Part8

2.8K 200 6
                                    

"Jen ဟိုဟာ နင့် Unnie Jisoo မလား"
ဘေးက သူငယ်ချင်း yeri ပြောတဲ့စကားကြောင်း Jen မုန့်စားနေရာမှ လည့်ကြည့်လိုက်တော့ Unnieက ခပ်ချောချော ကောင်မလေး တစ်ယောက်ကို လက်တွဲပြီး ဆိုင်ထဲဝင်လာခြင်း ဖြစ်သည်။ Unnie အနားက သူငယ်ချင်းတွေအကုန်လုံးကို Jenသိသည်။ ဒီကောင်မလေးကိုတော့ Jen တစ်ခါမှမမြင်ဖူးပေ။
"အင်း ဟုတ်တယ် ၊ သူအလုပ်ကိစ္စနဲ့ လာတာနေမှာပေါ့"
Yeri မေးတဲ့စကားကို ဘာမှမဟုတ်သလိုသာ ပြန်ဖြေလိုက်ရသည် စိတ်ထဲမှာတော့ မကျေနပ်။
Jen ကိုတော့ Unnie ကမြင်ပုံမရ၊ သူ့ရှေ့က ဆံပင်‌ရွှေအိုရောင်နဲ့ ကောင်မလေးကိုသာ အရိပ်တကြည့်ကြည့် ဂရုစိုက်နေသည်။ ထမင်းစားနေချိန် ဟင်းသေချာနွံထည့်ပေးတာ ၊ ဇွန်း ခရင်းတွေကို တစ်လျူးနဲ့ သေချာသုတ်ပေးတာတွေက Jenနဲ့မှ လုပ်ပေးနေကြအရာတွေမဟုတ်ဘူးလား။ အခု ဒီကောင်မလေးကိုပါ အဲ့ထိလုပ်ပေးစရာလိုလို့လား။ Jen ကြည့်နေရင်း စိတ်တိုလာသောကြောင်း အဲ့ဝိုင်းရှိရာဘက်ကို ထသွားလိုက်သည်။
"Unnie "
Jenခေါ်လိုက်တော့ Unnie က အံ့သြသွားတဲ့ပုံစံနဲ့ မော့ကြည့်သည်။
"အမ် ကလေး ၊ ဒီကို ဘယ်လိုရောက်နေတာလဲ။ သူငယ်ချင်းတွေနဲ့လာတာလား"
"အင်း ၊ ဟုတ်တယ်။ yeriနဲ့အတူလာတာ၊Unnieတို့ဝင်လာတာ တွေ့လို့လာနှုတ်ဆက်တာ"
ပြောလည်းပြော အရှေ့က ပတ်ချယ်ယောင်းကို မျက်လုံးကြီး ပြုတ်ထွက်မတက် စိုက်ကြည့်နေတဲ့ ကလေးကြောင်း
Soo ကြက်သီးတောင် ထလာသည်။ ဒီဆိုင်မှာ သူရှိနေမှန်းသိရင် တစ်ကယ်မလာပါဘူး ။ အခုတော့ ရှင်းရဦးမယ်😒
"Aww ဒါနဲ့ မိတ်ဆက်ပေးရဦးမယ် သူ့နာမည်က ပတ်ချယ်ယောင်း တဲ့ Unnie
မိတ်ဆွေ "
"Chae ဒါက ကိုယ့်ညီမလေး Jennie Kimတဲ့ မှတ်ထားနော်"
Soo အချေစိန်ရဲ့ဒေါသကို သိ၍ တစ်ခါထဲ မိတ်ဆက်ပေးလိုက်ခြင်းဖြစ်သည်။
"အင်း ပြန်တော့မယ်။ တာ့တာ"
အရင်လို ဘာပြသနာမှ မရှာပဲ ငြိမ်ပြီး ထွက်သွားတာက တစ်ကယ်ကြောက်ဖို့ကောင်းသည်။ ညနေပြန်ရောက်ရင် ထပ်ချော့ရဦးမှာ သေချာ။
.................
ဘာတဲ့ ဘာတဲ့ Chae ပဲရှိရသေး ခေါ်တာကိုက နာမည်ကို အဖျားစွတ်ပြီးတော့ ပြီးတော့ စကားပြောတာလည်း လေသံက ချိုလို့ သူတို့ကဘာတွေလဲ။ ကိုယ့်ကိုကျ ညီမလေးတဲ့။ အေး အဲ့မှာ
တစ်သက်လုံးညီမလေး ဆိုပြီးပဲ မိတ်ဆက်ပေးနေလိုက် 🙂
Jen အရှေ့က Kim Jisoo တို့ အပိုလုပ်နေတာကို ဆက်ပြီးမကြည့်ချင်လို့ ဘာမှမပြောတော့ပဲ ပြန်ထွက်လာလိုက်ချင်ဖြစ်သည်။ စိတ်ထဲမှာကတော့ လုံးဝမကျေနပ်နိုင် ။
"ဟဲ့ ဟဲ့ အရှေ့မှာကား "
ဘေးက yeriက အလန့်တကြားထအော်လိုက်ခြင်းဖြစ်သည်။
"အမယ်လေးဟယ် နင့်စိတ်တွေ ဘယ်ရောက်နေတာလဲ ။ နင့်Unnie နဲ့အတူတွေ့တာ မိန်းကလေးပါဟယ် ။ အရမ်းကြီးလဲ သဝန်တိုမနေစမ်းပါနဲ့"
"တိုတယ် တိုတယ် ငါ သူ့ကို ယောကျ်ားလေးနဲ့ရော မိန်းကလေးနဲ့ရော အကုန်လုံးနဲ့ တိုတယ် "
"Jen နင်ငါ့ကို မလိမ်နဲ့ ။ နင်Unnie Jisooပေါ်မှာ အစ်မတစ်ယောက်ထက် ခံစားချက်တွေ ပိုနေပြီမလား "
တရားခံကို အမှုစစ်နေတဲ့လေသံနဲ့ မေးလာတဲ့ Yeri မေးခွန်းကြောင်း Jen မျက်လုံးမှိတ်ပြီးကားနောက်ကို မှီလိုက်ရင်း
"အင်း .....ငါ Unnieကို ချစ်နေမိပြီထင်တယ် "
Yeriက အစထဲက ကြိုသိထားသလိုပုံစံနဲ့
"အင်း ငါအစထဲက ဒီလိုတွေဖြစ်လာမယ်လို့ ခန့်မှန်းမိထားပြီးသားပါ"
yeriက Jenနဲ့ ကားမောင်းတဲ့နေရာကို လဲလိုက်ပြီး ကားမောင်းရင်း ဆက်ပြောသည်။
"ဒါပေမဲ့ Unnie Jisoo က နင့်ပေါ်ညီ‌မလေးတစ်ယောက်လိုပဲ ခံယူထားပုံရတယ်။ နင် ဘယ်လိုဆက်လုပ်မှာလဲ"
yeri မေးတဲ့ မေးခွန်းအတွက် Jenမှာ ဖြေစရာရှိ‌မနေ....
"မသိတော့ပါဘူးဟာ"
...............................

🍁Land of Maple 🍁Where stories live. Discover now