စတင်ခြင်း(၁)

2.6K 110 4
                                    

သက္ကရာဇ် ၁၅၀၀ပြည့်နှစ်။

အမှောင်ထုတွေ ကြီးစိုးတဲ့နှစ်တွေ ဖြစ်ခဲ့တယ်။ သာမန်လူသားတွေမှာ ခဲရာခဲဆစ် အသက်ရှင်ကြရတဲ့ ကာလတစ်ခုဆိုလည်း မမှားချေ။ ဘာကြောင့်လဲဆို နေ့အချိန်မှာ လုပ်ဆောင်စရာရှိတာတွေ ပြီးတာနဲ့ ညမမှောင်ခင် အိမ်ကိုအရောက်ပြန်ကာ တံခါးကို အလုံပိတ် နေကြရတဲ့ကာလ ဖြစ်နေလို့ပေါ့။

"ဒေါက် ဒေါက် ဒေါက် David David "

အမှောင်ရိပ်ထဲကို စိုးရိမ်တကြီး ကြည့်နေပြီး တံခါးကို အဆက်မပျက် ခေါက်နေသည့် Rome။

"David ငါ ငါ Rome "

ချောင်းကြည့်ပေါက်က မျက်လုံးတစ်ခုရဲ့ အကြည့် ပေါ်လာပြီးနောက်...ဂလောက်....ဂျောက်!!!

"Rome ဒီအချိန်ကြီး၊ မြန်မြန်ဝင်"

ဝတ်ရုံအမဲ ခေါင်းစွပ်ပါ အင်္ကျီကြီးကို အိမ်ထဲရောက်မှ ချွတ်လိုက်ကာ အင်္ကျီချိတ်တိုင်မှာ ချိတ်ထားလိုက်သည်။

လည်ပင်းကော်လံနေရာလေးက အဖြူစလေးက လက်ရှိဘုရားကျောင်းက ဖာသာမှန်း သိသာစေသည်။

"မိန်းမရေ ညစာပြင်ကွာ"

Rome ကို ညစာပြင်ကျွေးရင်း ပြောလာမဲ့စကားကို နားစွင့်လိုက်သည်။

"ငါ အရေးကြီးတဲ့ ပစ္စည်းတစ်ခု အပ်ခဲ့ချင်လို့"

အင်္ကျီအတွင်း ဝှက်ထားသည့် တလက်လက်တောက်နေသည့် (၅)လက်မ အရှည်ရှိတဲ့ ဓါးတိုလေးကို ထုတ်ပေးလိုက်သည်။

"ဒါ ဒါ ဒဏ္ဏာရီထဲက သန့်စင်ဓါး"

David သိနေတာ မဆန်းပေ။ ဒီဓါးက သွေးစုပ်ကောင်တွေကို အသက်နှုတ်ယူနိုင်လေသည်။ ဒါ့အပြင် ဒီကျောက်စီဓါးက သွေးစုပ်ကောင်တွေရဲ့ ပိုင်ဆိုင်မှုဆိုလည်း မမှားပေ။ ဘုရားကျောင်းမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်နေစဉ်မှာပဲ Davidရဲ့ ဆရာသခင်က ဒီဓါးငယ်လေးကို ပေးပြီးအဝေးကို ပြေးစေခဲ့သည်။ ဒီဓါး မိမိလက်ထဲမှာ ရှိနေမှန်း Vampireတွေ အားလုံးနီးပါး သိနေလေပြီ။ ဒါ့ကြောင့်လည်း သူငယ်ချင်းဖြစ်သူ Romeထံ လာရောက် အပ်နှံခြင်းဖြစ်သည်။

"မင်းတို့မှာ ဒီဓါးရှိတာ ဘယ်သူမှမသိစေနဲ့၊ အသက်အန္တရာယ်ရှိမှ ထုတ်သုံး၊ ပြီးတော့ ဒါက ဒီလိုချုံ့ထားလို့ရတယ်"

Vampire and his blood bag (Completed)Where stories live. Discover now