Part 35

3K 196 9
                                    

မနက်ထဲက Jen ကို စိတ်ဆိုးနေတာကြောင်းအလုပ်ကို အပို့ကြိုလုပ်မပေးတော့ပဲ အိမ်ထဲမှာပဲ တစ်နေကုန်ဂိမ်းဆော့နေလိုက်တာ နာရီကြည့်လိုက်တော့ည 7:00 ထိုးနေပြီ ။ အခုချိန်ဆို Jen ပြန်ရောက်နေလောက်ပြီမလို့ ဝရန်တာကနေ ထွက်ချောင်းကြည့်နေသော်လည်း ကလေးရဲ့ အရိပ်ယောင်တောင် မတွေ့ရ ။ "ည 7:00ထိုးနေပြီ အခုထိ အလုပ်ကပြန်မရောက်သေးတာလား " Soo တစ်ယောက်ထဲအတွေးတွေနဲ့ Jenတို့ အိမ်ဘက်ကို ပြေးထွက်သွားလိုက်သည်။ 

"အန်တီ Jenလေး ပြန်မရောက်သေးဘူးလား "
"ပြန်မရောက်သေးဘူး သမီးရဲ့ ညနေ ကတော့ ကုမ္ပဏီမှာ မိတ်ဆက်စားပွဲရှိလို့ဆိုလားပဲ နောက်ကျမယ်တဲ့ ဖုန်းဆက်တယ်"

မဟုတ်သေးပါဘူး အလုပ်ဝင်တာက နှစ်ရက်ပဲရှိသေးတာကို မိတ်ဆက်စားပွဲလုပ်တာမစောလွန်းဘူးလား ။ မဟုတ်မှလွဲရော ဟို Jinu ဆိုတဲ့တစ်ယောက်

" Boss က အရက်မူးနေတာနဲ့ အိမ်အထိပြန်လိုက်ပို့ပေးနေရတာနဲ့ နောက်ကျသွားတယ် သမီး ပင်ပန်းလာလို့ အပေါ်တက်အိပ်တေ့ာမယ်နော် "

Soo အတွေးတွေပင်မဆုံးသေး အိမ်အပေါက်ဝကနေ Jenလှမ်းအော်ပြောနေတဲ့စကားတွေကြောင့် လူတစ်ကိုယ်လုံး ကိုင်ရိုက်ခံလိုက်ရသလို ဖြစ်သွား ။
သူကတော့ Soo ရှိနေတာကို သိပုံမရ...

"Jen"
"ဟင် Unnie ရောက်နေတာလား "
"အင်း ဟုတ်တယ် ။  ကလေး ကိုယ်နဲ့ အိမ်မှာ ဒီည လိုက်အိပ်ပေးပါလား အမေတို့ ပြန်မရောက်သေးလို့ "
"အန်တီ Jenလေးကို ခေါ်သွားလို့ရလား"
"ရပါတယ်ကွယ် ။ သမီးလိုက်သွားပေးလိုက်"
"အမ် ခဏနေဦးလေ အဝတ်လဲလိုက်ဦးမယ်"
"မလဲနဲ့တော့ သွားမယ်လာ"

အန်တီJimiကို နှုတ်ဆက်ပြီး Jenလက်ကို ဆွဲခေါ်လာလိုက်သည်။

"Unnie... Unnie , ဘာဖြစ်နေတာလဲ လက်ကိုလွှတ်ပါဦး နာနေပြီ"

"နင် အဲ့အကောင်နဲ့ပျော်နေလား ဘာလို့အရက်မူးနေတဲ့သူ့ကို အိမ်ထိပြန်လိုက်ပို့ ပေးခဲ့ရတာလဲ"
"သူက Jenရဲ့ သူဌေးလေ သူဌေးက အရက်မူးနေတာကို ဒီတိုင်းထားခဲ့ရမှာလား"
"အေး ထားခဲ့ရမှာပဲ သူက အရက်မူးနေတာလေ ပြီးတော့ နင့်ကို စိတ်ဝင်စားနေတာ အဲ့တာကို နင်က နည်းနည်းလေးမှ မစဥ်းစားပဲ သူ့ကို အိမ်ပြန်လိုက်ပို့ပေးခဲ့ရလား "
"Unnie ဘာလို့ ဒီလောက်အော်ပြောနေတာလဲ Jen ဘာအမှားမှ လုပ်တာလဲ မဟုတ်ပဲနဲ့ "
"အမှားမလုပ်ဘူးဟုတ်လား အဲ့ကောင်က အရက်မူးနေတာလေ အဲ့ဒါကို နင်ကသူ့အိမ်ထိလိုက်ပို့ပေးခဲ့တာ မိန်းကလေးတန်မဲ့နဲ့ သူ နင့်ကို တစ်ခုခု လုပ်သွား ဘယ်လိုလုပ်မလဲ "
"လုပ်တော့ရော ဘာဖြစ်လဲ သူက Jenကို လက်ထပ်မယ်လို့ပြောပြီးသား သဘောကျတဲ့အကြောင်းကိုလည်း ရဲရဲဝံ့ဝံ့ဖွင့်ပြောရဲတယ်"
"Jennie ! တိတ်စမ်း အခုဒီစကားက ငါ့ရှေ့မှာ ပြောသင့်တဲ့စကားလား "
"Unnieကရော Unnieကရော Jenကို ဘာမဟုတ်တာလေးနဲ့ အခုလိုအော်ဟစ်ပြောနေစရာလိုလို့လား "
"ဒါ ဘာမှဟုတ်တာလေးမဟုတ်ဘူး Jennie , တစ်ကယ်လို့ နင် သူနဲ့ တစ်ခုခု ဖြစ်သွားရင် ငါရင်ကွဲမှာ"
"Unnieက ဘာလို့ ရင်ကွဲမှာ "
"ဘာလို့လဲဆိုတော့ ငါ နင့်ကိုရူးလောက်အောင် ချစ်နေလို့ပေါ့ "

🍁Land of Maple 🍁Where stories live. Discover now