Lisa , Chae ဆီကို ရောက်မလာတာ တစ်ပတ်ကြာပြီးဖြစ်သည် ။ "ဘာများ ဖြစ်လို့ပါလဲ ၊ နေမကောင်းလို့လား "
"Lisa yah ငါ လွမ်းနေပြီ 😿 "
......
"ဒီက Park Chaeyoung ဆိုတာလား မသိဘူး"
"အမ် ဟုတ်ပါတယ် ။ ဘာကိစ္စများရှိလို့လဲ "
"ကျွန်တော်က Lisaသူငယ်ချင်းပါ။ သူက ဒီစာနဲ့ပန်းလေး ပေးခိုင်းလိုက်လို့ပါ"
"သူက ဘယ်သွားလို့လဲ"
"သူက အခုKoreaကို အလုပ်ကိစ္စတစ်ခုနဲ့ရောက်နေလို့ပါ "
"Aww"
ငါ့ကိုတောင် ဘာမှပြောမသွားဘူး 😒
"အဲ့ဒါဆို ကျွန်တော်ကို ခွင့်ပြုပါဦးခင်ဗျ"
"ဟုတ် ကျေးဇူးပါရှင့်"
(ဒီနေရာကစပြီး Lisa ပို့တဲ့ စာလေးတွေကို Day 1 Day 2,....ဆိုပြီး ရေးသွားပါမယ်နော်😁)
...........
Day 1
Chaeyoung , ပထမဆုံးငါနင့်ကို နှုတ်မဆက်ပဲ ခရီးထွက်သွားလိုက်လို့ တောင်းပန်ပါတယ်။ ငါကိုယ့်တိုင်တောင် အဲ့နေ့ကမှ ရုတ်တရပ်ကြီးသိပြီး ချက်ချင်း ထသွားရတာမလို့ပါ။ ငါKoreaကိုရောက်တော့ နေရာစိမ်းမလို့ ပထမဆုံးအဆင်မပြေဖြစ်ပေမဲ့ ဒီနေရာက နင့်ရဲ့ ဇာတိမြေပါလားလို့ တွေးလိုက်မိတော့ စိတ်ထဲအေးချမ်းသွားရော။ Korea က တစ်ကယ်ကို လှတယ်နော် ။ တစ်နေ့နေ့ကျ နင်နဲ့အတူ Koreaကို ပြန်လာကြည့်ချင်တယ်။
(နှင်းဆီပန်း ၁၅ပွင့်ရဲ့ အဓိပ္ပာယ်က ဝမ်းနည်းအောင်လုပ်မိလို့ ခွင့်လွတ်ပေးဖို့တောင်းဆိုတာတဲ့ ။ နင်ငါ့ကို ခွင့်လွှတ်ပေးမယ်မလား 😿)ဒီလောက်စကားတက်နေမှတော့ ဘယ်လိုလုပ်စိတ်ဆိုးလို့ ရတော့မှာလဲ😏။
Day 2
Chaeyoung yah ,မှတ်မိလား နင့်စက်ဘီး နဲ့ ဝင်တိုက်မိတုန်းက ငါပြောတဲ့စကားလေ နှလုံးသားကိုခိုက်မိသွားတယ်ဆိုတာလေ အဲ့ဒါ စတာမဟုတ်ဘူးနော် အတည်ပြောတာ 😛။ နင်နဲ့မတွေ့
ခင် အချိန်တွေတုန်းက ငါအသက်ရှင်နေရတာက တာဝန်တစ်ခုလိုမျိုးပဲ ဘာအဓိပ္ပာယ်မှမရှိဘူး ။ နင်နဲ့တွေ့တဲ့နေ့ကစပြီး ငါ့ဘဝရှင်သန်ခြင်းက ပြန်ပြီး အဓိပ္ပာယ်ရှိလာတာ။
(နှင်းဆီပန်းတစ်ပွင့်ရဲ့ အဓိပ္ပာယ်က မြင်မြင်ချင်းအချစ်တဲ့ အဲ့ဒါကြောင်း ဒီနေ့ ငါနင့်ကို နှင်းဆီပန်းတစ်ပွင့်ထဲ ပေးတာ)မယုံပါဘူး အပိုတွေ😏။ မယုံဘူးသာပြောနေတာ Chaeရုပ်ကြီးက ဖြီးလို့😶
Day3
Chaeyoung , ငါကလေ နင်သာအခွင့်ရေးပေးရင် တစ်လောကလုံးကို ကျောခိုင်းပြီး နင့်တစ်ယောက်ထဲကိုပဲ မျက်နှာမူနေမှာမလို့ ပိုပိုသာသာလေးဖြစ်ဖြစ် သက်သက်ညှာညှာလေးဖြစ်ဖြစ် စဥ်းစားပေးနော်😿။ နင့်အတွက်ပဲ သီသန့်ထုတ်တဲ့ brandမလို့
နင်မှ မဝယ်ရင် ဒီလူက မေတ္တာငတ်ရုံပဲရှိမှာဟ 😿။
(နှင်းဆီးပန်း နှစ်ပွင့်ရဲ့ အဓိပ္ပာယ်က နက်နက်ရှိုင်းရှိုင်း ချစ်မိနေပြီတဲ့ အဲ့ဒါကြောင်း ဒီနေ့ ပန်းနှစ်ပွင့်ပေးတာ😁)
YOU ARE READING
🍁Land of Maple 🍁