"ဝါး မုတ်ဆိတ်ပျားစွဲတာပဲ။ ကိုယ်ကြိုက်တဲ့ မုန့်တွေချည်းပဲ😋"
"😏"
"ကဲ ပြောပါဦး Park Chaeyoung
အကြောင်း "
"Park Chaeyoung , Park Chaeyoungနဲ့ ခေါ်နေတာ မမောဘူးလား Chaeလို့ပဲခေါ်ပါ"
"မမောဘူး ငါ့ဘာသာ ဘယ်လိုခေါ်ခေါ် ပြောစရာရှိတာပြော 😡"
"ဟုတ်ပါပြီ မမောရင် ပြီးတာပဲ ။ ဒီမုန့်စားပြီပြောပြမယ်"
Soo နောက်ဆုံးကျန်တဲ့မုန့်ကို မြန်မြန်လိုက်စသတ်ပြီး စကားဆက်လိုက်သည်။
"ဟိုအရင်က ကိုယ်ဆေးကျောင်းနောက်ဆုံးနှစ်တုန်းကလေ ကျောင်းကနေ အတော်ဆုံးကျောင်းသားကျောင်းသူတွေကိုရွေးပြီး ကိုးရီးယား ထိုင်း သံတမန် ချစ်ကြည်ရေး ပူပေါင်းဆောင်ရွက်တဲ့ပွဲတုန်းကလေ အဲ့ဒီမှာ ထိုင်းမလေးတစ်ယောက်နဲ့ ကိုယ်နဲ့ ရင်းနှီးခဲ့တယ် သူနဲ့ဘာသာစကားတွေ ဖလှယ်ပြီး သင်ပေးခဲ့တယ် တစ်ကယ့်ပွဲနေ့ရောက်မှ သူ့ကို ထိုင်းနိုင်ငံရဲ့အမတ်မင်းသမီးမှန်း သိရတယ်ဆိုတာလေ ကလေးကို ပြောပြဖူးပါတယ် အဲ့တုန်းက သူ့အကြောင်းတွေချည်းပြောနေလို့ဆိုပြီး ကလေးတောင်စိတ်ကောက်သွားသေးတယ်လေ"
"အင်း အဲ့အကြောင်းကသိပြီးသားလေ Park Chaeyoungနဲ့ ဘာဆိုင်လို့လဲ "
"အင်း ဆက်ပြောပြမယ် ။ Chaeက သူ့ရဲ့ ရည်းစား ။ သူက ကိုယ့်ကို ခဏခဏဖုန်းဆက်ပြီး သူ့ကောင်မလေးအကြောင်းတွေပြောပြတက်တယ် ။ သူ့ဒယ်ဒီက သူတို့နှစ်ယောက်ကိုသဘောမတူဘူးလေ အမျိုးမျိုးဒုက္ခပေးပြီးခွဲခဲ့တာ။ တစ်နေ့ Lisaက ကိုယ့်ဆီmailတစ်စောင်ပို့ခဲ့တယ် ။ အဲ့ထဲမှာသူ့ကောင်မလေးကို သူ့ဒယ်ဒီလူတွေလိုက်သတ်လို့ သဘော်နဲ့Koreaကိုထည့်ပေးလိုက်တယ်အခုဘယ်ဆေးရုံးမှာသွားခေါ်ပြီး Unnieဆီခေါ်ထားပေးပါဆိုပြီးအကူညီတောင်းတာနဲ့သွားခေါ်ခဲ့တာ အတိတ်မေ့နေတဲ့Chaeနဲ့ ပြသနာ
တွေအများကြီးကို ဖြေရှင်းနေရတဲ့ Lisaကြား ကိုယ်က မိတ်ဆွေကောင်းပီပီ တက်နိုင်သလောက် ဝင်ကူညီပေးခဲ့တာ ဒါပဲ "
"Aww သူတို့တွေ ပြသနာတွေအများကြီး ရှင်ဆိုင်ခဲ့ရတာနော် အခုChaeရောအကုန်ပြန်မှတ်မိသွားပြီးလား"
"အင်း"
Soo ပြောပြသမျှChaelisaအကြောင်း
အကုန်နားထောင်ပြီး မျက်ရည်တွေဝဲနေ တဲ့ကလေးငယ်ပါပဲ😆 အခေါ်ဝေါ်တွေပါ ချက်ချင်းပြောင်းကုန်ပြီ။
"အဲ့ဒါစောစောစီးစီးပြောပြလေ ဒီက အတိတ်မေ့နေတဲ့သူကို မသိပဲနဲ့ အခြောက်တိုက်တွေမနာလိုဖြစ်ပြီး မုန်းနေခဲ့မိတာ😣"
"ပြောမလို့အခွင့်ရေး မရခဲ့လို့ အခုစိတ်ဆိုးပြေပြီလား"
"မပြေဘူး😕"
"ဟင်း ပြေပါတော့ သူများ အချစ်ရေးကို ကူညီပေးရင် ကိုယ့်အချစ်ရေးလည်း အဆင်ပြေတယ်တဲ့ အဲ့ဒါကြောင်း ကူညီပေးခဲ့တာ😒"
"အဲ့ဒါဆို Unnieမှာ ရည်းစားရှိတယ်ပေါ့"
"အမ် မရှိပါဘူး "
"မရှိပဲနဲ့ ဘာလို့ အဆင်ပြေချင်"
"အဲ အဲ့ဒါက ရလာရင်ပြောတာ"
"Unnie က ရချင်နေပြီပေါ့ "
"အမ် အဲ့လိုမဟုတ်ဘူးလေ"
😭အမယ်လေး အမေရေ ကယ်ပါဦး ပြသနာပြေလည်ချင်လို့ ဖြေရှင်းနေပါတယ်ဆိုမှ မပြေလည်တဲ့အပြင်ပိုရှုပ်ကုန်ပြီး ချေစိန်ရစ်ရင် ဘယ်သူမှ မခံနိုင် 😣
"အဲ့လိုမဟုတ်ရင် ဘယ်လိုလဲပြောပါဦး"
"အဲ့ဒါက ဒီ ဒီလို ရည်းစားမရှိပေမဲ့ ကလေး ရှိတယ်လေ ကလေးနဲ့ အဆင်ပြေချင်လို့ 😁"
"ဘယ်က ကလေး "
"ကိုယ့်ရှေ့ကထိုင်နေတဲ့ ကိုယ့်ရဲ့နှစ်ယောက်မရှိသော ကလေးလေးကို ပြောတာပေါ့ "
"ဘာလို့ အဆင်ပြေချင်တာလဲ"
"ချစ်လို့ပေါ့ "
"ဘယ်လိုချစ်တာ"
"ညီမလေး တစ်ယောက်လိုပေါ့"
အေး အဲ့မှာ တစ်သက်လုံးထိုင်ပြီး ညီမလေး တစ်ယောက်လိုပဲချစ်နေလိုက် 🙂
ကိုယ့်ထက်အကြီးဖြစ်နေလို့သာ မဟုတ်ရင် ခေါင်းကို လေး ငါး ဆယ်ချက် ထုပြီး နေပြီ 🙂
"ထားပါတော့ ဒါနဲ့ Chaeတို့အတွဲကိုဘယ်လိုမြင်လဲ"
"တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတဲ့အတွဲလို့ မြင်တယ် "
"အဲ့လိုပြောတာမဟုတ်ဘူး သူတို့က မိန်းကလေးချင်းတွဲနေတာလေ အဲ့ဒါ ဘယ်လိုမြင်လဲလို့"
"Aww ဘယ်လိုမှမမြင်ပါဘူး Love is Love ပဲလေ "
"အဲ့ဒါဆို Unnieအနေနဲ့ရော မိန်းကလေးတစ်ယောက်ကို ချစ်နိုင်လား"
"အဲ့ဒါက ထင်သလောက်မလွယ်ဘူးလေ"
"အင်း ထားလိုက်တော့ Unnieပြန်တော့လေ ကျွန်မလည်း အပြင်သွားစရာရှိလို့"
"ကိုယ့်ကို စိတ်ဆိုးနေတုန်းလား"
"မဆိုးပါဘူး ဆိုးစရာအကြောင်းမှမရှိတာ တာ့တာ ရေချိုးလိုက်ဦးမယ်"
YOU ARE READING
🍁Land of Maple 🍁