Part5

3K 209 5
                                    

"အန်တီ ဒီည ပါတီသွားမလို့ Jenလေးကိုလာခေါ်တာ"
Jisoo မျက်နှာကို တက်နိုင်သမျှ ချိုနေအောင် ဖြီးပြီး Jenအမေဆီမှာ ခွင့်တောင်းနေခြင်းဖြစ်သည်။
"အေး အေး သမီး Jenအပေါ်မှာ အလှပြင်နေတယ် ထင်တယ် ။ Jenရေ Jiလေးရောက်နေပြီဟေ့ မြန်မြန်ဆင်းခဲ့တော့"
အန်တီJimiက Jenကို လှမ်းအော်ခေါ်ပြီး Sooကို ဆက်ပြောသည်။
"သမီးပါလို့သာ စိတ်ချပြီးလွှတ်တာ ၊သူ့တစ်ယောက်ထဲဆို ပေးမသွားဘူး ။
အဲ့ကလေးက စိတ်ချရတာမဟုတ်ဘူး"
" တွေ့လား တွေ့လား Unnieလာတာနဲ့ သူများမကောင်းကြောင်း တန်းပြောတော့တာပဲ။ သမီးက လိမ္မာပါတယ်နော်
မေမေတို့ဘာသာ စိတ်မချတာ"
သူ့အမေပြောတဲ့ စကားကို တစ်ပိုင်းတစ်စကြားပြီး လှေကားပေါ်က ဆင်းလာရင်း စွာစွာ စွာစွာပြန်ပြောနေသော ကလေးက အနီရောင်ပွဲတက်ဝတ်စုံလေးနှင့် တစ်ကယ်ကို လှပလွန်းနေသည်။ ငယ်ငယ်က အသားနည်းနည်းညိုတဲ့ကောင်မလေးက အခုတော့ အသားရေဝင်းလက်ပြီး ဖွံ့ဖြိုးတဲ့ခန္ဓာကိုယ်အချိုးစားနဲ့ တစ်ကယ်ကို အထက်တန်းဆန်ဆန် လှပလွန်းသည်။
ငယ်ငယ်ကလို ပါးဖောင်းဖောင်းလေးတွေကတော့ မပြောင်းလဲ ချစ်ဖို့ကောင်းနေဆဲ။
"Unnie ဘာတွေဒီလောက်ကြည့်နေတာလဲ။ အဆင်မပြေလို့လား"
"အမ် အဆင်ပြေပါတယ်။ သွားမယ်လေ"
"မသိပါဘူး ။ ဆင်းလာထဲက စိုက်ကြည့်နေလို့ ဘယ်နားအဆင်မပြေလို့လဲလို့"
"ဒီတိုင်း လှလို့ကြည့်တာ"
လှလို့ကြည့်တာလို့ ပြောလိုက်တော့ ကလေးက ရှက်သွားတဲ့ပုံ မျက်နှာလေးရဲသွားတယ်။
"အန်တီ ။ သမီးတို့ သွားတော့မယ်နော်
။ ဘာမှမဖြစ်စေရပါဘူး စိတ်ချနေနော်"
"အင်းပါ ။ သမီးပါရင် စိတ်ချပြီးသား။
ကောင်းကောင်းသွားကြ။ အရက်တွေမူးအောင်သောက်မလာကြနဲ့ဦး "
"Nae"
.......,...,.,...,.....,..
"ရောက်ပြီ"
Sooအိမ်က ထွက်လာတုန်းက သူ့အလှမှာ‌မျောပြီး သေချာသတိမထားလိုက်မိတာ။ အခုကားပေါ်က ဆင်းခါနီး သေချာကြည့်လိုက်မိတေ့ာမှ သူဝတ်ထားတဲ့ အင်္ကျီက ရင်ဘတ်တော်တော်ဟိုက်နေ။
"နေဦး ခဏ။ မဆင်းနဲ့ဦး"
"အမ် ဘာလို့လဲ "
"ရော့ ဒါဝတ်ထား၊ ကလေးလည်းပင်က အရမ်းဟိုက်နေလို့ "
Soo အပေါ်ကထပ်ဝတ်ထားတဲ့ ကုတ်အင်္ကျီကို ချွတ်ပြီး ကလေးကိုပေးလိုက်ခြင်းဖြစ်သည်။
"Aww Unnie ကလဲ ဒါလေးကို ဘာမှမဖြစ်ပါဘူး။ သူများတွေလည်း ဝတ်နေကြပဲဟာ😒"
"yah... ပြန်မပြောနဲ့ ဝတ်ဆိုဝတ်ပေါ့ ကြည့်မကောင်းလို့ ဝတ်ခိုင်းတာ"
"ဘာလဲ Unnieက လူကိုအော်တာလား။ မဝတ်ဘူး 😡"
"မဝတ်ဘူးလား။ မဝတ်နေ အဲ့ဒါဆို ငါလည်း ဖော်ပြီးဝင်မယ် "
ချော့ပြောလို့မရမှန်းသိလို့ Soo တမင်တကာ အလျော့မပေးပဲ ကိုယ်ဝတ်ထားတဲ့ အင်္ကျီအပေါ်ပိုင်းကို
လက်မောင်းနားထိ ဆွဲချပြီး ပြောလိုက်ခြင်းဖြစ်သည်။
"yah...အဲ့လိုမလုပ်ရပါဘူး။ ပြန်ဝတ်"
"ဝတ်ပါဘူး။ ကလေးက အငယ်ဖြစ်ပြီးတောင် ရင်ဟိုက်တာ ဝတ်တာပဲ ။ ကိုယ်လည်းအဲ့လို ဝတ်ရမှာပေါ့"
ခပ်တည်တည်နဲ့ ကားထဲက ဆင်းမဲ့ပုံ လုပ်ပြီး ပြောတော့မှ ထိုအချေစိန်လေးက
"ဝတ်မယ် ဝတ်မယ် ပေး Unnie ကုတ်အင်္ကျီ😒"
"ရော့ လိမ္မာရဲ့သားနဲ့ စောစောထဲကမဝတ်ဘူး။ အခုတေ့ာ ပါတီတောင်စနေပြီ"
"ဟွင်း လူဆိုးမကြီး "
မဝတ်ချင်ဝတ်ချင်ဖြင့် ဝတ်ပြီး အရှေ့က ပွစိပွစိပြောပြီး အထဲဝင်သွားသည့် ကလေးကိုကြည့်ရင်း သူပြုံးရယ်နေမိ။
တစ်ကယ် ဒီMandu လေးကို ချစ်လိုက်ရတာ ။
................
အရှည်ကြီး upမလို့ပဲ ပျင်းသွားလို့ တိုတိုလေးupလိုက်တာ 😛
*ZG*

🍁Land of Maple 🍁Where stories live. Discover now