လွန်စွာကြီးမားလှသော သိမ်းငှက်ကြီးတစ်ကောင် အတောင်ပံတို့ကို ဖြန့်ကားပြီး လေထဲပျံဝဲနေလေသည်။ စူးရဲလှစွာသော မျက်ဝန်းဝါဝါကြီးတို့က လိုရာခရီးသို့ ရှေးရှူပြီး အကြည့်တို့ကို ဖြန့်ကျက်ထားသည်။ အလျင်လိုနေဟန်တူတဲ့ သိမ်းငှက်ကြီးဟာ တော တောင် အဆင့်ဆင့် ဖြတ်ကျော်ပြီးနောက် အဆောက်အဦးတစ်ခု၏ အမိုးစွန်းတွင် ရပ်နားလိုက်သည်။
"ဖျပ် ဖျပ် ဖျပ် ဖလပ်!!!"
အတောင်ပံတို့ကို ခတ်လိုက်ကာ ပြတင်းပေါက်ကိုဖြတ်ပြီး အခန်းထဲသို့ ဝင်ရောက်သွားလေတော့သည်။
အခန်းကျယ်ထဲတွင်တော့ အရပ်ရှည်ရှည်နဲ့ ဗန်ဗိုင်းယားတစ်ယောက်၏ လက်ဖျံပေါ်တွင် ရပ်နားနေသော သိမ်းငှက်ကြီးတစ်ကောင် ရှိလေသည်။
သိမ်းငှက်လည်ပင်းရှိ ဝါးဆစ်ဗူးလေးထဲတွင်တော့ မြို့ဆီခဏထွက်သွားကြတဲ့ မြောက်ပိုင်းသခင်ကြီး သတင်းကို အတိအကျ ရေးထားလေသည်။ ဒါ့အပြင် လိုအပ်သည်တို့ကို မှာကြားထားသည်မို့ Dom စာဖတ်နေရာမှ စိုးရိမ်လာသည်။
"Neo...Neo...."
"ဘာဖြစ်လဲ Dom"
Neoတစ်ယောက် ထုံးစံအတိုင်း စုတ်တံကြီးတစ်ချောင်းကိုကိုင်ကာ ပြေးထွက်လာသည်။
"သြော် အေး၊ကောင်းပါလေ... သခင်နဲ့ လမ်းခွဲပြီး ပြန်လာတော့ နည်းနည်းလေးတောင် မရိပ်မိခဲ့ဘူးလား၊ ဟမ်... မင်းက ပန်းချီတောင် ပျော်ပျော်ကြီး ဆွဲနေသေးတယ်"
"အား ယား သခင်က ဒီတစ်ခေါက် ခရီးထွက်ခဲ့တဲ့ ရှူခင်းတွေ ဆွဲထားနှင့်လို့ ပြောလို့ အရင်ပြန်လာတာလေ၊ သခင်က သူ့အကောင်ပေါက်နောက် လိုက်နေတာ မဟုတ်ဘူးလား"
"အေး ဒီမှာသာ ဖတ်ကြည့်တော့"
လက်ထဲကို ရောက်လာသည့် စာရွက်လေးကြောင့် Neoမျက်လုံးအစုံ ပြူးကျယ်သွားသည်။
"ဒီလောက် အရေးကြီးနေတာတောင် မင်းက ငါ့ကို ခေါ်ပွားနေသေးတယ်ပေါ့လေ၊ တပ်ဖွဲ့ငယ် ခေါင်းဆောင်တွေ အကုန်လာခဲ့ဖို့ ပြောလိုက်"
***သြော် အေး အေး ငါ့ကို တပြန် ပြန်အော်နေလိုက် Neo...***
တံခါးပေါက်နားတွင် ရပ်နေသော အစောင့်တစ်ယောက်ကို လှမ်းအော်တော့ ထိုအစောင့်မှာ နေရာမှ အပြေးအလွှား ထွက်သွားလေတော့သည်။
YOU ARE READING
Vampire and his blood bag (Completed)
Fanfic(Completed) Unicode & Zawgyi #OffGunfanfiction #Crd_all_cover_pic 1/6/2020~2962020 _________________________________________🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀 _________________________________________ Gun** သွေးအိတ်တွေကို မှောင်ခိုရောင်းဝယ်ရင်း ငွေရှာတေ...