အပေးအယူ(၁၃)

632 88 10
                                    

အဝတ်ဗီရိုက ပွင့်လျက်သား၊ ခပ်လှမ်းလှမ်းတွင်တော့ နဖူးကွဲသွားသည့် Gunက အခန်းထောင့်တွင် လဲကျနေလေသည်။ အင်္ကျီဝတ်လက်စက တဝက်တပျက်မို့ လည်တိုင် ညှက်ရိုးနှင့် ရင်ဘက်ဖွေးဖွေးတို့က အလှူကြီးပေးသလို ပေါ်နေလေသည်။ Gunနှင့် ဆန့်ကျင်ဘက် မျက်နှာချင်းဆိုင်တွင် ပြတင်းပေါက်မှ ဝင်လာကြသည့် ဗန်ဗိုင်းယား(၃)ဦး ရှိလေသည်။ ကျန်သည့် သူတို့မှာ ခြံဝင်းထဲ အိမ်ထဲတွင် နေရာအနှံ့ တစ်ခုခုကို လိုက်ရှာနေဟန်တူပြီး တစ်ယောက်နှင့်တစ်ယောက် လှမ်းအော်ကာ 'မတွေ့ကြောင်း' သတင်းပို့နေကြသည်။

ထိုအကြောင်းရာတို့ထက် ထူးဆန်းသည်မှာ ရဲရဲတောက် မျက်လုံးအသွင်ရှိသူတို့၏ ထူးဆန်းလှစွာသော အကြည့်က သတိလစ်လဲကျနေသည့်Gunရှေ့တွင် မားမားမတ်မတ် ရပ်တန့်ကာ လေထဲပျံဝဲနေသည့် ကျောက်စီဓါးတစ်ချောင်းဆီတွင် ရှိလေသည်။

Offတွေးထင်ပြီးသားပေမဲ့ ယခုကဲ့သို့ မျက်ဝါးထင်ထင် မြင်လိုက်ရသောအခါ မထူးဆန်းတော့ဘဲ စိတ်ချသလို ဖြစ်သွားကာ ဗန်ဗိုင်းယား(၃)ယောက်ရှေ့သို့ ရဲဝံ့သော ခြေလှမ်းတို့ဖြင့် လှမ်းသွားလေတော့သည်။

"အရှေ့က ဖယ်စမ်း"

"ငါက ဘာလို့လဲ"

ပြောအပြီး လောင်းကုတ်ရှည်ကို ဖျပ်ကနဲ လှန်လိုက်ကာ ခုတင်စောင်းတွင် ဝင်ထိုင်လိုက်သည်။

"မင်း မင်း.... ဆရာ ဒီကောင်က မိုက်ရိုင်းလိုက်တာ"

"ဝှီး.......ဝုန်း ဒုန်းးးး!!!"

"အ!!!!"

မိုင်းရိုင်းသည်ဟု အသံကျယ်လောင်လှစွာဖြင့် ပြောနေသည့် ဗန်ဗိုင်းယားကောင်သည် လေးတိုးသံအကျယ်ကြီးကို ကြားလိုက်ရပြီး နံရံနှင့် အရှိန်ပြင်းပြင်း တိုက်မိသံထွက်ပေါ်လာပြီးနောက် လည်ကျိုးပြီး ခေါင်းပြောင်းပြန်ဖြစ်ကာ အသက်ပျောက်သွားတော့သည်။

"မင်း!!!! ဘယ်သူလဲ"

"မြောက်ပိုင်းထိ ရောက်လာပြီးမှ ငါဘယ်သူလဲ မေးနေရသေးလား"

"ဒါဆို မင်းက မြောက်ပိုင်းသခင်ကြီးOffဆိုတဲ့ ကောင်လေးလား"

"ဟက်!!! ကောင်လေး... မင်းနဲ့ဆိုရင်တော့ ကောင်လေးပေါ့၊ ထားပါ လာရင်းကိစ္စပဲ ပြောကြတာပေါ့"

Vampire and his blood bag (Completed)Where stories live. Discover now