တပ်ဆုတ်ပြန်ခဲ့ရ(29)

559 71 17
                                    

နှင်းဆီအနီတို့ဖြင့်သာ အလှဆင်ထားသော ဟောခန်းကျယ်ကြီးထဲတွင်တော့ ရောင်စုံလိပ်ပြာလေးတွေ ရွေ့လျားသက်ဝင် နေလေသည်။

ဖွင့်ပွဲအခမ်းအနားပေမဲ့ လုပ်ငန်းရှင်ကြီးများ သူတို့၏သားသမီးများပါမကျန် တက်ရောက်ကြလေသည်။

ဧည့်ကြိုနေရာတွင်တော့ ဝင်ခွင့်ဖိတ်စာတို့ကို စိစစ်နေသော သူတို့နှင့် စစ်ဆေးရှာဖွေနေသူတို့လည်း ရှိလေသည်။ ဂုဏ်သရေရှိ လူကြီးလူကောင်းများစွာ တက်ရောက်ကြမည့်ပွဲမို့ လုံခြုံရေးကို အဓိကထား စစ်ဆေးနေကြခြင်း ဖြစ်သည်။

အရှေ့တည့်တည့် ပေါင်အရင်းထိ ကွဲနေလေတဲ့ အနက်ရောင် ကတ္တီပါဂါဝန်ရှည်ကို ခန္ဓာကိုယ်ကောက်ကြောင်းအတိုင်း ချပ်ကပ်နေစေတဲ့ အမျိုးသမီးတစ်ဦး ဝင်ပေါက်မှ ဝင်ရောက်လာလေသည်။ သူမ၏ အနီးတွင် မန်နေဂျာဖြစ်ဟန်တူသူမှာလည်း ထပ်ကြပ်မကွာ လိုက်ပါလာသည်။ သတင်းသမားတို့မှာလည်း တက်သစ်စ မင်းသမီးပေမဲ့ နာမည်ရနေတဲ့ ထိုမင်းသမီးချောလေးကို ဒီညရဲ့ ပန်းကလေးတစ်ပွင့်အဖြစ် ရိုက်ကူးမှတ်တမ်း တင်နေကြလေသည်။

Daisy ကျေနပ်စွာ အပြုံးလှလှလေးတို့ကို ဖန်တီးပြီး လူတိုင်းကို ပြုံးပြနေလေသည်။

"ဂျာကြီး ဟိုတယ်ဝင်ပေါက်မှာ Fan site(၁၀)ခုထက်မနည်း တွေ့ခဲ့တယ်နော်...အစ်ကိုAtthaphanရဲ့ FS(3)ခုပါတွေ့ခဲ့သေး၊ သူရော ဒီလာမှာလား"

"အင်း... မင်းသမီးက ဒီလောကထဲ ရောက်တာမကြာသေးတာကြောင့် အတွင်းကျကျ မသိသေးတာ... Tumcial groupရဲ့ ဟိုတယ်တွေ ရတနာဆိုင်တွေ အိမ်ယာတွေ ဆေးရုံတွေ ဘယ်လိုဖွင့်ပွဲမဆို မင်းသားAtthaphanက အမြဲတက်တယ်"

"သြော်...!"

အားကျသွားသည့်စိတ်နှင့်အတူ မနာလိုစိတ်သေးသေးလေးပါ ဖြစ်ပေါ်လာပြီး သူမလည်း တစ်နေ့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ရမယ်လို့ စိတ်ထဲက ဟစ်ကြွေးနေတော့သည်။

"အချိန် လိုသေးလား"

"အင်း သူဌေးကြီးTumcialက နောက်နှစ်နာရီမှ မိန့်ခွန်းပြောမှာ... လောလောဆယ် ရင်းနှီးမြုပ်နှံသူတွေရယ် ဆရာဝန်ကြီးတွေ ဆေးရုံကြော်ငြာအုံးမှာနဲ့ ကြာအုံးမှာ"

Vampire and his blood bag (Completed)Where stories live. Discover now