Part 9

2.8K 200 8
                                    

ညနေပြန်လာချော့မှ အကြီးကျယ် စိတ်ကောက်ပစ်ဦးမယ်လို့တွေးထားခဲ့ပေမဲ့ Jen ထင်သလို Unnie က Jenကို လာချော့ခြင်းမလုပ်ခဲ့။ အရင်ကဆို Jenအခုလို စိတ်ဆိုးပြန်လာရင် လူကိုယ်တိုင်ဖြစ်စေ ဖုန်းတွေအဆက်မပြတ်ခေါ်ပြီးတော့ ဖြစ်စေ ပြန်ချော့နေကြ ။ ပုံမှန်နေ့တွေမှာဆိုလည်း Unnie ကပြန်ရောက်တာနဲ့ Jen ကို လှမ်းနှုတ်ဆက်တက်သည်။ ဒီနေ့ကျတော့ Unnieက နေ့ခင်းကတွေ့တဲ့ Park Chaeyoung ဆိုတဲ့ တစ်ယောက်နဲ့ အတူ အိမ်ပြန်လာသည်။ Unnie က တစ်ခါမှ သူ့အိမ်ကို အသိမိတ်ဆွေတွေကို ခေါ်မလာတက် Jenစိတ်ဆိုးပြီး ပြသနာရှာတက်သောကြောင်းဖြစ်သည်။ အခုကျတော့ ဒီကလေးမလေးကို အိမ်ထိ ခေါ်လာတယ် ။
..............
"သမီး Jiလေးတို့ အိမ် ဧည့်သည်ရောက်နေတာထင်တယ်။ Jiလေးနဲ့ ပါလာတဲ့ကလေးမလေးက ချစ်စရာလေး"
အမေ က Jenမတွေ့သေးဘူးထင်၍ ပြောလာခြင်းဖြစ်သည်။
"ဟုတ် အမေ သမီး တွေ့‌ပြီးပြီ "
"အမယ်လေး...မျက်နှာကြီးက စူပုတ်မနေစမ်းပါနဲ့ သူ့ခင်များ ညည်းကို ကြောက်လို့ သူ့သူငယ်ချင်းတွေကို တစ်ခါမှ အိမ်ခေါ်လာရတာမဟုတ်ဘူး ။ အခုမှ ခေါ်လာတဲ့ဟာကို စူပုတ်မနေနဲ့"
အခုမှ ခေါ်လာလို့ ပိုပြီးရင်ပူနေရတာ အမေရဲ့ ။ Jen စိတ်ထဲကနေသာ ပြန်ပြောလိုက်ခြင်းဖြစ်သည်။
....................
"အမေ ညနေက သမီးဖုန်းဆက်ပြောထားတယ်လေ အိမ်မှာလာနေမယ်ဆိုတာ "
"Aww အေးအေး သမီးလေးက ချစ်စရာလေးပဲ Soo ထက်တောင် အရပ်ပိုရှည်သေးတယ် "
အမေက Chae လက်ကို လှမ်းကိုင်ရင်း ခုံပေါ်မှာ ထိုင်ပြီး ဆက်ပြောသည်။
"သမီး ကိုယ့်အိမ်လိုပဲ ‌သဘောထားပြီး
နေနော် ။ ဘာမှအားနားမနေနဲ့ Sooပြောပြထားလို့ သမီးလေးကြောင်း အန်တီသိသင့်သလောက်သိပြီးပါပြီ "
" Nae "
မေမေနဲ့Chae စကားလက်ဆုံကြနေသည်ကို နားထောင်ရင်း Soo ကလေးကို သတိရမိ ။ ညနေက ပြန်လာတော့ ဝရန်းတာပေါ်မှ ကလေးလှမ်းကြည့်နေတာကို တွေ့လိုက်ပေမဲ့ Chae ပါတာကြောင်း လှမ်းနှုတ်မဆက်တော့ပဲ အိမ်ထဲကို တန်းဝင်လာခြင်းဖြစ်သည်။ သေချာပါတယ် ဒီအချိန်ဆို ထိုကလေးငယ် စိတ်ကောက်နေတော့မှာ....
................

🎶ကြမ်းတမ်းတဲ့ အလိမ်ညာစကားတွေနဲ့ငါ့နှလုံးသားကို ဒဏ်ရာတွေပေးထားပြီး... တောင်းပန်တယ်ဆိုတဲ့ စကားတောင် တစ်ခွန်းမပြောပဲ ထပ်ပြီး ငါ့ကို
တစ်ယောက်တည်း အထီးကျန်အောင်လို့...ဒီနေ့တစ်နေ့လုံး မဟုတ်မှလွဲ ငါ့ကိုထားသွားဦးမှာလား လို့ နေ့တိုင်းတွေးပူနေမိတယ် ... I Just want you to stay 🎶🎶🎶
စိတ်ထဲပူလောင်နေတာတွေ သက်သာလို့ သက်သာညား ဘလက်ပင့်ခ် ရဲ့ stay သီချင်းကို ဖွင့်ပြီး လိုက်ဆိုနေခြင်းဖြစ်သည်။ ဒီသီချင်းလေးက အခုလို အချိန်မျိုးဆို နားထောင်ရသည်မှာ တစ်ကယ်ကောင်းသည်။ နှလုံးသားထဲထိ နစ့်ဝင်သွားအောင် အသံချို‌ချိုလေးတွေနဲ့ ဖမ်းစားထားနိုင်သည်။ (ကိုယ့် သီချင်း ကိုယ့်ဘာသာ ပြန်ကြိုက်နေလိုက်😛 ။စတာပါ အာသာက သီချင်းပါ တစ်ခါထဲ promo ဆင်းပေးလိုက်တာ😆😛)
xxxxxxxxx
"တီးလ်"
ဖုန်းထဲမက်ဆေ့ ဝင်သံကြား၍ အိပ်နေရာကနေ Jen ဖုန်းကို လှမ်းယူကြည့်လိုက်တော့ Unnie ဆီက စာဖြစ်နေ
သည်။
"မောနင်း ကလေး " တဲ့ မလွန်လွန်းဘူးလား အရင်က အလုပ်မသွားခင် မနက်တိုင်း Jenအခန်းထဲထိ လာပြီး နိုးနေ
ကြ အခုကျတော့ မောနင်းဆိုပြီး မက်ဆေ့လေးသာ ပို့လာခြင်းဖြစ်သည်။ နာရီကြည့်လိုက်တော့ 11:00နာရီပင် ကျော်နေပြီ ဒါဆို အလုပ်ထဲရောက်မှ ဒီချိန်ကြီးကျမှ သတိရပြီး ဝတ်တရားကျေ ပို့လိုက်တဲ့ သဘောပေါ့ 😅။ Kim Jisoo ရှင်တော်တော် ပြောင်းလဲနေပါလား။ အခုကျ ဒီလူကို တစ်စက်မှ အရေးမလုပ်တော့ဘူးပေါ့ 😅
Jen စိတ်ပျက်ပျက်နဲ့ အော်ရယ်နေလိုက်မိ ။ နေနိုင်လိုက်တာ😅။
.................
ဒါက Jen နားထောင်တဲ့ သီချင်းလေးပါ အဆင်ပြေရင်ဝင်streamပေးသွားလို့ရတယ် 😛

🍁Land of Maple 🍁Where stories live. Discover now