အလဲအလှယ်(၂၁)

579 76 26
                                    

အေးစက်လှစွာသော ကျောက်ကုတင်ကြီးပေါ်တွင် Gunရဲ့ ခြေလက်တို့ကို သံကြိုးတို့ဖြင့် တုတ်နှောင်ထားလေသည်။ ရုန်းလေနာလေနှင့် Gun ခြေလက်တို့တွင် သွေးတို့စို့နေလေသည်။

လက်ဟန်ခြေဟန်ဖြင့် ဗန်ဗိုင်းယားတို့ကို အပြင်သို့ ထွက်နေစေလိုက်သည့် Gloveကြောင့် အခန်းထဲတွင် Glove,Lady Gu, Dimနဲ့ Gunသာ ကျန်နေလေတော့သည်။

Dimမှာလည်း အခြေအနေမဟန်ချေ။ သောက်သုံးလိုက်သည့် သွေးထဲတွင် အားအင်ကုန်ခမ်းစေသည့် အရည်တချို့ ရောစပ်ထားတာကြောင့် ခြေလက်တို့ ပျော့ခွေကာ ထိုင်ခုံတစ်ခုပေါ်တွင် ခြေပစ်လက်ပစ် ထိုင်နေရလေသည်။

"ရှူ ရှူ ရှူ"

နှာခေါင်းတို့ကို တရှုံ့ရှုံ့ လုပ်ကာ အနံ့ရှူရင်း Glove အကြီးအကျယ် အော်ရယ်မိလေတော့သည်။

"ဟား ဟား ဟား မွှေးအီနေတဲ့အနံ့"

"သခင် ဒါ ကျွန်မတို့ ဈေးထဲမှာတုန်းက ရခဲ့တဲ့ အနံ့နဲ့တူတယ်နော်"

"မမှားဘူး My Ladyရဲ့... ပြီးတော့ ကိုယ်ပြောပြမယ် လာ"

ခါးလေးကို သိမ်းဖက်ကာ အနားထိ ဆွဲကပ်ရင်း ခပ်တိုးတိုးပြောလေသည့် Gloveကြောင့် တခစ်ခစ်ရယ်ရင်း Lady Guမှာ သဘောကျနေသေးသည်။

ထိုမြင်ကွင်းတို့ကို ကြည့်ကာ Gunမှာ အော့အန်ချင်သည့် စိတ်တို့ ဖြစ်ပေါ်လာလေသည်။ ဒီလူကြီးနှစ်ယောက် အသက်ကြီးပြီး အတော်မရှက်တက်တာပဲ၊ လူရှေ့မရှောင် သူရှေ့မရှောင်နဲ့။ Gunကိုရော ဒီလို ကြိုးတုတ်ပြီး သတ်စားတော့မှာလားမသိ၊ ဟီးးးး။ စိတ်ထဲမှာ အကြီးအကျယ် ငိုကြွေးနေပေမဲ့ Gunရဲ့ အပြင်မျက်နှာ သွင်ပြင်ကတော့ ပကတိ တည်ငြိမ်နေလေသည်။

"ဘာာာာ ကုသသွေး၊ ဒါ ဒါ ဒဏ္ဏာရီလာ ကုသသွေး နှစ်(၁၀၀၀)မှ တစ်ယောက် ပေါ်ထွက်လာတက်တဲ့ သွေး၊ ဟုတ်လားသခင်"

"မှန်တာပေါ့"

"ဒါ ဒါဆို ဘာတွေစောင့်နေအုံးမှာလဲ သခင်၊ သူ့ကို မြန်မြန် သိမ်းပိုက်လိုက်တော့လေ... ပြီးရင်သာ ကျွန်မကို ကုသသွေးတစ်စက်လောက် တိုက်ဖို့ မျှော်လင့်ပါတယ်"

"ဟား ဟား ဟား ငါ့လောက် ကံကောင်းတဲ့သူ မရှိဘူးပဲ၊ ငါကံအကောင်းဆုံးပဲ"

Vampire and his blood bag (Completed)Where stories live. Discover now