ညက စကားပြောနေတုန်း အမေတို့ပြန်ရောက်လာတာနဲ့ စကားစဖြတ်ပြီး ကလေးက သူ့အိမ်ပြန်သွား 😕 မနက်ကလည်း ကိုယ်က ညကကိစ္စကို မျက်နှာပူနေတာနဲ့ အလုပ်လိုက်မပို့ဖြစ်ခဲ့ ။အခုနေ့ခင်းစာကိုတော့ အတူတူ စားချင်တာနဲ့ Soo ကလေးတို့ အလုပ်ဆီကို လာပြီးစောင့်နေခြင်းဖြစ်သည် ။ ကလေးဆီကိုတောင်ဖုန်းဆက်မထား အံ့သြသွားအောင် လုပ်ချင်လို့ ။
တစ်စက္ကန့် နှစ်စက္ကန့် သုံးစက္ကန့်
"တောက်"
မျက်စိရှေ့က မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် လူက အင်အားတွေမရှိတော့သလို ခံစားလိုက်ရ ။ ကလေးကို သူ့Bossက ဆွဲဖက်လိုက်တာ အရင်လို ကားပေါ်ကဆင်းပြီး ဆွဲခေါ်လာဖို့ ပြင်လိုက်ပေမဲ့ နောက်တစ်ကြိမ် မြင်လိုက်ရတဲ့ အရာကြောင့် လူက ဒီကမ္ဘာမြေကြီးထဲမှာ မရှိတော့သလို ဟို...အဝေးကို လွင့်စင်သွားသလို ခံစားလိုက်ရ ။ သူ သူ Jenလေးကို နမ်းလိုက်တာ အဲ့ဒီလူက Jenလေးကို နမ်းလိုက်တာ အကြာကြီး။
"သူတို့ နှစ်ယောက်က တွဲနေပြီလား"
ကိုယ့်မေးခွန်းအတွက် ကိုယ်မှာပြန်ပြီ
အဖြေရှိမနေ ရင်ဘတ်ထဲမှာ စူးနစ့်နေတာကလွဲလို့ ။ ကားကို အဲ့နေရာကနေ
အဝေးဆုံးကိုသာ အမြန်မောင်းထွက်သွားမိ ။........
"အမ် oppa ဘာလုပ်တာလဲ"လူကို နမ်းတော့မလို ပုံစံနဲ့ အနားကပ်ပြီးနေနေတာကြောင် Jen မေးလိုက်ခြင်းဖြစ်သည်။
"သဝန်တိုအောင် လုပ်ပေးတာ ခုနက Jisoo ကားကို တွေ့လိုက်လို့ "
"အား ... oppa , Unnie နဲ့က အဆင်ပြေနေပြီ ညက ဝန်ထမ်းတွေနဲ့
ညစာ စားပြီး ပြန်တော့ အိမ်အဝမှာ Jisoo Unnie ရဲ့ ဖိနပ်ကိုတွေ့တာနဲ့ oppa အရက်မူးနေလို့ အိမ်ထိပြန်လိုက်ပို့ပေးနေတာ ဘာညာဆိုပြီး သူရောက်နေတာမသိတဲ့ ပုံစံနဲ့ပြောလိုက်တာ သဝန်တိုပြီး ဖွင့်ပြောရော😆"
"ဟားဟား ဟုတ်လား ကိုယ်က မသိပါဘူးကွာ အဆင်မပြေသေးဘူး ထင်လို့ လုပ်လိုက်တာ အစီစဥ်ဖျက်လိုက်သလို ဖြစ်သွားပြီ"တဟားဟား ရယ်ပြီး ခေါင်းကိုလက်နဲ့ပြန်ကုပ်ပြီး တောင်းပန်တဲ့ပုံစံပြောနေတဲ့
Jinu Oppa ကြောင့် ငိုရခက် ရီရခက် 😆 Unnie တစ်ယောက်ကတော့ တော်တော် ဒေါပွသွားပြီထင် ။
YOU ARE READING
🍁Land of Maple 🍁