"ကလေး ဘာလို့ငိုနေတာလဲ" လို့
ပခုံးကို ကိုင်ပြီးမေးလာသောကြောင်း အသားလာထိရင် မကြိုက်တဲ့ Jen အော်မလို့ မော့အကြည့် အပြုံးချိုချိုကြီးနဲ့ ပြုံးပြနေတဲ့ လူကောင်သေးသေးလေးကိုတွေ့လိုက်ရတော့ မအော်ဖြစ်တော့ပဲ ကိုယ့်အခက်ခဲတွေကို ပြောပြလိုက်မိ။
အခန်းရှေ့ရောက်တော့ မဝင်ရဲ ဒါပေမဲ့ ကိုယ်ကြောက်နေတာကိုလည်း လူသိမခံချင်သောကြောင်း ရပြီလို့သာ ပြောလိုက်ရတာ သူသာတစ်ကယ်အတန်းထဲလိုက်မပို့ရင် ကိုယ်ဘာဆက်လုပ်ရမည်မသိ။ သူက ရိပ်မိသည်ထင်သည် အခန်းထဲထိလိုက်ပို့ပြီး ဆရာမဆီမှာပါ သေချာအပ်ပေးသည်။ ကျေးဇူးတင်ပေမဲ့ ထုတ်မပြောဖြစ်လိုက်။
နေ့ခင်းထမင်းစားလွှတ်ချိန် ဗိုက်တစ်ကယ်ဆာနေပေမဲ့ အခုမှ ပထမဆုံး စတက်တာဆိုတော့ ခင်တဲ့သူမရှိ ဘယ်သွားရမည်လည်း မသိတာကြောင်း တစ်ယောက်ထဲ စိတ်ညစ်ညစ်နဲ့ ထိုင်နေချိန် မနက်က လူကောင်သေးသေးအပြုံးချိုချိုနဲ့ အစ်မကြီးကို မြင်လိုက်ရတော့ တစ်ကယ်ဝမ်းသာသွားတာ။ သူ့ဘက်က လှမ်းနှုတ်ဆက်လိုက်တာကြားပေမဲ့ မနက်ကကျေးဇူးတင်ကြောင်း မပြောလိုက်ရ၍ အားနာတာနဲ့ ပြန်မထူးမိ ။ "ဗိုက်ဆာနေလား ထမင်းချိုင့်ပါတယ် စားမလား "လို့ ပြောလာတော့ ဗိုက်ဆာနေချိန် တစ်ကယ်စားချင်သွားပေမဲ့ သူ့ချိုင့်သေးသေးလေးက ကိုယ်စားလိုက်ရင် တစ်ခါထဲကုန်သွားမှာမလို့ မစားဘူးလို့ပဲ ငြင်းလိုက်ရ။
အလိုက်သိသည်ပြောရမလား။ မသိဘူး ပြောရမလား မသိ။ ကန်တင်းသွားစားမယ်လို့ ခေါ်လာပြီး ကန်တင်းတစ်ခုလုံးသာ ပတ်ပြနေတာ အခုထိ ဘယ်ဆိုင်မှဝင်မထိုင်သေး ။ ဒီမှာ ဗိုက်ဆာလို့ သေတော့မယ်😕။
အန်တီKimပြောပြလို့ သမီးရှိတယ်ဆိုတာ သိပေမဲ့ သူဖြစ်နေမယ်လိူ့တော့မထင်ခဲ့မိ။ ဂါဝန်အနီလေးနဲ့ သူမက ကျောင်းမှာတွေ့တုန်းက ထက်ချစ်ဖို့ကောင်းနေသည်။ အဲ့အချိန်က စပြီး သူ့ဘဝထဲဝင်လာတဲ့ လူကောင်သေးသေးလေးကို သူ့မှာ ချစ်လို့မဝ။
"Unnie နောက်နှစ် Unnie က ဆယ်တန်းပြီးမှာဆိုတော့ Jenနဲ့ ကျောင်းမတူတော့ဘူးပေါ့ "
"အင်းပေါ့ ကလေးရဲ့ "
"အဲ့ဒါဆို Unnie ဒီနှစ်မတက်တော့ပဲ အကျခံပါလား ။ နောက်နှစ်မှJenနဲ့အတူတက်ကြမယ်လေ"
"အဲ့လို လုပ်လို့ ဘယ်ဖြစ်မလဲ ကလေးရဲ့ ။ ကလေးက ကိုယ် နဲ့အတူတူတက်ချင်ရင်စာတွေအများကြီးကြိုးစားလေ"
"အင်း အာ့ဆိုUnnieက Uniမှာ စောင့်နေရမယ်နော်"
ဆယ်တန်းပြီးရင် အတန်းခွဲရတော့မှာ ကြောင်း သူ့ကိုစိတ်မချတာရော မခွဲချင်တာရောကြောင်း Jen စိတ်ပုတ်ပြီးလျှောက်ပြောနေခြင်းဖြစ်သည်။တစ်ကယ်တမ်းကျ ရုပ်ရှင်တွေထဲကလို ကိုယ့်crushက အမှတ်မြင့်မြင့် တက္ကသိုလ်ကြီးမှာ တက်နေလို့ motiယူပြီး ကိုယ်ပါ အဲ့တက္ကသိုလ်ရောက်အောင် ကြိုးစားလိုက်တာမျိုးက လက်တွေ့မှာဖြစ်မလာခဲ့ပါဘူး။ Unnieက ဆေးကျောင်းတက်ခဲ့ပြီး Jenကတော့ စီးပွားရေးကျောင်းသာတက်ခဲ့ရပေမဲ့ အမြဲတမ်း သူတို့ကျောင်းဘက်သွားပြီး သူ့အနားကပ်တဲ့အကောင်မှန်သမျှကို ရန်ရှာခဲ့ရတာ ကိုယ့်မှာ လူမိုက်ကြီးလုံးလုံး ဖြစ်လို့။ အခုလည်း သူ့သူငယ်ချင်း ဆရာဝန်ပေါက်စနဲ့ ချိန်းထားတာသိလို့ တမင်တကာမရမက partyပွဲခေါ်လာခြင်းဖြစ်သည်။
YOU ARE READING
🍁Land of Maple 🍁