နယ်မြေနှစ်ခု(၂)

895 91 0
                                    

"Will သွားကြည့်စမ်း ဘယ်သူအသက်ရှင်သေးလဲ"

"ဟုတ်ကဲ့ပါ သခင် "

မနက်ဝေလီဝေလင်း အချိန်မှာပဲ ရောက်ရှိလာသည့် လူတစ်စု။ တနည်းအားဖြင့် Vampire အုပ်စုတစ်စုလို့ ပြောပါက ပိုမှန်ပါမည်။

မတူကွဲပြားတာက ညဦးပိုင်းကတည်း ရွာကလေးကို လာရောက် ဖျက်စီးသွားသည့် သူတို့နှင့်တော့ မတူညီပေ။ သူတို့က မြောက်ပိုင်း အစိမ်းရောင် နယ်မြေဘက်မှာ အခြေချနေထိုင်တဲ့ အဖွဲ့ဖြစ်လေသည်။

ယခုရောက်ရှိနေရာက တောင်ပိုင်းဖြစ်တာမို့ သူတို့သတိကြီးကြီး ထားနေရလေသည်။ မဟုတ်ပါက နယ်မြေပိုင်းဆိုင်ရာ အငြင်းပွားဖွယ်ရာတွေ ဖြစ်ပေါ်ကာ တိုက်ပွဲများ ဆင်နွှဲရပါလိမ့်မည်။

"အသက်ရှင်ကျန်သူ မရှိပါဘူး သခင်"

လှည့်ထွက်ပြီး ခြေလှမ်းငါးလှမ်းအတွင်း ခေါင်းဆောင်ဖြစ်သူမှာ ရပ်လိုက်သည်။

"ဟိုအိမ်ကို သွားကြည့်စမ်း"

ဝတ်ရုံမဲနှင့်လူတစ်ယောက်က အပြေးသွားကြည့်ကာ အန္တရာယ်ကင်းကြောင်း အချက်ပြလေသည်။

"တွင်းကြီးဖြစ်သွားတာလား သခင်"

"မဟုတ်ဘူး၊ ဒါ လူသားတွေ ကိုယ်တိုင် ဆောက်ထားတာ၊ မြေအောက်ခန်းပဲ၊ Will..."

မျက်ရိပ်ပြလိုက်သည်နှင့် မြေတွင်းထဲ အလျင်ခုန်ချသွားလေသည့် Will။

"သခင်၊ ဒီဘက်မှာ"

ရုပ်ပျက်နေတဲ့ လူယောကျာ်းအလောင်းတစ်ခုသာ ရှိနေလေသည်။ အင်္ကျီတွေ လက်တွေ ခြေထောက်တွေ မီးလောင်ပျက်စီးနေသည်မို့ မသေခင်က အကောင်းဆုံး တိုက်ပွဲဝင်ခဲ့ပုံရလေသည်။ ကံကောင်းသည်တော့ ဆိုရမည် ခြေစုံလက်စုံ ရှိသေးကာ အသားတွေကို ဆွဲဖြဲခံထားရခြင်း မရှိဘဲ မျက်နှာမှာက မီးခိုးငွေ့တချို့နဲ့ ညစ်ပတ်နေပေမဲ့ ထူးဆန်းသည်က မသေခင်မှာ ကျေကျေနပ်နပ်ကြီး ပြုံးသွားပုံရလေသည်။

မြေသားအတွင်းပိုင်းထဲတွင် လမ်းတစ်ခု ထပ်ဖောက်ထားပေမဲ့ မြေပြိုကျမှုကြောင့် လမ်းကြောင်းက ဆက်သွားလို့ မရတော့ချေ။

Vampire and his blood bag (Completed)Where stories live. Discover now