ကျော်ဖြတ်ခြင်း(၂၀)

534 71 8
                                    

အိပ်မောကျနေရာမှ နိုးထနေပြီဖြစ်တဲ့ Gunမှာ မိမိပတ်ပတ်လည်က သူတို့ကိုကြည့်ပြီး မိမိအခြေအနေကို မှတ်မိအောင် ပြန်စဉ်းစားနေရသည်။

နောက်ဆုံးမှတ်မိတာက သူ့အိမ်တွင် နှစ်ခြိုက်စွာ အိပ်ပျော်သွားသည်ကိုသာ မှတ်မိလိုက်သည်။

ဘယ်လိုကြောင့် တောင်ပိုင်းအဖွဲ့အစည်းရဲ့လက်တွင်း မိမိကျရောက်နေတာလဲဟု တွေးမိနေသေးသည်။ ဒါ့အပြင် တခါမှ မမြင်ဖူးသည့် မျက်နှာစိမ်းတွေကိုလည်း မိမိအနားတွင် များစွာ တွေ့လိုက်ရသည်။

"အာ ကောင်လေး သတိရလာပြီလား"

ဖော်ရွေဟန်ဆောင်ထားသည့် မျက်နှာဖြင့် လူကြီးတစ်ယောက်က မိမိကို မေးလေသည်မို့ သတိကြီးကြီး ထားကာ ခေါင်းညိတ်ပြလိုက်မိသည်။

" Gun.. ဘယ်ရောက်နေတာလဲ"

Gun ခေါင်းအထက်နား ပျံဝဲနေသည့် ကျောက်စီထား၏ မူလအရွယ်အစားကိုလည်း တွေ့လိုက်ရသည်မို့ အန္တရာယ်တောထဲ ရောက်နေကြောင်း အလိုလို သိရှိနေလေသည်။

"မင်း အများကြီး တွေးမနေနဲ့အုံး ရေသောက်မလား... My Lady ကိုယ့်ကို ကလေးအတွက် ရေလေးတစ်ခွက်လောက်"

"ဟုတ်ကဲ့ပါ သခင်"

"ဦးလေးကြီး??? ခင်ဗျား ခင်ဗျားက ဘယ်လိုလုပ် ဒီနေရာကို ရောက်နေတာလဲ"

အခုမှပင် မြင်လိုက်ရတာက Gunဆီက သွေးအိတ်တွေအမြောက်အမြား ယူမယ်လို့ ပြောခဲ့သည့် ငွေရွှင်သည့် ဗန်ဗိုင်းယားဦးဦး Glove က အခုတော့ Gunကို ဖမ်းခဲ့သည့် အဖွဲ့နှင့် တစ်ဖွဲ့တည်း ဖြစ်နေလေတော့သည်။

"အာာာ မထင်မှတ်ဘဲ ကလေးက ကိုယ်ရှာဖွေနေတဲ့ ဓါးလေးရဲ့ ပိုင်ရှင် ဖြစ်နေတာလေ... ကလေးကို မတက်သာလို့ ခေါ်ခဲ့ရတာပါ... မဟုတ်ရင် ကိုယ်တို့က မိတ်ဆွေကောင်းတွေ ဖြစ်နိုင်ပါတယ်"

Gunနားတွင် ဝဲပျံနေသည့် ဓါးလေးကို လက်ညှိုးထိုးကာ ပုခုံးတွန့်ပြရင်း သူ၏မူပိုင်အပြုံးဖြင့် Gunကို ရယ်ပြနေသေးသည်။

"သခင် လုပ်တော့မလား"

"ဖြည်းဖြည်းပေါ့ My Ladyရယ်"

"မင်းတို့ဘာအကြံအစည်တွေ ရှိနေတာလဲ Glove၊ လက်တလုံးကြား လုပ်မယ်တော့ မကြံနဲ့နော်... Dimအကြောင်း ကောင်းကောင်း သိသွားစေရမယ်"

Vampire and his blood bag (Completed)Where stories live. Discover now