"ဝေါ့ "
"😑"နင့်ကိုငါ ဒီညအပိုင်သိမ်းမယ် ပြောပြီး အပေါ်တက်ခွတဲ့သူက အပေါ်လည်းရောက်ရော လူပေါ် အန်ချပြီ အိပ်ပျော်သွားရော 😑 ဒီမှာရင်ခုန်တာတောင် တိုးလို့တန်းလန်းကြီး ဖြစ်ကျန်ခဲ့ 😑
ကိုယ့်ပေါ်က သူ့အန်ဖတ်တွေရှင်း သူ့ကို အဝတ်လဲပေးနဲ့ ကိုယ့်မှာ တစ်ညလုံးမအိပ်လိုက်ရ 😕 ( သန့်ရှင်းလုပ်တာက အလွန်ဆုံးကြာ တစ်နာရီပေါ့ သူကဘာလုပ်နေလို့ တစ်ညလုံး မအိပ်လိုက်ရတာ😛🌚)..........
"မောနင်း Unnie , နိုးပြီလား "
"အမ် ငါဘယ်ရောက်နေတာ "
"ဟိုတယ်မှာ ညကအရက်တွေအရမ်းမူးနေလို့ ဟိုတယ်ပဲခေါ်လာခဲ့လိုက်တာ အိမ်ပြန်ပို့ပေးရင် အဆူခံနေရမှာစိုးလို့"
"omm"
"ခေါင်းမူးနေတယ်မလား ။ ရော့ သံပုရာရေသောက်လိုက်ဦး "Jen ပေးတဲ့သံပုရာ ရေခွက်ကိုယူ မော့ချပြီး Unnieက နှုတ်ခမ်းတွေကိုပဲ တွေတွေလေး ငေးကြည့်နေ ။ ဟိုကိစ္စကို သတိရသွားလို့လား😶
"ဘာလို့အရက်တွေမသောက်တက်ပဲ အများကြီးလျှောက်သောက်တာလဲ"
"နင့်ကြောင်းပေါ့ "
"ဘာလို့ Jenကြောင်းဖြစ်ရ"
"နင် ဟိုကောင်နဲ့ နမ်းနေတာကို ငါမြင်ခဲ့တယ် မနေ့က "
"Aww ...အဲ့ဒါကြောင်း Unnieက သဝန်တိုပြီး အရက်တွေသွားသောက်တယ်ပေါ့ "
"သဝန်တိုတာမဟုတ်ဘူးဟေ့ အသည်းကွဲသွားတာ"တစ်ကယ်ပါပဲ ဒီက စိတ်တိုနေတာတောင် သူက ပြုံးစိစိနဲ့ 😕 အေးပေါ့ ပြုံးမှာပေါ့ ချစ်သူရသွားပြီကို 😤
"ဘာလို့ အသည်းကွဲ"
"နင့်ကို ချစ်လို့ပေါ့ "
"ဘယ်လောက်ထိ ချစ် "
"yah! Jennie Kim တော်တော်ပျော်နေလား သူများအသည်းကွဲတာကိုကြည့်ပြီးတော့ 😡"
"ဟားဟား ပျော်လို့ပါUnnieရာ ၊ Unnie အခုလိုဖြစ်နေတာကို တစ်ခါမှမမြင်ဖူးလို့ "
"အခုမြင်ဖူးပြီမလား ဘေးဖယ် ပြန်တော့မယ်"
"နေပါဦး ဟိုတယ်က သဘက်ကြီး ပတ်ပြီး ပြန်တော့မလို့လား အင်္ကျီလည်း မဝတ်ရသေးပဲနဲ့ 😛"Jen ပြောမှ ကိုယ့်ကိုယ်ကို ပြန်ငုံကြည့်မိ
မနေ့က ကိုယ်ဝတ်ထားတဲ့အဝတ်စားတွေမဟုတ် 😶 အား .... ညက ဘာတွေဖြစ်ကုန်တာလဲ 😖"ဟားဟား ပေါက်ကရတွေ လျှောက်တွေးမနေနဲ့ မျက်နှာကြီးနီလာနေပြီ ညက ဘာမှမဖြစ်ဘူး 😆 Unnie အရက်မူးပြီး အန်လိုက်လို့ အင်္ကျီတွေ ပေကုန်လို့ လဲပေးထားတာ"
"ကလေး လဲပေးထားတာ"
"အင်းပေါ့ "
YOU ARE READING
🍁Land of Maple 🍁