Part 23

2.4K 169 4
                                    

"Chae ငါတို့ လမ်းခွဲရအောင် "
Chaeတို့ အရင်နေ့တွေတုန်းကလို ကစားကွင်းတွေ လျှောက်သွား ကလေးတွေနဲ့အပြိုင် လျှောက်ဆော့ အရုပ်တွေကောက်၊ ဓာတ်ပုံတွေရိုက်၊စားချင်တာတွေလျှောက်စားပြီး တစ်နေကုန်လုံး ပျော်နေကြတာ အကောင်းကြီးပါ ။ ဒါကို Lisaက ရုတ်တရုပ်ကြီး ငြိမ်ကျသွားပြီး ဒီစကားကို ထပြောလာခြင်းဖြစ်သည်။
"yah lisa စ‌မနေနဲ့ ဒါနောက်စရာမဟုတ်ဘူး "
Chae ရယ်ရင်း ပေါ့ပေါ့ပါးပါး ပုံစံနဲ့ ပြန်ပြောလိုက်ခြင်းဖြစ်သည်။
" ငါ နောက်နေတာ မဟုတ်ဘူး Chae , ငါ ဒါမျိုး ဘယ်တုန်းက စနောက်ပြောဖူးလို့လဲ "
အရင်က Chae ဘက်က အဲ့လို စကားမျိုးကို ရန်ဖြစ်တဲ့အချိန် ပြောမိရင်တောင် ချက်ချင်းပြာပြာသလဲတောင်းပန်ပြီး ချော့တက်တဲ့သူက အခု သူ့ဘက်က စပြောလာတာ မယုံနိုင်။ Lisa ဘာတွေဖြစ်နေတာလဲ ။
"တော်ပြီကွာ ဆက်မပြောနဲ့တော့ နင်တစ်နေကုန်အကောင်းကို ဘာတွေအခုမှ ထဖောက်နေတာလဲ "
"အခုမှ ထဖောက်တာမဟုတ်ဘူး လွန်ခဲ့တဲ့ တစ်လလောက်ထဲက ငါနင့်ကို စိတ်ကုန်နေတာ ဖြတ်ဖို့ကြိုးစားနေတာ ဒါပေမဲ့ နင်က ကလေးလိုလို ဘာလိုလိုတွေနဲ့ အရမ်းတွေအပြစ်ကင်းစင်ပြနေလို့ အားနာပြီ အခုထိမဖြတ်ပစ်ခဲ့သေးတာ ။ နင်နဲ့အတူ အခုလိုပေါက်ကရတွေလျှောက်လုပ်နေရတာ ပျော်တယ်များနင်ထင်နေတာလား ။ နင့်လို လူမျိုးကို ဘယ်လိုလူကမှ အတည်ကြံချင်မှာမဟုတ်ဘူး "

"Lisa နင်တော်တော့ မရိုင်းနဲ့ ၊ အဲ့ဒါနင့်ပုံစံ မဟုတ်ဘူးဆိုတာ ငါသိတယ် ။ နင်ဘာတွေဖြစ်နေတာလဲ ငါ့ကိုပြော ဘာပြသနာဖြစ်ဖြစ် ငါတို့အတူတူဖြေရှင်းကြမယ်လေ "

မျက်ရည်တွေ သူမြတ်နိုးရတဲ့လူသားလေးရဲ့ ပါးပေါ်ကမျက်ရည်တွေ မုန်းလိုက်တာ ကိုယ့်ကိုယ်ကိုမုန်းလိုက်တာ ။
တောင်းပန်ပါတယ် ကိုယ့်ရင်တွေလည်း ထပ်တူကွဲနေရပါတယ်ကွာ...

"တော်စမ်းပါ အရူးထပြီး ကိုယ့်ကိုယ်ကို ဘဝင်မြင့်မနေစမ်းပါနဲ့ နင့်ကိုငါ ဘယ်တုန်းကမှ တစ်သက်လုံး လက်တွဲသွားဖို့ထိ မရည်ရွယ်ထားဘူး "

ရိုက်လိုက်ပါ ကိုယ့်ပါးကို ရိုက်လိုက်စမ်းပါ ။ ငိုနေတယ် Chaeက ဘာမှပြန်မပြောပဲ ထိုင်ငိုနေတယ် ။ မငိုပါနဲ့ မငိုပါနဲ့
မင်းငိုရင် ကိုယ့်ရင်တွေနှစ်ဆပို ကြေကွဲရလို့ပါ ။
"ဒီမှာ စောက်ပိုတွေလုပ်ပြီးမျက်ရည်တွေကျပြမနေနဲ့ နင် အခုလိုငိုနေတာကို
နင့်အကြောင်းမသိတဲ့သူကပဲ သနားလိမ့်မယ် ။ ငါကတော့ နင့်အကြောင်းတွေ အကုန်သိပြီးသားမလို့ နည်းနည်းလေးတောင် မသနားဘူး "
"တော်ပါတော့ ဆက်မပြောနဲ့တော့ နင့်မျက်နှာနုနုလေးနဲ့ ဒီအကျည်းတန်တဲ့ စကားတွေနဲ့ မလိုက်လို့ ဆက်‌မပြောပါနဲ့တော့"
"အဟက် စကားအနုယွတွေ လာသုံးမနေနဲ့ နင်မပြောစေချင်လည်း ဆက်ပြောရဦးမှာပဲ ။ နင်coffeeဆိုင်မှာ နေ့ဘက်ပြောင်းဆင်းခွင့်ရတာ ၊ စားသောက်ဆိုင်မှာ ဆိုင်ကယ်မဲပေါက်တာ အကုန်လုံးက ငါ့ကြောင်းပဲ ။ ငါ နင့်ကို လိုက်ရလွယ်အောင် စီစဥ်ထားခဲ့တာပဲ ။ နင်ကံကောင်းလို့ တော်လို့ရတယ် ထင်မနေနဲ့ ။  နင်က တစ်ကယ့်အာရုံပဲသိလား အချိန်ပြည့် ဗိုက်ဆာနေတယ် ညဘက် အိပ်ချိန် တစ်ခေါင်တစ်လွဲလည်း နင်မသိဘူး ဘာစားချင်တယ် ညာစားချင်တယ်နဲ့ ဖုန်းလေးဆက်ပြော
နေတာပဲ အဲ့ဒါတွေကြောင်း ငါနင့်ကို စိတ်ကုန်လာတာ ပြီးတော့ ... "

🍁Land of Maple 🍁Where stories live. Discover now