Part 29

2.8K 191 1
                                    

"ကလေး"
Soo ဒီနေ့အလုပ်ပိတ်ရက်မလို့ ကလေးတို့အိမ်ဘက်ကို အိပ်ယာနိုးနိုးချင်း ထွက်လာခြင်းဖြစ်သည်။
အိမ်ရှေ့မှာ ထိုင်နေတဲ့ ကလေးကို တွေ့လို့ လှမ်းခေါ်လိုက်ပေမဲ့ ကလေးက မသိချင်ယောင်ဆောင်ပြီး အပေါ်တက်သွားသည်။ ကိုယ့်မှာ အပေါက်ဝကနေ အိမ်ထဲဆက်ဝင်ရတော့မလိုလို ပြန်ပဲထွက်ရတော့မလိုလို😑
"Aww soo ရောက်နေတာလား ၊ အိမ်ထဲဝင်လေ။ နင့်ညီမ အပေါ်မှာထင်တယ် အပေါ်တက်သွားလိုက် အန်တီအပြင်သွားလိုက်ဦးမယ်"
"ဟုတ်ကဲ့ အန်တီ"
..............
"ကလေး ကိုယ်အထဲဝင်ခဲ့မယ်နော်"
Sooကိုအရေးမလုပ်ပဲ ကျောခိုင်းထိုင်နေတဲ့ ကလေးကို အနောက်ကသိုင်းဖက်လိုက်တော့ စိတ်အစဥ်က မောပန်းနေသမျှသက်သာသွားသလို
"လွမ်းနေတာ တစ်ကယ်အများကြီးလွမ်းနေတာ "
"တော်စမ်းပါ ဘေးဖယ်"

ဘေးဖယ်ဆိုပြီး ကလေးကSooရဲ့ လက်တွေကို ဖယ်ထုတ်လိုက်တော့ ရင်ဘတ်ထဲ ဝမ်းနည်းစိတ်က လှိုက်ခနဲတက်လာ။ "ကလေးက သူ့ကို တစ်ကယ်ကြီးမုန်းသွားပြီလား "အရင်က Chaelisa
ကိစ္စကို အရင်ကူညီဖြေရှင်းပေးဖို့ပဲ ခေါင်းထဲတွေးနေပြီး ကလေးကို လျစ်လျူရှု့ထားခဲ့မိတာ။ ပြန်ချော့ရင်ရမှာပဲ
ဆိုတဲ့စိတ်နဲ့ ကလေးဘက်က ခံစားချက်တွေကို ဂရုမစိုက်ခဲ့မိတာ အခုမှ "မုန်းသွားပြီးလား" လို့ တွေးမိတော့ မျက်ရည်တွေက ထိန်းမရ ။
"ကလေး ကိုယ့်တောင်းပန်ပါတယ် ။ ကိုယ်အများကြီးမှားသွားတယ် 😭 ဒီရက်ပိုင်းတွေမှာ တစ်ခြားကိစ္စတွေကိုပဲ
ဖြေရှင်းပေးဖို့ခေါင်းထဲရောက်နေခဲ့ပြီး ကလေးကိုလျစ်လျူရှု့ခဲ့မိတယ်။ တောင်းပန်ပါတယ်😭"

ရုတ်တရပ် Jen ရှေ့ဒူးထောက်ချပြီး ငိုယိုပြီးပြောနေတဲ့ Unnieကို ကြောင်ကြည့်နေမိ ။ အခုချိန်ထိ Unnieမျက်ရည်ကျတာကို သုံးကြိမ်ပဲ တွေ့ဖူးသေး ။ ပထမတစ်ကြိမ်က ငယ်ငယ်လေးတုန်းက Jenအူအတက်ပေါက်ပြီး ဆေးရုံတက်ရတုန်းက ဗိုက်ခွဲထားတဲ့ ဒဏ်ရာကိုကြည့်ပြီး နာမှာပဲ အရမ်းနာမှာပဲ လို့ပြောပြီး ထိုင်ငိုနေခဲ့တာ။ နောက်တစ်ကြိမ်က နှစ်ယောက်အတူ ကစားကွင်းထဲလျှောက်လည်ရင်း လူစုကွဲသွားတုန်းက ပြန်တွေ့တော့ သူ့ကိုသူအပြစ်တင်ပြီး Jenရှေ့ တောင်းပန်ပါတယ် တောင်းပန်ပါတယ်ပြောပြီး ထိုင်ငိုနေခဲ့တာ ။ ပြီးတော့ အခု အခုရော အဲ့တုန်းကလို Jenကို သနားပြီး ငိုတာလား
သူကာကွယ်မပေးနိုင်လို့ဆိုပြီး သူ့ကိုယ်သူတာဝန်မကျေသလို ခံစားရလို့ငိုတာလား ။
"တော်တော့ ထိုင်ငိုမနေနဲ့ ကျွန်မက ဟိုအရင်တုန်းကလို Unnie စိတ်ပူပြီး သနားပြီး ဂရုဏာသက်နေရမဲ့ အရွယ်မဟုတ်တော့ဘူး "

🍁Land of Maple 🍁Where stories live. Discover now