"ခိုးဂျောင်ခိုးဝှက်နဲ့ မနေနဲ့လေ "
ဝုန်း!!!
ပြတင်းပေါက်တံခါးတို့ ပွင့်ထွက်သွားကာ Offအိမ်အပြင်ကို ခုန်ထွက်လိုက်ပြီး ပြတင်းတံခါးတို့ကိုလည်း ပိတ်ဖို့မမေ့။
ခြံထဲရှိ မြေပြင်ပေါ်တွင် မားမားမတ်မတ် ရပ်နေပြီး လက်နှစ်ဖက်ကို နောက်သို့ပစ်ထားကာ အသားရောင် လောင်းကုတ်ရှည်တို့က လေထဲတွင် တလွင့်လွင့်ဖြင့် ကြည့်ကောင်းနေသည်။
ပုံမှန်ဝတ်ဆင်နေကြဖြစ်သည့် ဝတ်ရုံရှည်အမဲနှင့်လည်း ချောမောမှု အပြည့်ဖြစ်နေမည့်မျက်နှာကို ငေးရင်း လွန်ခဲ့တဲ့ နှစ်(၃၀၀)လောက်က တစ်ကြိမ်မြင်ဖူးထားတဲ့ မျက်နှာကို ယခုလက်ရှိ မြင်တွေ့နေရသည့် မျက်နှာဖြင့် Gloveမှာ ပုံဖော်နေလေသည်။
"ခင်ဗျား ဘာမှ မပြောင်းလဲသွားဘူးနော်"
လိင်တူ လိင်ကွဲ အလှကလေးတွေ မှန်သမျှ သဘောကျတက်သည့် Gloveမှာ လွန်ခဲ့သည့်ရက်က တွေ့ကာ သဘောကျမိသည့် လက်တလောတွင် မိမိရှေ့ကသူရဲ့ ပိုင်ဆိုင်မှုအဖြစ် ရှိနေသည့် လူသားငယ်ကိုပင် မေ့လျော့သွားကာ Offရဲ့ မျက်နှာချောချောကိုသာ ငေးမောနေမိတော့သည်။
"အဟမ်း သခင်Glove"
Lady guရဲ့ သတိပေးသံ ထွက်ပေါ်လာမှသာ Gloveမှာ အသိဝင်တော့သည်။
"သခင် ဘယ်လိုဖြစ်တာလဲ"
Willမှာလည်း သခင်ဖြစ်သူ Offနားကို အလင်းရဲ့အလျင်နှုန်းနဲ့ ရောက်ရှိလာပြီး ခြံထဲကို ညအချိန်မတော် ရောက်ရှိနေသည့် တောင်ပိုင်းက ဗန်ဗိုင်းယားနှစ်ကောင်နှင့် ဘယ်တော့မှ လူတောမတိုးခဲ့သည့် အမှောင်ဗန်ဗိုင်းယား အုပ်စုတို့ကိုကြည့်နေကာ မေးလိုက်သည်။
"စည်းပေါက်သွားပြီ ဖာသာတို့ကို သွားစောင့်ရှောက်ထား ငါကရတယ်"
သခင်ဖြစ်သူ၏ မျက်နှာကိုကြည့်ကာ ခေါင်းကိုညိတ်ပြရင်း လျင်မြန်သောနှုန်းနှင့်ပင် အိမ်ထဲ ဝင်ရောက်သွားလေတော့သည်။
"အိမ်ထဲ အလည်မခေါ်နိုင်တာတော့ အားနာရပါတယ်၊ လာရင်းကိစ္စလေး ပြောပါအုံး"
"ဓါးကို ငါတို့လက်အပ်"
"အိုးဟိုး အမှောင်သခင်ကြီးက စိတ်လောနေတာပဲ၊ ကျွန်တော်ပိုင်တဲ့ အရာကို တောင်းတိုင်း ထုတ်ပေးရအောင် ကျွန်တော်က ငတုံးမှ မဟုတ်ဘဲ"
YOU ARE READING
Vampire and his blood bag (Completed)
Fanfiction(Completed) Unicode & Zawgyi #OffGunfanfiction #Crd_all_cover_pic 1/6/2020~2962020 _________________________________________🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀 _________________________________________ Gun** သွေးအိတ်တွေကို မှောင်ခိုရောင်းဝယ်ရင်း ငွေရှာတေ...