အပေးအယူ(၁၂)

619 86 9
                                    

"ကိုယ်ပါ Off"

"sigh!!!"

သက်ပြင်းချမိပြီး စိတ်ထဲတွင် တော်သေးတာပေါ့ဟု အတွေးရောက်လေသည်။ တခြားသူသာ ဖြစ်ခဲ့ရင် Gun ဘယ်လိုလုပ်ရတော့ မတဲ့လဲ။

"ရှူးးးး ရှေးဟောင်းအမှောင်အဖွဲ့အစည်း ဆိုတာ ကြားဖူးလား"

"ဟင့်အင်း"

ကောင်းပါလေရော၊ ဒီလူသားက ဘာသိမတဲ့တုန်း ငါဆိုတာကလည်း။ ရှေးဟောင်းအမှောင်အဖွဲ့ဆိုသည်မှာ ကျောက်စီဓါးမြှောင်ရဲ့ မူလပိုင်ရှင်ဆိုလည်း မမှားချေ။ ခေတ်အဆက်ဆက် ပြောင်းလာပြီးတဲ့နောက် ဗန်ဗိုင်းယားတို့ရဲ့ သတ်မှတ်ချက်အရ ဓါးကိုလက်ဝယ် ပိုင်ဆိုင်ထားသူသည်သာ ခေါင်းဆောင်ဖြစ်သည်။ ထိုသို့သော အကြောင်းများကြောင့် ဗန်ဗိုင်းယားတွေရဲ့ကြား တိုက်ပွဲတွေ နှစ်ရာချီ ကြာမြင့်ခဲ့ကာ ပေါင်းစည်းမရဘဲ အုပ်စုကွဲနေလေတော့သည်။

"မသိလည်း ထားတော့၊ ကိုယ်တို့ ဒီကထွက်မယ်"

"ထွက်မယ်၊ ဘယ်လိုလုပ်ရမှာလဲ၊ ဟိုမှာလည်း ကြည့်အုံး"

လရောင်အောက်တွင် တချို့ အမှောင်ရိပ်ကျနေသည့် နေရာတွင် တချို့ဖြင့် ဗန်ဗိုင်းယားတို့မှာ တစ်ခုခုကို ရှာဖွေနေလေသည်။

"ကိုယ့်ကို ယုံတယ် မှတ်လား"

***ယုံလားဆိုတော့ ယုံရတော့မှာပေါ့၊ အနားမှာ ကူမယ့်လူမှ မရှိတာ***

"ကောင်လေး ကိုယ့်ကို မကျေနပ်ရင် ထုတ်ပြောလေ၊ ကြိတ်ပြောမနေနဲ့ ကိုယ်သိတယ်"

"???"

***ဘာလဲဟ...စိတ်ဖတ်တက်တယ်လား၊
လခွမ်း***

"မရိုင်းနဲ့ ကောင်လေး၊ ကိုယ်မွေးတုန်းက မင်းရဲ့အဘေးတောင် မမွေးသေးဘူး"

"ဟွန်း... ကြွမယ် ကြွမယ် မြန်မြန် ဘာမှမတွေးတော့ဘူး"

နှုတ်ခမ်းတထောင်လောက် ထော်လာပြီး မကျေမလည် ဖြစ်နေပုံကို လရောင်အောက်တွင် တွေ့လိုက်ရသည်။

တကယ်ပါပဲ။ တွေးသမျှ သိနေတော့တာပါပဲ၊ အမြင်ကပ်ချင်စရာကြီး။

"အဲ!!!"

Gunမျက်ဝန်းထဲ လေပြင်းပြင်းတချက် ဝှေ့တိုက်သွားသလိုဖြစ်ကာ လူကလည်း ရှဉ့်ပေါက်ကလေးလို ဗန်ဗိုင်းယားအိုကြီးကိုယ်မှာ ကပ်ပါသွားသည်။ မိနစ်အနည်းငယ်မျှ ကြာပြီးတဲ့နောက်မှာတော့ သစ်ပင်ကြီးတို့ ဝန်းရံနေသည့် ခြံကျယ်ကြီးရှေ့သို့ ရောက်ရှိသွားသည်။

Vampire and his blood bag (Completed)Where stories live. Discover now