ဒီညSoo ညပိုင်းတာဝန်ချိန်ဖြစ်သည်။ လူနာတွေကို လှည့်ကြည့်ပြီး ခဏ နားနေတုန်း အန်တီ Jimi ဆီကဖုန်းဝင်လာသည်။
"သမီး Jiလေး, Jen အဲ့ကိုလာသေး"
"မလာဘူး အန်တီ, Jenအခုထိ အိမ်ပြန်မရောက်သေးဘူးလား " သူမေးရင်း နာရီကို ကြည့်လိုက်တော့ 9:00ပင် ထိုးနေပြီးဖြစ်သည်။
"ဟုတ်တယ် သမီးရေ ၊ အခုထိပြန်မလာသေးဘူး။ နင့်ညီမ အခုတလော အကျင့်တွေပျက်နေတယ်"
"ဟုတ် အန်တီ အရမ်းကြီး စိတ်ပူမနေပါနဲ့ Soo သူ့သူငယ်ချင်းတွေကို လှမ်းမေးပြီး လိုက်ရှာကြည့်ပေးမယ်နော်"
"အေးအေး သမီး ၊ တွေ့ရင် ခေါင်းခေါက်ပြီးသာ ပြန်ခေါ်ခဲ့ "
"Nae"
...........
"Mino Oppa , Soo အရေးကြီးကိစ္စရှိလို့ ဒီည စောစောဆင်းလိုက်မယ်ရလား"
"အင်း ရတယ်လေ Soo ဘာဖြစ်လို့လဲ"
"Jenလေးလေ အိမ်ပြန်မလာသေးလို့တဲ့ အဲ့ဒါ လိုက်ရှာမလို့ "
Mino Oppaက Soo ထပ် တစ်နှစ်ကြီးတဲ့ စီနီယာ ဆရာဝန်ဖြစ်သည်။ Jenနဲ့လည်း မိတ်ဆက်ပေးထား၍ အချင်းချင်းရင်းနှီးကြသည်။ ရှားရှားပါးပါး Soo နဲ့ရင်းနှီးသူတွေထဲမှာ Minoတစ်ယောက်ကိုသာ Jenက ကြည်ကြည်ဖြူဖြူ ခွင့်ပြုပေးထားခြင်းဖြစ်သည်။
"ဟုတ်လား ၊ အဲ့ဒါဆို မြန်မြန်သွားလိုက်ရှာဦး။ Jenက Soo ကို တော်တော် ချစ်ရှာတာ ။ ဆိုးချင်ယောင်ဆောင်ပေမဲ့ Sooစကားဆို နားထောင်တယ်"
"Nae Oppa ,အာ့ဆို သွားလိုက်ဦးမယ်နော် ဂိုမာ့ပ်ဆုမနီဒါ "
Soo, Mino oppa ကို နှုတ်ဆက်ပြီး ထွက်လာခဲ့လိုက်သည်။
..................
Soo ကားမောင်းနေရင်း Jenဆီ ဖုန်းဆက်ကြည့်တော့ မကိုင် ။ အဲ့ဒါနဲ့ yeri ဆီသာ ဆက်ကြည့်လိုက်သည်။
"Hello Jisoo Unnie "
"Yeri, Jen. yeri နဲ့အတူရှိနေလားလို့ ဖုန်းဆက်ကြည့်တာ "
"မရှိဘူး Unnie ၊ ညနေကပြန်သွားပြီလေ"
"ဟုတ်လား အခုထိ ပြန်မရောက်သေးလို့၊ သူ တစ်ခြား ဘယ်သွားမယ်လို့ ပြောသွားသေးလဲ "
"သူ Club သွားမယ်လို့တော့ ပြောနေသေးတယ် ။ yeriက သူစနေတယ် ထင်လို့ လိုက်မသွားတာ "
"Aww ဟုတ်လား ၊အဲ့ဒါဆို ကိုယ် Club လိုက်သွားကြည့်လိုက်ဦးမယ် ။ ဒါပဲနော် "
................
"Jennie Kim , အဲ့ဒါဘာလုပ်နေတာလဲ"
Soo, yeri ပြောတဲ့ ကလပ်ကို လိုက်သွားပြီး ပတ်ရှာလိုက်တော့ အရက်ပုလင်းကို လက်တစ်ဖက်က ကိုင်ရင်း အမျိုးသား တစ်ယောက်နဲ့ နှုတ်ခမ်းချင်းနမ်း နေတဲ့ သူ့ရဲ့ ကလေး ။ ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့အချိန် Soo မျက်လုံးထဲ တစ်ခြား ဘာမှမမြင်တော့
ဒေါတသကြီး သူ လှမ်းအော်လိုက်ခြင်းဖြစ်သည်။ ကလေးက ပထမ အံ့သြသွားသလိုပုံစံနဲ့ တစ်ချက်ကြည့်ပြီး ပြီးတော့ မထုံတထေး မျက်နှာနဲ့ အရက်ကို
မော့သောက်ပြီး
" မမြင်ဘူးလား Unnieရဲ့ ပျော်ပါးနေတာလေ "
"Jennie တော်တော့ လာခဲ့ "
Soo, Jenရဲ့ လက်ကိုစောင့်ဆွဲပြီး အပြင်ကို ခေါ်ထုတ်လာလိုက်သည်။
"လွှတ်ပါ Unnie ရဲ့ ဘာလို့ အတင်းဆွဲခေါ်လာတာလဲ ဒီမှာ ပျော်လို့မဝသေးဘူး"
"တိတ်စမ်း Jennie , နင်ဘာတွေလျှောက်လုပ်နေတာလဲ ။ ခုနက နင်နဲ့ နမ်းနေတဲ့ သူက ဘယ်ကကောင်လဲ။ ဟိုတစ်ခါ နင်မိတ်ဆက်ပေးတဲ့ နင့်ရည်းစားလည်း မဟုတ်ဘူး "
"သူနဲ့က ပျက်သွားပြီ။ ဒါက အခု clubမှာ တွေ့တာ "
"ဘာ club မှာ တွေ့တဲ့ မသိသေးတဲ့ အမျိုးသား တစ်ယောက်ကိုတောင် နင်က နမ်းနေ နိုင်တယ်ပေါ့ ဟုတ်လား ။ အောက်တန်းကျလိုက်တာ "
Soo တစ်ခါမှမမြင်ဖူးတဲ့ သူရဲ့အရက်မူးနေပြီးဘာကိုမှဂရုမစိုက်သလို မျက်နှာပေနဲ့ ပြောနေတဲ့ စကားတွေကြောင်း ဒေါသထွက်ပြီး ရင့်ရင့်သီးသီးတွေပြောလိုက်ခြင်း ဖြစ်သည်။
"ဟုတ်တယ် ။ အောက်တန်းကျတယ် လူတကာကို လွယ်လွယ်နမ်းနိုင်တယ် Unnie ကိုလည်း နမ်းနိုင်တယ် "
Jen ပြောလည်းပြော အနားကပ်ပြီး နမ်းလိုက်သည်။ မုန်းလိုက်တာ ကိုယ့်ကို မချစ်နှစ်သက်တဲ့အမျိုးသမီးတစ်ယောက်ရဲ့ နှုတ်ခမ်းက ဘာလို့ ဒီလောက် ချိုမြိန်နေရတာလဲ ။ အမှန်ဆို ခုနက ထိုအမျိုးသမီးကို မေ့နိုင်ဖို့ ကိုယ့်ကိုယ်အချိန်အကြာကြီး လိုက်ကြိုက်ပြီး ကိုယ်ခိုင်းသမျှ လိုက်လုပ်ပေးခဲ့တဲ့ အကောင်ကို ကိုယ့်ကိုချစ်တယ်လို့ ခဏခဏပြောတဲ့ နှုတ်ခမ်းကို နမ်းဖို့အတွက် အရက်မူးအောင်သောက်ပြီး ကြိုးစားခဲ့တာတောင် ဘယ်လိုမှ မနမ်းနိုင်ခဲ့တာ ။ ကိုယ့်ကိုယ်ရင့်ရင့်သီးသီးတွေ ပြောတဲ့ ဒီအမျိုးသမီးရဲ့ နှုတ်ခမ်းကိုမှ မက်မက်မောမော နမ်းနေမိတာ။
YOU ARE READING
🍁Land of Maple 🍁