Part 4

3.3K 209 3
                                    

ထိုကလေး အချေစိန် ချေတယ်ဆိုတာ
ကျွန်မနဲ့ ရင်းနှီးပြီးတစ်ပတ်သာခံသည်။
အခုတေ့ာ ထိုအချေစိန်က အချွဲစိန် ဖြစ်နေလေသည်။
"Unnie, Jen ဒီအင်္ကျီလေးနဲ့ လှလား ။ Unnie ,Unnieခေါ်နေတာကိုမကြားဘူးလား။ စိတ်တွေက ဘယ်သူ့ဆီရောက်နေတာလဲ😡"
Soo ငယ်ငယ်တုန်းကအကြောင်းတွေ
ပြန်တွေးရင်း ကိုယ့်ဘာသာအတွေးလွန်နေသောကြောင်း သူခေါ်တာကို မကြားလိုက်ခြင်းဖြစ်သည်။
"အမ်....ကလေး sorry ကိုယ်နည်းနည်းအတွေးလွန်သွားလို့ မကြားလိုက်တာ"
"အင်းပေါ့ အင်းပေါ့ အခုတော့ Unnie ရှေ့က ဒီကောင်မကြီးက ဘာမှမဟုတ်တော့ ဒီကောင်မကြီးအရှေ့ထားပြီး တွေးချင်ရာတွေးနေပေါ့ 🙂"
အချေစိန်ကနေ အချွဲစိန်ဖြစ်သွားထဲက တစ်နေ့ကို ဆယ့်နှစ်ခါလောက် စိတ်ဆိုးစိတ်ကောက်နေတက်သည်။ အခုလည်း သူခေါ်တာကို မကြားလိုက်လို့ ဒေါပွနေပြီးပြောနေခြင်းဖြစ်သည်။ လူသာပုတာ စိတ်ကတော့ တော်တော် ကောက်နိုင်တယ်😒။
"မဟုတ်ပါဘူး ကလေးရာ ။ ကလေးကသာ Unnieရဲ့အရာရာပါ။ အခုလည်း ဘယ်သူ့အကြောင်းမှ စဥ်းစားနေတာမဟုတ် ။ ကလေးနဲ့စသိတုန်းက ငယ်ငယ်တုန်းကအကြောင်းတွေ ပြန်စဥ်းစားနေတာ"
အဲ့လိုပြောလိုက်တော့ စူနေတဲ့ရုပ်ကြီးက အနည်းငယ်ပြေသွားသော်လည်း စိတ်ကောက်တာက ပြေပုံမပေါ်သေး။
"ပြောတိုင်း ယုံရမှာလား။ Unnie စိတ်ထဲမှ ဝင်ကြည့်လို့မရတာ "
တမင်တကာ နှုတ်ခမ်းကိုစူပုတ်ပြီး ပြောလာခြင်းဖြစ်သည်။ အဲ့လိုပါးဖောင်းဖောင်းနဲ့ နှုတ်ခမ်းစူပြောနေရင် ဒီလူက ဆွဲကိုက်ပစ်ချင်တာ အရမ်း😒။
"ယုံပါ ။ ဒီKim Jisoo က ဘယ်တုန်းက
ကလေးကိုလိမ်ပြောဖူးလို့လဲ "
ဘာမှပြန်မပြောပဲ ငြိမ်နေတာက စိတ်မဆိုးတော့ပဲ တမင်တကာစိတ်ကောက်ချင်လို့ ပြန်ပြောစရာ စကားလုံးရှာနေမှန်းသိလို့ Sooကပဲ စကားလမ်းကြောင်း လွဲရန် ဆုံးဖြတ်လိုက်သည်။
"ကလေး ။ ဒီအင်္ကျီကြိုက်လို့လား၊ လှတယ် ကလေးနဲ့ "
"ဟွန့် အခုမှ။ ခုနကအဲ့တာမေးနေတာကို ပြန်မဖြေပဲနဲ့ "
" ဟုတ်ပါပြီ ခုနကမကြားလိုက်လို့ မီရာ။ အမှန်ဆို ကလေးက အိမ်နေရင်းအဝတ်နဲ့နေရင်တောင် အရမ်းလှနေတာ၊
အဲ့ဒါကို အခုလို အင်္ကျီတွေ ဝတ်ကြည့်ပြီး လှလားမေးတော့ Unnieက ဘာပြန်ပြောရမယ်မှန်း မသိတော့ဘူးလေ 😒"
တမင်တကာ မျက်နှာငယ်ပုံစံလေးလုပ်ပြီး သူ့ကိုမြှောက်ပင့်ပြောလိုက်တော့မှ ငတိက တစ်ကယ် စိတ်‌ဆိုးပြေသွားသည်။
"သိသားပဲ ကိုယ့်ကိုယ်ကိုလှမှန်း😇 Unnie ပျင်းနေပြီမလား အိမ်ပြန်မယ်လေ "
သူ့ သူငယ်ချင်းတွေနဲ့ ည ပါတီပွဲသွားစရာ ရှိလို့ဆိုပြီး မနက်ထဲက shoppingထွက်လာတာ အခု နေ့လယ်
ရောက်ခါမှ Unnie ပျင်းနေပြီလားဟု မမေးလာခြင်းဖြစ်သည်။ ဒီက ပျင်းလို့ အရည်ပါပျော်တော့မယ် ။
"အင်း ဝယ်တာပြီးပြီဆို ပြန်ကြမယ်လေ"
"Unnie ညကျ Jenကို အိမ်ကနေ လာခေါ်ပေးနော် ၊အိမ်က Unnie ပါမှသွားခွင့်ပေးမှာ😞"
"အင်း ဒီတိုင်း ကလေး သွားလို့ရအောင်ပဲ ကူပြောပေးမယ်နော် ကိုယ်တော့ မလိုက်တော့ဘူး "
"ရာ... Unnie မလိုက်ပဲ အိမ်က ဘယ်လိုလုပ်ခွင့်ပေးမှာလဲ"
"ကိုယ်မှ အဲ့လိုပွဲတွေသွားရတာ မကြိုက်တာ ကလေးလည်း သိရဲ့သားနဲ့"
"မသိဘူး မသိဘူး။ လိုက်ခဲ့ရမယ် ဒါပဲ"
"ဟာ ကလေးကလဲ မဆိုးနဲ့ကွာ။ ပြီးတော့ ညကျ ကိုယ်လည်းသွားစရာ ရှိသေးတယ်လေ"
"ဟုတ်ပါပြီ ဟုတ်ပါပြီ ဒီကဆိုးတယ်။ အာ့ကြောင်း အရေး‌မပေးနဲ့ အဲ့ကောင်းတဲ့သူတွေနဲ့ပဲ သွားတွေ့နေ 😡"
"အဲ့လို မဟုတ်ဘူးလေ ...
"တော်ပြီး ဘာမှမပြောနဲ့တော့ ။ အခုလည်း လိုက်မပို့နဲ့တေ့ာ ကားရပ် ကိုယ့်ဘာသာပြန်မယ်"
Shoppingက အပြန်ကားပေါ်မှာ ပါတီလိုက်ပိုဖို့ပြောရင်း စကားများနေခြင်းဖြစ်သည်။ ကိုယ်တွေ့ဖို့ချိန်းထားတယ်ဆိုတာကလည်း တစ်ခြားမဟုတ် အလုပ်က လုပ်ဖော်ကိုင်ဖက်နဲ့ အလုပ်ကြောင်းပြောရန် ချိန်းထားခြင်းသာဖြစ်သည်။ ပြီးတော့Soo အဲ့လိုပွဲတွေ သွားရမှာ တစ်ကယ်မကြိုက်သောကြောင်း ငြင်းနေခြင်းဖြစ်သည်။ ဒါပေမဲ့
ဒီကလေးက တစ်ကယ်စိတ်ထိခိုက်သွားပုံ စိတ်ဆိုးရင်းမျက်ရည်တွေကျပြီး ပြောနေတော့ ဒီလူက ဘယ်စိတ်နဲ့တင်းထားနိုင်တော့မှာလဲ။
" လိုက်ပို့ပေးမယ်။ လိုက်ပို့ပေးမယ်နော် မငိုနဲ့တော့ အခုလည်း အိမ်အထိပြန်လိုက်ပို့ပေးမယ်။ ညကျရင်လည်း ပါတီပွဲ လိုက်ပို့ပေးမယ်နော်။ မငိုနဲ့တော့ ကိုယ်မှားသွားတယ် ။ Sorryနော်"
ကားပေါ်ကအတင်းဆင်းမယ်လုပ်နေ
သောကြောင်း ကားလမ်းဘေးထိုးရပ်ပြီး ငိုနေတဲ့ကလေးကို ရင်ဘတ်ထဲဆွဲဖက်ရင်း ချော့ပြောနေခြင်းဖြစ်သည်။
(တစ်ခါတစ်လေကိုယ်က အမှားမလုပ်ပေမဲ့လည်း ကိုယ့်ဘက်က မှားတယ်လို့တောင်းပန်လိုက်ရတာမျိုးတွေလေ အဲ့ဒါကလေးကို ဘယ်လောက်တန်ဖိုးထားလို့လဲဆိုတာ ကလေး‌တစ်နေနေ့တော့ သိပါစေကွယ်။ )
..................
*ZG*

🍁Land of Maple 🍁Where stories live. Discover now