Part 13

2.7K 204 5
                                    

"လူတွေ Chae တစ်ခါမှမမြင်ဖူးတဲ့လူတွေ၊ သူတို့ရုပ်တွေက ကြောက်စရာကြီးတွေ ပြီးတော့ သူတို့ လက်ထဲမှာ လက်နက်တွေကိုင်ထားကြတယ် ။ သူတို့ Chae ဆီပြေးလာနေကြတယ် ပြီးတော့ အား .......
တောင်းပန်ပါတယ် မလုပ်ကြပါနဲ့ မလုပ်ပါနဲ့တော့ Lisa yah ငါ့ကိုကယ်ပါဦး Lisa .... "

"Chae , Chae သတိထား သတိထား စိတ်အေးအေးနေ ဘာမှ မဖြစ်တော့ဘူး ၊ ဘာမှမဖြစ်တော့ဘူးနော် ။ အသက်ကို ပုံမှန်လေးပြန်ရှုပေးမယ် ။ ဟုတ်ပြီး အခု မျက်လုံး‌တွေကို ဖြည်းဖြည်းချင်းပြန်ဖွင့်မယ်"
Sooတို့ ဒီနေ့ Chaeကို အိပ်မွေ့ချကုထုံဖြင့် ကုကြည့်နေခြင်းဖြစ်သည်။ Chae မမှတ်မိတော့တဲ့ Chaeရဲ့အတိ‌တ်တွေ
ဆီ ပြန်သွားကြည့်ခိုင်းပြီး မှတ်ညဏ်တွေ ပြန်ရလာဖို့ ကြိုးစားကြည့်နေကြ
ခြင်း ဖြစ်သည်။
"Chae ရရဲ့လား ။ ‌ရော့ ရေသောက်လိုက်ဦး "
Sooပေးတဲ့ ရေခွပ်ကိုယူရင်း တစ်ခါထဲ မော့သောက်နေတဲ့ Chaeက အရမ်းကြောက်လန့်ပြီး ပင်ပန်းနေပုံရသည်။
"Chae အဆင်ပြေရဲ့လား ။ တစ်ကယ်လို့ အဆင်မပြေရင်Unnieတို့ ဒီနည်းနဲ့ မကုတော့ပဲ တစ်ခြားနည်း ပြောင်းကုကြည့်မလား "
"ဟင့်အင်း ။ ရတယ် ဒီနည်းနဲ့ပဲ ဆက်ကုကြည့်မယ်။ ဒီနည်းက အတိတ်တွေကို ပြန်မှတ်မိဖို့ အမြန်ဆုံး နည်းပဲမလား ။ Chae အရာအားလုံးကို မြန်မြန် ပြန်မှတ်မိချင်တယ် "
မောပန်းနေတဲ့ကြား တက်တက်ကြွကြွ ပြုံးပြီး ပြောလာတဲ့ ဒီရှဥ့်ပေါက်လေးကို ကြည့်ပြီး Soo စိတ်မကောင်းဖြစ်မိ။
ဒီလို ချစ်စရာကောင်းပြီး အပြစ်ကင်းစင်တဲ့ ကလေးလေးဆီကိုမှ ကံဆိုးခြင်းတွေက ဘာလို့ကျရောက်ခဲ့ရတာလဲ ။ 
အစက Chae စိတ်ချမ်းသာအောင်အတိတ်တွေကို ပြန်မှတ်မိဖို့ အိပ်မွေ့ချ ကုထုံနဲ့ကုဖို့ ပြောကြည့်ခဲ့ပေမဲ့ မနက်က
Lisaဆီက မကုပေနဲ့ဦး ပြန်မမှတ်မိစေ
ချင်သေးဘူးဆိုတဲ့ mailကြောင်း ဘာဆက်လုပ်ရမလဲ တစ်ကယ်မစဥ်းစားတက်တော့ ။ အခုချိန်ကျမှ Chaeကို မလုပ်နဲ့တော့ဆိုပြီး တားလို့က‌လည်း မရတော့ပေ ။
ပင်ပန်းလိုက်တာ ကလေးရေ သတိရတယ်....
......................
"အန်တီ , Jenလေး အိမ်မှာ ရှိလား"
"ရှိတယ်သမီး မနက်ထဲက အခန်းထဲအောင်းနေတာ အခုထိအပြင်ထွက်မလာသေးဘူး။ သမီးတို့ ရန်ဖြစ်ထားကြသေးလား "
"ဟုတ် သူ Sooကို နည်းနည်း စိတ်ဆိုးနေတယ် ထင်တယ် "
"ဟုတ်လား အဲ့ဒါဆို သွားချော့လိုက်ပါဦးကွယ် ။ အခုထိဘာမှလည်း မစားသေးဘူး။ သမီးချော့မှရမယ်ထင်ပါတယ် "
"ဟုတ် အဲ့ဒါဆို Sooသွားချော့လိုက်ဦးမယ်နော်"
အလုပ်က နေ အိမ်မပြန်ပဲ ကလေးဆီ တန်းဝင်လာခြင်းဖြစ်သည်။ ဒီ ချီးထုတ်လေးကို ဘယ်လိုဆိုးဆိုး စိတ်မပျက်နိုင် ။ အခုလည်း သူကြိုက်တဲ့ မုန့်ဝယ်ပြီး ပြန်လာချော့ခြင်းဖြစ်သည်။
.......
"ဒေါက် ဒေါက် "
"ကလေး အထဲမှာ ရှိလား ကိုယ် ဝင်ခဲ့မယ်နော်"
Soo တံခါးခေါက်ပြီး ပြောလိုက်ခြင်းဖြစ်သည်။ အထဲက ကလေးက ဘာမှပြန်မပြော ။
"ကလေး တံခါးဖွင့်မပေးဘူးလား ၊အဲ့ဒါဆို အန်တီJimiဆီက သော့တောင်းပြီ ဖွင့်ဝင်လာမှာနော် "
"ကလောက်"
Soo နည်းနည်းခြောက်လိုက်တော့ ကလေးက တံခါးကို လာဖွင့်ပေးသည်။ ပြီးတော့ Sooကို တစ်ချက်မှမကြည့်ပဲ ကုတင်ပေါ်မှာ သွားပြန်အိပ်နေသည်။
"ကလေး စိတ်ဆိုးနေတုန်းပဲလား။ ကိုယ်တောင်းပန်ပါတယ် ညက ကလေးကအရမ်းမူးနေပြီး ပေါက်ကရတွေ လျှောက်လုပ်နေလို့ စိတ်ဆိုးပြီး ရိုက်လိုက်မိတာပါ မရည်ရွယ်ပါဘူး "
ပေါက်ကရတွေလျှောက်လုပ်လို့ ရိုက်လိုက်တာဟုတ်လား ၊ အဲ့ဒါ ပေါက်ကရလုပ်တာ မဟုတ်ဘူးKim Jisooရဲ့ ငါ့ နှလုံးသားတစ်ခုလုံး ရင်းပြီး လုပ်ခဲ့တာ။
"ဟဟား အရက်မူးပြီး ပေါက်ကရလုပ်လို့ ရိုက်တာ ဟုတ်လား ၊ အခုအရက်မမူးပဲ ပေါက်ကရထပ်လုပ်တာ မခံချင်ရင် ငါ့အခန်းထဲက ထွက်သွားလိုက် "
"မသွားဘူး ကလေး ။ ကိုယ့်ကို ဘာတွေ ဒီလောက်တောင် စိတ်ဆိုးနေလို့ အခုလို ရင့်ရင့်သီးသီးတွေ ပြောနေရတာလဲ "
"ရှင့်ရဲ့အလိမ်ညာတွေကို သိကုန်လို့ပေါ့ Kim Jisooရဲ့ ၊ ရှင် ကျွန်မကို ဂရုစိုက်ခဲ့တာတွေ ကောင်းပေးခဲ့တာတွေ အကုန်လုံးက အပေါ်ယံတွေဆိုတာ သိလိုက်ရလို့ပေါ့ "
"မဟုတ်သေးဘူး ကလေး ။ ကိုယ် အခုထိ ကလေးအပေါ်မှာ အပေါ်ယံတွေတစ်ခုမှ မလုပ်ခဲ့ဖူးသေးဘူး ။ အကုန်လုံးက ကိုယ့်စိတ်ထဲက ပါလို့ လုပ်ခဲ့တာတွေချည်းပဲ"
"တော်စမ်းပါ"
"ကလင် ကလင် "
Soo ကလေးနဲ့စကားများနေတုန်း အမေ့ဆီက ဖုန်းဝင်လာခြင်းဖြစ်သည်။
"ဟဲလို အမေ့"
"Jiလေး Chaeမေ့လဲသွားလို့ "
"ရှင် ... Chaeမေ့လဲသွားလို့ ဟုတ်လား သမီး အခုချက်ချင်းပြန်လာခဲ့မယ်"
ဖုန်းကိုချလိုက်ပြီး
"ကလေး ကိုယ်....
"မလိုဘူး ဘာမှပြောမနေနဲ့တော့ သွားလိုက်ပါတော့ ရှင့် Park Chaeyoung
ဆီကို အမြန်လေး"
အဲ့ဒါတွေ မုန်းတာ ။ သူ့အတွက် အဲ့တစ်ယောက်က Jenထက်ပိုအရေးကြီးနေတာကို 😅
****************
^Laisa လည်း ပါလာပါပြီနော် 😛 အာသာက ဒီficထဲမှာ Chaelisa ကိုပါ ထည့်ရေးဖို့ စိတ်ကူးထားခဲ့တာ အဲ့ဒါကြောင်း နောက်အပိုင်းတွေမှာ Jensooကို ခဏနားပြီး Chaelisaကိုရေးမှာပါရုတ်တရက်ကြီး Chaelisaကို ထည့်လိုက်လို့ အဆင်မပြေဘူးဖြစ်သွားမှာစိုးလို့ ဒီည အပိုင်းကို အရှည်ကြီးupပေးလိုက်တာ😛^

🍁Land of Maple 🍁Where stories live. Discover now