Lisa သူ့စက်ဘီးနဲ့ ဝင်တိုက်ခဲ့တဲ့ ဒီနေရာလေးမှာ သူ့ကိုလာစောင့်နေတာ
တစ်ပတ်ကြာပြီး ဖြစ်သည်။ အခုချိန်ထိ သူ့ရဲ့ အရိပ်ယောင်လေးတောင် ထပ်မတွေ့ရတော့။ Lisa မြင်မြင်ချင်း အချစ်ဆိုတာကို မယုံပါဘူး ဒါပေမဲ့ စတွေ့တဲ့နေ့ထဲက အဲ့ကောင်မလေးက Lisa အတွေးထဲက မထွက်တော့တာပဲ ။ မျက်လုံးမှိတ်လိုက်တိုင်း သူ့ပုံရိပ်လေးပဲ မြင်ယောင်လာတယ် ။ "ဟူး မင်းနဲ့ ကိုယ် တစ်ကယ်ပဲ ထပ်တွေ့ခွင့်မရှိတော့ဘူးလားကွာ လွမ်းတယ် ။ တွေ့ချင်တယ်"
...........
ညနေစောင်းတဲ့ထိ ထိုင်စောင့်နေပေမဲ့
ကောင်မလေးရဲ့ အရိပ်ယောင်ကိုတောင်မတွေ့ရ၍ Lisa စိတ်ပေါက်ပေါက်နဲ့လျှောက်သွားပြီး တွေ့တဲ့ ကော်ဖီဆိုင် တစ်ခုထဲဝင်ထိုင်လိုက်သည်။ "Double Espresso တစ်ခွက်နဲ့ hamburger တစ်ခု" ဘယ်လိုမှမလိုက်ဖက်တဲ့ ဒီပေါင်းစပ်မှုနှစ်ခုကို ရူးကြောင်ကြောင် မှာလိုက်မိ ။🎶I, I know where to lay ...
I know what to say...
It's all the same ... And I, I know how to play .. I know this game ..
It's all the same ...🎶
ဂီတာသံငြိမ့်ငြိမ့်လေးနဲ့ အတူ ထွက်လာတဲ့အသံချိုချိုလေးက ရင်ထဲထိ အေးချမ်းသွားစေသည်။ Lisa ဒီဆိုင်ထဲ စဝင်လာထဲက သီချင်းဆိုသံတွေ ကြားနေရပေမဲ့ တစ်ချက်မှလှမ်းမကြည့်မိ ။ အခု ဒီအသံလေးကကျတော့ အရင်ဆိုသွားတဲ့ အသံတွေနဲ့မတူပဲကွဲထွက်နေတယ်။ သူ့အသံလေး ကြားလိုက်ရတဲ့ ခဏ ရင်ထဲက အပူတွေမှန်သမျှ အေးချမ်းသွားသလို ခံစားရ ၍ Lisa လှမ်းကြည့်လိုက်မိတော့ "အို သူသိပ်တွေ့ချင်နေတဲ့ ကောင်မလေး 😍" ဂီတာလေးတီးပြီး သီချင်းဆိုနေတဲ့ သူ့ပုံစံက Lisa မြင်ဖူးသမျှ အရာတွေထဲမှာအလှဆုံးပဲ ။ မြတ်နိုးဖို့ကောင်းလိုက်တာ💗
"ဟိတ် မင်းသီချင်းဆိုသွားတာ တစ်ကယ်ကောင်းတယ်"
Lisa သူ သီချင်းဆိုပြီးတဲ့အထိ စောင့်နေခဲ့တာ အခု ည9:00ထိုးတော့မှ အလုပ်က ပြီးပုံရသည် ။ ဂီတာလေးလွယ်ပြီး ပြန်ထွက်လာတဲ့ သူ့ရဲ့မြတ်နိုးရခြင်းလေး အနောက်ကို အမှီပြေးလိုက်ပြီး စကားပြောလိုက်ခြင်းဖြစ်သည်။
"Aww ဟုတ်ကဲ့ကျေးဇူးပါ"
သူက Lisaကို မှတ်မိပုံမရ ။ ပြီးတော့မှတစ်ခုခုကို သတိရသွားပုံနဲ့
"အမ် ရှင် ရှင် "
"ဟုတ်ပါတယ်ရှင့် ဟိုနေ့က စက်ဘီးနဲ့ ဝင်တိုက်သွားတဲ့ တစ်ယောက်ပါ"
သူစဥ်းစားနေပုံရ၍ Lisaကပဲ ထောက်ပြောလိုက်ခြင်းဖြစ်သည်။
"ရှင် ကျွန်မအလုပ်ကို ဘယ်လိုသိတာ၊
ကျွန်မကို ဒီအထိ လိုက်နှောင့်ယှက်တာတော့မဟုတ်ပါဘူးနော် "
"အောဟော မဟုတ်ရပါဘူးဗျာ အခုက ဒီတိုင်း Coffee ဆိုင် ဝင်ထိုင်ရင်းနဲ့ မင်းကိုတွေ့တာ ။ ပြီးတော့ အဲ့နေ့ကလည်း မင်းက ချစ်ဖို့ကောင်းနေလို့ ဒီတိုင်းစလိုက်တာပါ ။ ကိုယ်က မင်းပြောသလို မျက်နှာရူးမဟုတ်ပါဘူး "
"အင်းပါ ။ အဲ့နေ့က ကျွန်မလည်း စိတ်တိုစရာကိစ္စလေးရှိနေလို့ ရှင့်ကိုပါ ရောစိတ်တိုမိသွားတာ sorry တစ်ကယ်ဆို အဲ့နေ့က ကျွန်မမှားသွားတာ"
"ရပါတယ်ရှင် အဲ့ဒါဆို အခုpeaceဖြစ်သွားပြီးပေါ့နော်"
"အင်း သွားတော့မယ် တာ့တာ"
ပြောလည်း ပြော စက်ဘီးလည်း နင်းထွက်သွားတဲ့ သူရဲ့မြတ်နိုးရခြင်းလေးက ကျောပြင်လေးကအစ ချစ်စရာ💙
"အမ် Lisa ထိန်းဦး ထိန်းဦး၊ အခုမှတွေ့တာ နှစ်ခါပဲရှိသေးတယ်"Lisa ကိုယ့်ခေါင်းကိုယ် ပြန်ရိုက်ပြီး ပြောလိုက်ခြင်း
ဖြစ်သည်။
..............
*ZG*
...........
I know what to say...
It's all the same ...🎶
"Aww ဟုတ်ကဲ့ကျေးဇူးပါ"
"အမ် ရှင် ရှင် "
ဖြစ်သည်။
..............
YOU ARE READING
🍁Land of Maple 🍁