"Bam ငါ အိမ်မပြန်သေးဘူး ။ ဒီည Chaeyoung ဆီပဲ တန်းသွားလိုက်တော့မယ်။ မနက်မှပြန်လာခဲ့မယ် ။ အဖေ့ကို ငါဒီည လေယာဥ်နဲ့ ပြန်မလာဖြစ်ဘူးလို့ ပြောလိုက် အထုတ်တွေ နင်ပဲသိမ်းထားပေး"
"အင်း ငါလိုက်ပို့မယ်လေ"
"မပို့နဲ့တော့ နင်ကြာနေရင် အဖေရိပ်မိသွားလိမ့်မယ်"
Lisa လေဆိပ်က ရောက်ရောက်ချင်း လာကြိုတဲ့Bam ကို အထုတ်ပိုးတွေအကုန်ထည့်ပေးလိုက်ပြီး Taxi တစ်စီးငှားပြီးChaeyoung ဆီကိုပဲ တန်းလာလိုက်သည်။
...........
"တီးလ် ....တီးလ်"
အား ဒီချိန်ကြီးဘယ်သူလဲ။" ဒီလောက်မိုးချုပ်နေပြီကို ၊ သူခိုးများလား မဟုတ်သေးပါဘူး ဘယ်သူခိုးကတော့ ဘဲလ်းတီးမှာလဲ"Chae ကြောက်ကြောက်နဲ့ တံခါးပေါက်ကနေချောင်းကြည့်လိုက်တော့
"အမ် Lisa ? ဒီအချိန်ကြီး နင်ဘာလာလုပ်တာလဲ ။ ငါကမနက်မှပြန်ရောက်မယ်ထင်နေတာ"
"အင်း လွမ်းလို့ ၊အလုပ်ပြီးပြီးချင်း မနက်ထိမစောင့်တော့ပဲ တန်းပြန်လာတာ"
"ဘယ်သူ့ကို လွမ်း "
"ဘယ်သူ့ကိုလဲ ဆိုတော့ ဒီအရှေ့က ကောင်မလေးကိုပေါ့"
Lisa ပြောလည်းပြော တံခါးကို ဆွဲပိတ်လိုက်ပြီး သူ့နှုတ်ခမ်းလေးတွေကို နမ်းလိုက်သည်။ ချိုလိုက်တာ😋
"အမ် Lisa "
"လွမ်းလို့ ဒီတိုင်းလေ ငြိမ်နေပေး ၊နင့်ရောငါ့ကို မလွမ်းဘူးလား"
Lisa ပြောရင်း နှုတ်ခမ်းကိုဆက်နမ်းနေလိုက်သည်။
"အင်း လွမ်းတာပေါ့"
ဒီတစ်ခါ Chaeကလည်းသူ့ကိုပြန်နမ်း
သည်။ ပထမဒီတိုင်းလေးနမ်းရင်းနဲ့
နှစ်ယောက်လုံး အရှိန်ပါလာကြသည်။ အနမ်းတွေက နက်နက်ရှိုင်းရှိုင်း ဖြစ်လာသည်။ နှစ်ယောက်အသက်ရှုမဝဖြစ်လာတော့မှ တစ်ယောက်ကိုတစ်ယောက်ခွာလိုက်သည်။
"Chae ငါ့ကို ဒီည နင်နဲ့အတူ အိပ်ခွင့်ပေးပါလား"
"ငါ , ငါ အဆင်သင့်မဖြစ်သေးဘူး"
"နင်လည်း ငါ့ကိုချစ်တယ်မလား"
"မချစ်ပဲနဲ့ နင့်ကို ဘယ်သူက ပြန်နမ်းမှာလဲ "
"အဲ့ဒါဆို ဒီည ငါ့ကိုအခွင့်ရေးပေးပါလား"
"အင်း"
Chaeကအချိန်နည်းနည်းကြာ စဥ်းစားပြီးမှ မျက်နှာလေးရဲပြီးသဘောတူလာသည်။
............"ဘာလဲ ဒါက စိတ်ကျေနပ်နေတာလား"
မနက်လင်းနေပြီးဖြစ်သောလည်း အိပ်ယာထဲကမထသေးပဲ ပြုံးပြုံးကြီးတစ်စိမ့်စိမ့်ငေးကြည့်နေတာကြောင်း Chaeမေးလိုက်ခြင်းဖြစ်သည်။
YOU ARE READING
🍁Land of Maple 🍁