေတာလဲ"
"အမ် ဒီနားပဲ ။ နင်နဲ့ သိပ်မဝေးဘူး"
"ဟုတ်လား တော်သေး ငါက နင်ငါ့ကို တကူးတကလိုက်ပို့ပြီး အဝေးကြီး ပြန်နေရမှာစိုးလို့ "
"Aww မဝေးပါဘူး"
မဝေးပါဘူးလို့သာ ညာလိုက်တာ တစ်ကယ်တော့ အရှေ့နဲ့အနောက် တစ်ခြားစီ😶။
"အဲ့ဒါဆို ကောင်းကောင်းပြန်ဦး တာ့တာ"
"တာ့တာ Good night"
................
"Bam ငါ သူ့ကို ဆိုင်ကယ်တစ်စီးဝယ်ပေးချင်လို့ ၊ အဲ့တာဘယ်လို ပေးရမလဲ ကူစဥ်းစားပေးပါဦး"
"ဒီတိုင်းပေးလိုက်ပေါ့"
"နင့်မေ... အဲ့လောက်လွယ်မှဖြင့်တော့ ငါက နင့်ကို လာတိုင်ပင်နေတော့မလား။ ဒီတိုင်းပေးရင် သူနဲ့ငါက သိတာမကြာသေးတော့ သူ ယူမှာမဟုတ်ဘူး"
"အဲ့ဒါဆို ငါလည်းမစဥ်းစားတက်ဘူးလေ"
"အေး နည်းနည်းလေးမှမစဥ်းစားပေးနဲ့ မသိဘူး တန်းပြော😕"
............
"yah ငါအကြံရပြီး"
"လန့်တာ အရူးမရယ် ဖြေးဖြေးသသပြောစမ်းပါ"
"ဟီး sorry sorry ငါ အခုမှအကြံရသွားလို့"
"ဒီလို ........"
"ဟုတ်ပါပြီးဗျ အကုန်အစီစဥ်တိုင်း ဖြစ်စေရမယ်"
Bamအနေနဲ့ Lisaအခုလို တက်တက်ကြွကြွ ပြုံးရယ်နေတာကို မမြင်ရတာတော်တော်ကြာပြီ ဖြစ်သည်။ အခုလို သူ့သူငယ်ချင်းလေးကို ပြုံးရယ်လာအောင် ပြန်လုပ်ပေးတဲ့ ကောင်မလေးကိုလည်း ပြန်ပြုံးရယ်အောင် လုပ်ပေးရမည်။
.............
*ZG*
"အမ် ဘာလို့လဲ သူဌေး"
"Nae"
လိုက်တော့သည်။
"Aww"
"အင်း "
"ဟုတ်လား ၊ ဘာလို့လဲ"
"အင်း"
"အမ် ဒီနားပဲ ။ နင်နဲ့ သိပ်မဝေးဘူး"
"Aww မဝေးပါဘူး"
"တာ့တာ Good night"
................
............
"yah ငါအကြံရပြီး"
"ဒီလို ........"
.............
YOU ARE READING
🍁Land of Maple 🍁