Jen သူငယ်ချင်းတွေနဲ့ ကနေရာမှ စိတ်မချလို့ မီးရောင်အောက်မှာ လှချင်တိုင်း လှနေတဲ့ ချစ်ရစွာသောရင်နင့်သဲချာလေးကို လှမ်းကြည့်ရင်း စိတ်တွေက အတိတ်စီပြန်တွေးကြည့်နေမိခြင်းဖြစ်သည်။ ငယ်ငယ်လေးတုန်းက ဒီတိုင်း အစ်မတစ်ယောက်လို သဘောကျတာ။ အထက်တန်းကျောင်းပြီးလို့ ကျောင်းမတူတော့တဲ့အချိန်တွေ
၊Uniတက်နေလို့တစ်ယောက်နဲ့တစ်ယောက်မတွေ့ဖြစ်ကြတော့တဲ့အချိန်တွေ၊Unnieနားမှာ သူစိမ်းသူငယ်ချင်းတွေနဲ့ အတူရယ်မောပျော်ရွှင်နေတာ တွေ့ရတဲ့အချိန်တွေ၊ Unnie အိမ်သွားအိပ်တဲ့ ညတွေ ၊ အဲ့နေ့အဲ့ရက်တွေ ကြုံလာပြီးတဲ့နောက်မှ ကိုယ့်စိတ်ကို ပြန်စမ်းစစ်ကြည့်ရင်း Unnieပေါ် အစ်မတစ်ယောက်ထက် ပိုတဲ့ သံယောဇဥ်ကြိုးတွေ ရစ်နှောင်နေမိပြီးဆိုတာ သိခဲ့ရတာ။ ကိုယ့်ပေါ် အပြုမှုသေးသေးလေးတွေကအစဂရုစိုက်တက်သလို အရာရာအလျော့ပေးအလိုလိုက်တက်ပေမဲ့ အဲ့တာကို အချစ်လို့ မှတ်ယူလိုက်ဖို့ကမဖြစ်နိုင်။ Unnieက ငယ်ငယ်လေးထဲက အခုလိုပဲ အခုထိသူ့ပေါ်ညီမလေးအရင်းတစ်ယောက်လိုပဲ ဆက်ဆံနေတာ ။ ကိုယ့်စိတ်ခံစားချက်တွေကို ဖွင့်ထုတ်ပြလိုက်ရင်လည်း ဒီရှိနေတဲ့ သံယောဇဥ်ကြိုးလေးပါ ပြတ်တောက်သွားမှာ စိုးရိမ်နေရ။ ကိုယ့်မှာသူ့ကို ချစ်လွန်းလို့ လူဆိုကြီးကိုဖြစ်လို့။ အခုလည်း သူ့သူငယ်ချင်း ဆရာဝန်ကောင်နဲ့
တွေ့ဖို့ ချိန်းထားတာသိလို့ တမင်တကာပါတီပွဲကိုခေါ်လာခြင်းဖြစ်သည်။ အခုတော့ ခေါ်လာမိတာငါးပါးမှောက် ။ သူ့အနားမှာ အကောင်တွေကဝိုင်းနေရော။ ဝိုင်းမှာပေါ့ သူကဝတ်လာတာဒီလောက်လှနေတာကို အာကစားဝတ်စုံတော့ဝတ်မလာပဲ ဘာကိစ္စအလှပြင်လာရတာလဲ ရူးတော့မှာပဲ ဒီKim Jisooနဲ့တော့" ပြန်မယ် လာ "
"အမ် ဘာလို့လဲ ကလေးရဲ့ စောသေးတယ်မလား "
"မစောတော့ဘူး ပြန်မယ်လာ ၊မကချင်တော့လို့ "
Jen သူ့အနားက အကောင်တွေနဲ့ရယ်ပြုံးနေတာကို သဝန်တိုလို့ ထပြန်လာခြင်းဖြစ်သည်။
"ကလေး ဘာလို့နှုတ်ခမ်းကြီးစူနေတာလဲ၊ ပါတီထဲမှာ သူငယ်ချင်းတွေနဲ့ ရန်ဖြစ်လာတာလား "
"မဟုတ်ပါဘူး "
"အဲ့ဒါဆို ဘာလို့လဲပြော၊ ကလေးတစ်ခုခုဖြစ်နေတာကိုယ် သိတယ်"
တစ်ခုခုဖြစ်နေတာပဲ သိတာမလား ။ Unnieကို အရမ်းချစ်လွန်းလို့ သဝန်တိုနေတာကျမသိဘူးမလား။ Jenစိတ်ထဲက အော်ပြောနေခြင်းဖြစ်သည်။
"Unnieဘေးမှာ ယောကျ်ားလေးတွေ
အများကြီးရှိနေတာမကြိုက်လို့😕"
"ဟားဟား ဘာများလဲလို့ ကလေးရာ...
ကိုယ်ကချောတာကို အဲ့ဒါကြောင်း ပါတီပွဲတွေမလိုက်ဘူးလို့ ငြင်းတာ ကိုယ်လိုက်ရင်အခုလို ဝိုင်းအုံးလာတက်ကြလို့😛"
Soo ဒီကလေးပေါက်စ သဝန်တိုနေသည်မှန်း သိလို့ တမင်တကာပိုစလိုက်ခြင်းဖြစ်သည်။
"ဟုတ်ပါတယ် ဟုတ်ပါတယ် Unnieက အရမ်းချောပါတယ်ရှင့် ခေါ်လာမိတဲ့ ဒီကောင်မကြီး အမှားပါ"
"ဟားဟား စတာပါကွာ ၊ လာ စူပုတ်မနေနဲ့တော့ အိမ်ရောက်ပြီ"
...............
"အန်တီ Jimiကို ဝင်မနှုတ်ဆက်တော့ဘူးနော် ကလေး "
"အင်း"
"မျက်နှာကြီး စူပုတ်မနေနဲ့တော့လေ
တော်ကြာ အန်တီကသူ့သမီးလေးကို စိတ်ချပြီးထည့်လိုက်တာကို အနိုင်ကျင့်လာတယ် ထင်နေဦးမယ် 😒"
"ဘာလဲ မေမေဆူမှာကြောက်လို့ လူကိုကောင်းပြနေတာလား"
"ဟောဗျာ မဟုတ်ရပါဘူး ။ နောက်တစ်ခါ ကလေးနဲ့အပြင်သွားချင်လို့ လာခေါ်ရင် အန်တီက စိတ်မချတော့ပဲ မထည့်တော့မှာစိုးလို့ပါ😒"
အိမ်ထဲဝင်ခါနီး အကြောင်းမရှိအကြောင်းရှာ ဆက်ရစ်နေတဲ့ Manduလေးဖြစ်သည်။ တမင်တကာစူထားတဲ့နှုတ်ခမ်းလေကြောင်း ပါးလေးကဖောင်းနေရော ဆွဲနမ်းလိုက်ရရင်ဖြင့်
😶
"ထားပါတော့ ၊ အာ့ဆို ဝင်တော့မယ် တာ့တာ "
"အင်း တာ့တာ"
အိမ်ထဲပြေးဝင်သွားသည့် ကလေးရဲ့ကျောပြင်သေးသေးလေးကအစ သူ့အတွက်ချစ်ဖို့ကောင်းသည်။ ဒါပေမဲ့....အင်း....ညီမလေးလိုပဲ ဖြစ်မှာပါ။
^ဟီး အိပ်မပျော်သေးလို့ အပိုင်းသစ် ထပ်upပေးတာ^
YOU ARE READING
🍁Land of Maple 🍁