"ပြောပါဦး နင်က ငါ့ကို ဘာလို့ပြန်မမှတ်မိစေချင်တာ"
"ဘာလို့လဲဆိုတော့ ကိစ္စတွေအများကြီး
ရှင်းစရာရှိသေးလို့ပေါ့ အချစ်ရဲ့ ၊ ဟိုကကိစ္စတွေ ဘာမှမရှင်းရသေးပဲ အချစ်က ပြန်မှတ်မိသွားရင် အဲ့ညကကိစ္စကိုတွေးကြောက်နေမှာစိုးတာရယ် အဲ့နေ့က ကိုယ့်ကိုယ် မုန်းနေတာဆိုတော့ ပြန်မှတ်မိတဲ့အခါ နာကျည်သွားမှာစိုးတာရယ် ကြောင်းပါ"
"ဘာလို့ နာကျည်းရမှာလဲ ငါက နင့်ကို"ချစ်ဖို့ကောင်းအောင်မျက်စောင်းတွေ ထိုးရင်း ပြန်ပြောနေတဲ့ ပတ်ချယ်ယောင်း လေးပါပဲ😆
"ဒါနဲ့ အဲ့နောက်ပိုင်း ဘာတွေဆက်ဖြစ်သေးလဲ ပြီးတော့ နင်နဲ့ အိမ်ရှေ့စံမင်းသားလေးနဲ့ စေ့စပ်ထားတာကရော ဘာဖြစ်သွားလဲ။ မဟုတ်မှလွဲရော နင်လက်ထပ်ပြီးသွားပြီလား"
"သူ့ပုံစံကို ကြည့်လိုက်ပါဦးဟယ် မင်းသမီးပုံစံနဲ့တူလို့လား"
သူ့ဘာသာမေး သူ့ဘာသာပြန်ဖြေပြီး
ငိုမဲ့မဲ့ဖြစ်နေတဲ့ Chaeyoungကို Soo Unnie ကခေါင်းထုပြီးဝင်ပြောလိုက်ခြင်းဖြစ်သည်။" ငါပြောတာ ဆုံးအောင်နားထောင်ပါဦး
ပြီးမှ ဝင်ပြော😒"
"အင်း ပြောပြော🙊""နင်ရော Bamရော မရှိတော့တဲ့နောက် ငါတစ်ယောက်ထဲ ဘာဆက်လုပ်ရမလဲမသိပဲ တစ်လလောက်စိတ်တွေလွင့်ပြီ
နေခဲ့တာ ။ နောက် Jisoo Unnie က
နင်နဲ့စျေးဝယ်နေတဲ့ ဓာတ်ပုံလေးတွေ မုန့်လျှောက်စားနေတဲ့ပုံလေးတွေ ပို့ပေးတော့မှ ငါ့မှာ နင်ရှိသေးတာပဲ နင်နဲ့ငါ့အတွက် အကောင်းဆုံးဖြစ်စေမဲ့ နည်းလမ်းတွေကို ရှာရမယ်ဆိုပြီး ဆုံးဖြတ်ခဲ့တယ်။ ပထမဆုံး မင်းသားလေးကို နင်နဲ့ငါ့အကြောင်းတွေအကုန်လုံးပြောပြလိုက်တယ် စေ့စပ်ပွဲကို ငါ့ဘက်ကဖြတ်ချင်တယ်ဆိုတဲ့အကြောင်းပြောပြတော့
မင်းသားလေးက လက်ခံတယ် ပြီးတော့သူ့ဘက်ကပဲစေ့စပ်ပွဲကိုဖျက်ပေးခဲ့တယ် ။ နောက် ဒယ်ဒီရဲ့ မကောင်းမူတွေကို တားမယ်ဆိုပြီး နည်းလမ်းတွေရှာခဲ့တယ် ။ ဒယ်ဒီလုပ်ခဲ့တဲ့မကောင်းမှုတွေကို လိုက်ရှာဖွေရင်းနဲ့ မထင်မှတ်ထားတဲ့ အမှန်တရားတစ်ခုကို သိလိုက်ရတယ် ။ ငါက ဒယ်ဒီ သမီးအရင်း မဟုတ်ဘူး ငါရော ငါ့အစ်ကိုရောက ငါ့အမေရဲ့ အရင် အိမ်ထောင်နဲ့ ရတာ ။ အခု နင်သိတဲ့ငါ့ဒယ်ဒီဆိုတဲ့သူက ငါ့ဦးလေးရဲ့သူငယ်ချင်း သူကစည်းစိမ်းရာထူးတွေမက်ပြီး ငါ့အမေကိုလက်ထပ်ခဲ့တာ ငါ့ဦးလေးကိုလည်း သူပဲလုပ်ကြံသတ်ခဲ့တာ အဲ့ဒါတွေကို သိသွားတဲ့ ငါ့အစ်ကိုရော အမေကိုရော
ထပ်လုပ်ကြံသတ်လိုက်တာ ။ ငါ့ကိုကျ
ဘုရင်ကြီးက အိမ်ရှေ့စံနဲ့ သဘောတူမယ်ပြောခဲ့လို့ ကောင်းကောင်းမွန်မွန်ထားပေးခဲ့တာ ။ ငါအဲ့ဒီအကြောင်းတွေကို အိမ်ရှေ့စံနဲ့ တိုင်ပင်ပြီး အတူတူတစ်ခုချင်းဖော်ထုတ်ပြီး ဘုရင်ကြီးကို တင်ပြခဲ့တယ် ။ ဒီကို လိုက်မလာခင် အရင်အပတ်ကမှ သူ့ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်နိုင်ခဲ့တာ"
YOU ARE READING
🍁Land of Maple 🍁